ဗဟုသုတ

သွေးအားကောင်း အောင် မဖြစ်မနေစားပေးသင့်တဲ့ အစားအစာ (၅) မျိုး

သွေးအားကောင်းခြင်းဟာလည်း အလှအပတစ်မျိုးပါပဲ ။

ဖြူဖတ်ဖြူရော် ဖြစ်နေတဲ့ မျက်နှာသွင်ပြင်ဟာ ကိုယ့်ကိုကိုယ်ယုံကြည်မှုကို ကျဆင်းစေရုံသာမက ၊ စိတ်ပိုင်းဆိုင်ရာ မူမမှန်ခြင်းမျိုးအထိ ဖြစ်စေနိုင်ပါတယ် ။

လူတစ်ယောက်မှာ ပုံမှန် သွေး ၄.၅ လီတာ ကနေ ၅.၅ လီတာ အထိ ရှိပါတယ်။အသက် ၅ နှစ် ၆ နှစ် မှာ လူကြီးတစ်ယောက် ရဲ့ သွေးပမာဏ အတိုင်းစပြီး ကလေးတွေ မှာ ရှိတတ်ပါတယ်။ကလေး ဘဝမှာ သွေးအားမပြည့်ဝရင် နောက်ဆက်တွဲ ရောဂါလက္ခာတွေ ဝင်ရောက်နိုင်လို့ သွေးအားပြည့်ခြင်းဟာ လည်း ကျန်းမာရေးအတွက် လာဘ်ကြီးတစ်ပါးပါပဲ။သွေးလှူ ခြင်းဆိုတဲ့ မွန်မြတ်တဲ့ အလှူ ဒါနအတွက် လည်း သွေးအားကောင်းနေဖို့လိုအပ်ပါတယ် ။လူတစ်ယောက် မှာ သွေးလှူမယ်ဆို မိမိ ကိုယ်တွင်းက သွေး လီတာဝက်ကို ရက် ၁၂၀ လျှင် တစ်ကြိမ် လှူဒါန်းလို့ ရနိုင်ပါတယ် ခင်ဗျ ။

ဒါဆို…

သွေးအားကောင်းအောင် ဘယ်လို အစားအစာတွေ စားကြမလဲ ?

(၁) အသား 
အသားတွေ ထဲ မှာ သွေးအားအတွက် အကောင်းဆုံးက အမဲသားပါ ။ အခြားအသားတွေကလည်း ထိုက်သင့်သလောက် သွေးအားအတွက် အထောက် အကူပေးပါတယ် ။

(၂) ပဲ
ပဲတွေထဲ မှာတော့ ပဲပိစပ်က ကျန်းမာရေး အရရော ၊ သွေးအားကောင်းဖို့ပါ အကောင်းဆုံးပဲ ဖြစ်ပါတယ်။

(၃) နို့
ပရိုတင်း အသားပေး အစားအစာ ဖြစ်တဲ့ နို့ဟာ သွေးလှူ ပြီးချိန်မှာ သောက်သုံးသင့်ဆုံး အာဟာရဖြစ်လို့ သွေးအားကောင်းအောင် ပြုလုပ်ပေးနိုင်တဲ့ အကောင်းဆုံးအစားအသောက်ပါ ။

(၄) ဟင်းသီးဟင်းရွက်
ဟင်းနုနွယ်ကို သွေးအားကောင်း အစိမ်းရောင်လို့ အာရှတစ်ဝိုက်မှာ ခေါ်ကြပါတယ် ။ ဟင်းနုနွယ်မှာ သွေးဖြူဥအတွက် အကောင်းဆုံးအထောက်အပံ့ပေးနိုင်တဲ့ အင်ဇိုင်းတစ်မျိုးပါဝင်လို့ သူသည်လည်း သွေးအားအတွက် ဓာတ်စာပါပဲ ။

(၅) ကြက်သွန်ဖြူ
ကြက်သွန်ဖြူကို ဟင်းတွေ ချက်ရာနဲ့ အစိမ်း အတိုင်း လည်း စားသုံးကြတတ်ပါတယ် ။ အရင်ခေတ်တည်းက ကြက်သွန်ဖြူကို သွေးအားကောင်းစေတဲ့ ဆေးတွေ ဖော်စပ်ရာမှာ အသုံးပြုပါတယ် ။ ကြက်သွန်ဖြူရဲ့ အဓိက လုပ်ဆောင်ပေးတဲ့ အရာက တော့ သွေးလည်ပတ်မှုကို ကောင်းစေတာပါ ။ သွေးကြောကျဉ်းတာ ၊ ပိတ်တာတွေကို လည်း ချေဖျက်ပေးနိုင်တဲ့ ဓာတ်ပါဝင်တာမျိုး သွေးအားကောင်းဖို့ အတွက်ဆိုလည်း မရှိမဖြစ်ကြက်သွန်ဖြူ က အပါအဝင်ပါပဲ ။

ဒီတော့ Stay Home မှာ ကျန်းမာအောင် သွေးအားကောင်းအောင် နေရင်း ကပ်ဆိုးကြီးကို ကျော်လွှားလိုက်ရအောင် ။