တစ်နေ့လာလည်း အလုပ်တွေ၊ နောက်တစ်နေ့လည်း stress တွေနဲ့ ပိနေတဲ့ workaholic အချော လေးတို့အတွက် ရန်ကုန်မြို့ရဲ့ Spa သွားလို့ကောင်းတဲ့ နေရာတစ်ချို့ကို ပြောပြချင်တယ်။ ဘယ် spa က အကောင်းဆုံးလို့ rating လုပ်ထားတာမဟုတ်ဘဲ သွားမိလို့ ကြိုက်မိတဲ့ Spa လေးတွေကို ညွှန်းလိုက်ပါတယ်နော်။
- ORO Beauty & Spa Lounge
နေရာလေးက အေးအေးချမ်းချမ်းလေးနဲ့ မိသားစုလိုက်၊ သူငယ်ချင်းတွေစုပြီး သွားရင်အဆင်ပြေတယ်။ service ပေးတာလည်း အဆင်ပြေ၊ နှုန်းထားလည်း မဆိုးဘူး။ ကြိုက်မိတာက Aromatherapy Oil Massage လေး။ လုပ်ပြီးတာနဲ့ သိသိသာသာကိုထူးတယ်။ ဒါလေးကိုတော့ must try ပါလို့။ - Spa Flamingo
Cuccio body treatment လေး မဆိုးဘူး။ တစ်ခါဆို ဆိုသလောက် အသားအရည်ကြည်လာပါတယ်။ သူတို့ဆိုင်မှာ နောက်နာမည်ကြီးတာက Austrian Red Wine Spa လို့တော့ပြောတယ်။ နောက်တစ်ခေါက်သွားမှပဲ try ကြည့်ဦးမယ်။ - SENSE Spa
Traditional သီးသန့်မျိုးလေးရှာနေရင်၊ Pro ကျတဲ့ ရိုးရာအနှိပ်သီးသန့်နဲ့ Stress ပြေပျောက်ဖို့ ဒီ ထိုင်းရိုးရာအနှိပ်သီးသန့်လေးကို ညွှန်းချင်ပါတယ်။ - Sweet By Tokyo – Spa & Beauty Care
သူက Japanese Luxury spa လေး။ တောအုပ်လေးထဲမှာ relax လုပ်နေရသလိုခံစားမိတဲ့ ဖီလင်လေးကို အရမ်းကြိုက်။ သူကတော့ အမျိုးသမီးသီးသန့်ဆိုင်လေးပါ။ - Clean & Detox SPA
Back shoulder က ဝက်ခြံကြီးတွေ သူနဲ့မှ ပျောက်သွားတာ။ Surcb, peeling, waxing အစုံ ရတယ်။ အသားအရည်ကြည်ကြည်လေးဖြစ်ချင်ရင်တော့ ဒီ Clean & Detox SPA ကိုလည်း မမေ့သင့်ဘူးလားလို့လေ။