ဒီတစ်ခါဝေမျှပေးချင်တဲ့ အကြောင်းအရာကတော့ social media မှာ follow လုပ်ထားသင့်တဲ့ ပြည်တွင်း Beauty Blogger ၅ ယောက် အကြောင်းပဲ ဖြစ်ပါတယ်။ဒီနေ့ခေတ်မှာ Beauty Blogger တွေများလာတာနဲ့အမျှ သူတို့ရဲ့ ပရိတ်သတ်တွေကလည်း ဒုနဲ့ဒေးပါ။
Cosmetics တွေနဲ့ပတ်သတ်တဲ့ ဗဟုသုတတွေကို sharing လုပ်ပေးကြတာကြောင့် မိန်းကလေး ပရိတ်သတ်အများစုကို ပိုင်ဆိုင်ထားကြပါတယ်။ ဒါဆိုရင်တော့ ဘယ် Beauty Blogger တွေကိုတော့ လက်မလွှတ်တမ်းစောင့်ကြည့်နေသင့်လဲဆိုတာ ဆက်ကြည့်ပေးကြပါဦးနော်။
၁. Beautybynaychi
မြန်မာပြည်ရဲ့ ထိပ်တန်း Beauty Blogger တစ်ယောက်ဖြစ်တဲ့ နေခြည်ဦးကတော့ မသိသူမရှိသလောက်ပါပဲ။ သူမရဲ့ Facebook account မှာတော့ follower 1.3 M ကျော်ရှိပြီးတော့ သူမရဲ့ page ဖြစ်တဲ့ Beautybynaychi page မှာတော့ follower 1.1 M ကျော်ရှိပါတယ်။ သူမညွှန်းတဲ့ cosmetics ပစ္စည်းတွေက အရည်အသွေးကောင်းတာကြောင့် လူစိတ်ဝင်စားမှု ခံရတဲ့အပြင် သူမညွှန်းလိုက်တာနဲ့ ကုန်ပစ္စည်းရောင်းအားကလည်း မြင့်တက်သွားလေ့ရှိပါတယ်။ အလှအပကို စိတ်ဝင်စားတဲ့ မိန်းကလေးတိုင်းကတော့ သူမ review ပေးတဲ့ cosmetics တွေကို ယုံယုံကြည်ကြည်နဲ့ သုံးကြပါတယ်။
၂. ဝင်းမင်းသန်း (Yangon In My Heart)
ဝင်းမင်းသန်းလို့ ပြောလိုက်တာနဲ့ ဂလိုးနေရှင်းဆိုတဲ့ စကားကိုပါ တွဲပြီး မှတ်မိကြမှာပါ။ သူမရဲ့ Skincar နဲ့ပတ်သတ်တဲ့ video တွေ ပို့စ်တွေမှာ တွေမှာ သူမသုံးနေကျ ဂလိုးနေးရှင်းဆိုတဲ့ စကားနဲ့တွဲပြီးတော့ သူမကို သိကြပါတယ်။ သူမကတော့ အသားအရည်ကို ကြည်လင်ပြီး glow အောင် Skincare တွေ လုပ်ရတဲ့ ကြိုက်တဲ့ Blogger မမ တစ်ယောက်ပါ။ သူမရဲ့ skincare routine advice တွေကို လူကြိုက်များကြပါတယ်။ Fashion ပိုင်းမှာလည်း အထာကျတဲ့ Beauty Blogger ဝင်းမင်းသန်းရဲ့ page လေးကတော့ Yangon In My Heart ဖြစ်ပြီးတော့ follower 547k ရှိပါတယ်။
၃.Phyopapa Blogs
မိန်းကလေးတွေရဲ့ စောင့်ကြည့်အားပေးမှုကိုခံရတဲ့ နောက်ထပ် Blogger တစ်ယောက်ကတော့ Beauty Blogger ဖြိုးပပပါ။ မိတ်ကပ်လိမ်းပြတာနဲ့ cosmetics review ကို အဓိကလုပ်ပါတယ်။ သူမလိမ်းခြယ်ပြတဲ့ make up looks တွေက လွယ်ကူပြီး ပေါ့ပေါ့ပါးပါး လိုက်လိမ်းခြယ်လို့ရတာကြောင့် သူမကိုလည်း မိန်းကလေးတွေ အားပေးမှုကို ရရှိထားတဲ့ Beauty Blogger တစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမက Make up လိမ်းခြယ်ပြတာအပြင်ကို outfit လေးတွေကို ဘယ်လိုဝတ်ရမလဲဆိုတာကိုပါ Video လေးတွေနဲ့ တင်ဆက်လေ့ရှိတဲ့ Fashion Blogger တစ်ဖြစ်လဲ လုပ်ပါသေးတယ်။ အလှအပနဲ့ fashion ပိုင်းကို စိတ်ဝင်စားရင်တော့ follow လုပ်ထားသင့်တဲ့ Blogger တစ်ယောက်ပါ။ သူမရဲ့ page follower ကတော့ 323k ကျော်ရှိပါတယ်။
၄. . Phyodaybyday
Phyodaybyday ကလည်း မိန်းကလေးတိုင်း စောင့်ကြည့်သင့်တဲ့ Beauty Blogger တစ်ယောက်ပဲလို့ပြောရင် သူမရဲ့ skincare နဲ့ပတ်သတ်တဲ့ ဝေမျှချက်တွေက တော်တော်လေး ကောင်းမွန်ပါတယ်။ skincare product ကောင်းတွေနဲ့ မိတ်ဆက်ပေးတတ်ပြီးတော့ fashion အကြောင်းတွေကိုလည်း အခါသင့်သလို ဝေမျှပေးတတ်ပါတယ်။ ပြီးတော့ သူမက မိန်းကလေးတိုင်းသိထားသင့်တဲ့ အကြောင်းအရာ ဗဟုသုတတွေကိုပါ sharing လုပ်ပေးနေတဲ့ Blogger တစ်ယောက်ပါ။ သူမရဲ့ Phyodaybyday ဆိုတဲ့ page လေးမှာတော့ follower ပေါင်း 323k တောင် ရှိပါတယ်။
၅.Beauty By Teddy
Teddy ကတော့ မြန်မာပြည်က Beauty Blogger တွေထဲမှာ အငယ်ဆုံး Blogger တစ်ယောက်ပါ။ ငယ်ငယ်ရွယ်ရွယ်နဲ့ တော်တာကြောင့် သူ့ကိုအားပေးကြသူတွေလည်း များပါတယ်။ ဒီလိုချစ်စရာကောင်းတဲ့ Teddy ဆိုတဲ့ Beauty Blogger ကောင်လေးရဲ့ page မှာကတော့ follower 180k ကျော်ရှိပါတယ်။ သူ့ရဲ့ skincare လုပ်တာတွေနဲ့ make up looks တွေက တော်တော်လေး မိုက်တာကြောင့် Teddy ကလည်း နာမည်ကြီး Blogger တစ်ယောက်ဖြစ်လာပါတယ်။ Teddy က ငယ်ငယ်ရွယ်ရွယ်လေးနဲ့ confident ရှိတာကြောင့်လည်း အခုနောက်ပိုင်းမှာ တော်တော်လေး လူစိတ်ဝင်စားခံရတဲ့ Blogger တစ်ယောက်ပါ။
ဒီဆောင်းပါးလေးမှာ Follow လုပ်ထားသင့်တဲ့ မြန်မာပြည်က Beauty Blogger ၅ ယောက် အကြောင်းကို တင်ဆက်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ ယူတို့ရော ဘယ် Beauty Blogger တွေကို follow လုပ်ထားပြီးပြီလဲ။