ကျန်းမာ & အလှအပ

ပျားရည်နဲ့ အသားအရည်အတွက် ဘာတွေလုပ်လို့ရလဲ?

ပျားရည်ဆိုတာ ကျန်းမာရေးအတွက်သာမကပဲ အသားအရည်အတွက်လည်း အရမ်းကောင်းမွန်တယ်ဆိုတာ သိတယ်ဟုတ်။ ဒါပေမဲ့ အသားအရည်အတွက်ဆိုရင် နေ့ဘက်မှာသုံးတာထက် ညအိပ်ခါနီးသုံးတာ ပိုပြီး ကောင်းမွန်တဲ့ ရလာဒ်တွေကို ရရှိစေနိုင်ပါတယ်။ အဲ့ဒါကြောင့် ညဘက်မှာ ပျားရည်ကို ဘယ်လိုသုံးရင် ဘယ်လိုအကျိုးကျေးဇူးတွေရရှိနိုင်လဲ။

ခြောက်သွေ့နေတဲ့ နှုတ်ခမ်းအတွက်ဆိုရင်…
ပျားရည်ကို ခြောက်သွေ့နေတဲ့ နှုတ်ခမ်းပေါ်မှာ သုတ်လိမ်းပြီး ညအိပ်ရာဝင်ပေးပါက မနက်အိပ်ရာနိုးတဲ့အချိန်ဆိုရင် နူးညံ့ပြီး ချောမွေ့တဲ့ နှုတ်ခမ်းသားလေးကို ပိုင်ဆိုင်နိုင်မှာပါ။

ဝက်ခြံအတွက်ဆိုရင်
ဝက်ခြံထွက်နေတဲ့နေရာတဝိုက်ကို ပျားရည်သုတ်လိမ်းပြီး ပတ်တီးစလေး သို့မဟုတ် အဝတ်သန့်သန့်လေးနဲ့ ဖုံးပြီး တစ်ညလုံးထားလိုက်ပါ။ မနက်အိပ်ရာနိုးတာနဲ့ ရေဖြင့်ဆေးကြောပေးလိုက်ပါ။

ဆံပင်အဖျားနှစ်ခွဖြစ်ခြင်းအတွက်ဆိုရင်
ပျားရည်နဲ့ သံလွင်ဆီရောပြီး အဖျားနှစ်ခွဖြစ်နေတဲ့ ဆံပင်ပေါ်မှာလိမ်းပေးခြင်းဖြင့်လည်း ဆံသားနှစ်ခွများဖြစ်တာကို ပျောက်ကင်းစေပါတယ်။

Glowing skin လေးရရှိဖို့အတွက်ဆိုရင်
ပျားရည်တစ်ဆ Aloe Vera ၂ ဆရောပြီး အိပ်ရာမဝင်ခင် မျက်နှာပေါ်မှာ လိမ်းထားပြီး တစ်ညလုံးထားလိုက်ပါက မနက်မိုးလင်းတဲ့အချိန်မှာ မျက်နှာလေးကို glow ဖြစ်စေမှာပါ။

အမာရွတ်အတွက်ဆိုရင်
အမာရွတ်ပေါ်မှာ ပျားရည်စစ်စစ်ကိုလိမ်းပြီး တစ်ညလုံးထားလိုက်ပါက တဖြည်းဖြည်း အမာရွတ်တွေသက်သာလာစေမှာပါ။