ဆေးစာ

Chocolate ball အလွယ်ဆုံးပြုလုပ်နည်း

ကလေးရော လူကြီးရောကြိုက်တဲ့ ဒီ chocolate ball လေးကို အိမ်မှာပဲ လွယ်လွယ်ကူကူပြုလုပ်ကြမယ်လေ။ပါဝင်ပစ္စည်းကလည်း ၄ မျိုးတည်းမို့လို့ အရမ်းလွယ်ကူပါတယ်။

ပါဝင်ပစ္စည်
ဘီစကစ် – 200 g
နို့ဆီ – 400 g
Cocoa powder – စားပွဲတင်ဇွန်း ၃ ဇွန်း
အုန်းသီးမှုန့် အနည်းငယ်
တို့ပဲ လိုအပ်ပါတယ်။

ပြုလုပ်နည်း
ဘီစကစ်၊ နို့ဆီနဲ့ Cocoa Powder အားလုံးကို Blander နဲ့ တစ်ခါတည်းရောမွှေလိုက်ပါ။
အနှစ်လေးဖြစ်သွားပြီဆိုရင် ဇွန်းလေးနဲ့ ယူပြီး အလုံးလေးတွေလုပ်ပေးပါ။
လုံးထားတဲ့အလုံးလေးကို အုန်းသီးမှုန့်လေးတွေကပ်ပေးလိုက်ပါ။
ဒါဆိုရင်တော့ ကလေးရောလူကြီးရောကြိုက်တဲ့ ချောကလက်အလုံလေးတွေရပါပြီ။

တကယ်လို့ ချောကလက်မကြိုက်လို့ Milo နဲ့ လုပ်မယ်ဆိုရင်လည်း ရပါတယ်။

Stay at Home မှာ မုန့်လေးတွေလုပ်စားရင်း ကျန်းမာပျော်ရွှင်ကြပါစေ။