ကျန်းမာ & အလှအပ

အလှူမင်္ဂလာပွဲတွေ အတွက် Makeup Artist ရွေးချယ်တော့မယ်ဆိုရင်

ချစ်တို့ရေ…

အခုဆိုရင် ဝါလဲကျွတ်ပြီဆိုတော့ မင်္ဂလာလက်မှတ်တွေရေးထိုးကြမယ်။ မင်္ဂလာဆွမ်းတွေကျွေးကြမယ်။ လူအများကြီး စုပြီးပွဲတွေပြုလုပ်လို့မရသေးပေမယ့် ပြုလုပ်ကြရမယ့် ပွဲအခမ်းအနားလေးတွေမှာ အလှနတ်သမီးလေးတစ်ပါးလို ကြွရွနေအောင်လို့ ပြင်ဆင်ပေးမယ့် မိတ်ကပ် Artist တွေကလည်း အထူးကိုအရေးတကြီးလိုအပ်ပါတယ်နော်။

ဒီထဲမှာမှ ဈေးနှုန်းအနေနဲ့ကြည့်ရင်လည်း အထူးသင့်တော်ရမယ်။ ဆက်ဆံရေးအထူးကောင်းမွန်ပြီးတော့ ကိုယ့်ရဲ့မျက်နှာလေးကို နတ်သမီးလေးလို ပြင်ဆင်ပေးနိုင်မယ့် အလှဖန်တီးရှင်လေးတွေကိုရော မသိချင်ဘူးလား။ အလှအပကို ဝါသနာမပါဘူးဆိုရင်တောင် ဒါလေးတွေကတော့ သိထားသင့်တယ်နော်

၁။ SUE Make_ Up &HAIR
ဆယ်ဆယ်ဆူးလို့ အများကသိထားတဲ့ အလှဖန်တီးရှင်တစ်ယောက်ပါ ။ Bad Review မရှိသလောက်ကို ရှားပြီးတော့ ဈေးနှုန်းအနေနဲ့ကလည်းအထူးသင့်တင့်ပါတယ်။
https://www.facebook.com/SUE-Make_-Up-HAIR-1860084407603528

၂။ Make Up Yu Mon
အပြောလေးချိုသလောက်မျက်နှာလေးကလှတဲ့ မိတ်ကပ်အလှပညာရှင်လေးရဲ့နာမည်ကတော့ ယုမွန်ပါ။ ဆက်ဆံရေးကဘယ်လောက်ထိအောင်ပြေပြစ်သလဲဆိုရင် ဒီလို ကာလမှာ ပွဲတွေပျက်သွားလို့ အလှမပြင်ဖြစ်တော့ရင်တောင် စာရန်ငွေတွေကိုတောင်ပြန်လွှဲပေးပါတယ်။ review လေးတွေကိုလည်းအမိုက်စားလေးတွေမို့ Page လေးထဲကိုသာ ဝင်ကြည့်ပြီးဆက်သွယ်လိုက်တော့နော်
https://www.facebook.com/Makeup-Yu-Mon-284883365524461

၃။နောက်တစ်ယောက်ကတော့ Make up Pinky Aung ပါ
အလှူမင်္ဂလာ ဧည့်ခံပွဲတွေမှာ အလှဆုံးတွေဖြစ်ဖို့အတွက်ဆိုရင်တော့ သူလေးကိုလည်း ဆက်သွယ်ကြည့်လိုက်ပါနော်။ Page Link လေးလဲပေးထားလို့ ဝင်စပ်စုကြည့်လိုက်ပါအုန်း အလှလေးတို့ရေ
https://www.facebook.com/makeup.pinkyaung

၄။ Vivian Aung
လူများကြားထင်းကနဲ လင်းကနဲ ဖြစ်နေအောင် ပြင်ဆင်တတ်တဲ့ သူလေးရဲ့ Link လေးကတော့ ဒီမှာပါ။မင်္ဂလာဦးဆွမ်းကပ်အလှူ ၊အိမ်တက်အလှူတွေပြုလုပ်တော့မယ်ဆိုရင် အလှအပရေးရာပိုင်းအတွက် သူလေးက တာဝန်ယူပေးလိမ့်မယ်နော်။ပြိုင်ပွဲတွေမှာလည်း ဆုရဖူးတယ်တဲ့နော်။
https://www.facebook.com/profile.php?id=100011566262211

၅။ နောက်ဆုံးအချောအလှလေးတစ်ယောက်ကတော့
Make up Aye Chan May Stylist ပါ။

သူလေးကတော့ Studio မှာရိုက်ကူးတဲ့ မိတ်ကပ်ပုံစံမျိုးကိုအများဆုံးပြင်ဆင်လေးရှိပြီးတော့ ကိုရီးယားမလေးတွေလို look မျိုးတွေကိုလည်း တော်တော်လေးကို ပိုင်ပိုင်နိုင်နိုင်ရှိလွန်းပါတယ်။ အလှမပြင်ရသေးဘူး မိတ်ကပ်ဆရာမလေးရဲ့မျက်နှာကိုထိုင်ကြည့်နေတာနဲ့တင် စိတ်တွေချမ်းသာလွန်းတယ်ဆိုတဲ့ အချက်လေးတွေကိုလည်း ပိုင်ဆိုင်ထားသူလေးပေ့ါ
https://www.facebook.com/ayechan.may.4

ကဲ…ဒီလောက်ဆိုရင်တော့ အလှပြင်ဆင်ဖို့အတွက် ဘယ်လိုအလှဖန်တီးရှင်တွေကို ရွေးချယ်မလဲဆိုပြီးခေါင်းစားနေတာလေးကို နဲနဲတော့ပျောက်သွားမယ်လို့ထင်ပါတယ်နော်။
နောက်ထပ်လတွေမှာလည်း ဆက်လက်ပြီးဖော်ပြပေးသွားအုန်းမှာဆိုတော့ yathar Magazine တွေကို အမြဲအပြတ်စောင့်ကြည့်နေဖို့တော့လိုမယ်နော် အချောလေးတို့ရေ…