ဆေးစာ

ဖက်ထုပ်ကို အလွယ်ဆုံးနည်းနဲ့ လုပ်စားကြမယ်

ဖက်ထုပ်ကြိုက်တဲ့သူလေးတွေအတွက် ဖက်ထုပ်ကို အကောင်းဆုံးနဲ့ အလွယ်ကူဆုံး လုပ်စားလို့ရနိုင်တဲ့ နည်းလမ်းလေးရှိတယ်။ ပါဝင်ပစ္စည်းတွေကလည်း ဝယ်ရလွယ်ကူတော့ အဆင်ြပေတယ်။

ဒီလောက်တောင် လွယ်ကူတဲ့ ဖက်ထုပ်လုပ်နည်းလေးမှာ ဘာတွေ ပါမလဲ

ပန်းကန်လုံးတစ်လုံးထဲမှာ ဝက်သား၊ ဂေါ်ဖီ၊ ကြက်သွန်မြိတ်၊ Hoisin sauce၊ နှမ်းဆီ၊ ဂျင်း၊ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ကိုရောနယ်ထားပါ။
ပြီးရင် ဖက်ထုပ်ထုပ်မယ့် အရွက်လေးထဲကို အသားလေးတွေကို ဇွန်းလေးနဲ့ ထည့်ပေးပါ။ ပြီးရင် ရေကိုသုံးပြီး ဖက်ထုပ်ထိပ်လေးကို ကပ်လိုက်ပါ။ ပြီးရင်တော့ စတီးဗန်းတစ်ခုထဲကို ဖက်ထုပ်အားလုံးကိုထည့်လိုက်ပါ။ ပြီးရင် ဟင်းသီးဟင်းရွက်ဆီကိုသုံးပြီး medium heat နဲ့အပူပေးပါ။

ဖက်ထုပ်ရဲ့ အောက်ခြေလေး အညိုရောင်သမ်းတဲ့အထိ ၂ မိနစ်ခန့်ထားပေးပါ။ ပြီးလျှင်ရေကိုနည်းနည်းလေးထည့်ပြီး ဖက်ထုပ်များကို ၄ မိနစ်ခန့် အပူထပ်ပေးပါ။ ပြီးလျှင် ရေခမ်းအောင် ထားပြီး ဖက်ထုပ်အောက်ခြေလေး အနည်းငယ် ကြွပ်ရွဖို့အတွက် အချိန် အနည်းငယ်ထပ်ပေးပါ။

အားလုံးပြီးရင်တော့ ပဲငံပြာရည်ထဲကို ကြက်သွန်မြိတ်လေးထည့်ပြီး ဖက်ထုပ်လေးနဲ့ တွဲဖက်စားသုံးနိုင်ပါပြီ။