ကျန်းမာ & အလှအပ

Nail Artအကောင်းဆုံးဆိုင်များ

လက်ချောင်းလေးတွေရဲ့လှပမှုကလည်း ချစ်တို့ရဲ့ဘဝမှာ လှပမှုရဲ့တစ်စိတ်တစ်ပိုင်းပဲဆိုတာ သေချာတယ်ဟုတ်… လက်သည်းလေးကျိုးသွားရင်တောင် ကိုယ်တွေမှာ ရင့်နင့်မတတ်ခံစားကြတာလေ…ဒီလိုလေးတွေ တန်ဖိုးထားပြီးချစ်ခင်ရတဲ့ လက်သည်းလှလှလေးတွေကို ဘယ်လိုဆိုင်လေးတွေမှာ အလှဆင်ကြမလဲ… ဘယ်ဆိုင်လေးတွေကတော့ အကောင်းဆုံး အလှဆင်မှုလေးတွေဖြစ်မလဲဆိုတာကို ကြည့်လိုက်ကြရအောင်နော်

၁။ Magic Beauty Salon & Nail Art
မြောက်ဥက္ကလာက အလှကလေးတို့အတွက် ညွှန်းပေးချင်တာကတော့ ဒီဆိုင်လေးပါ။စိတ်လဲအတော်လေးကို ရှည်ပြီးတော့ ချစ်တို့ရဲ့ လက်သည်းလှလှလေးတွေကို ပုံဖော်ပေးဖို့အတွက်ဆိုရင် ဒီဆိုင်လေးက အတော်လေးကို အဆင်ပြေတယ်နော်။ Link လေးပေးထားမို့ review လေးတွေဝင်ဖတ်ရင်း စပ်စုကြည့်လိုက်ကြပါအုန်း။
https://www.facebook.com/magicbeautysalonnorthokkalapa

၂။ GL Beauty Nail Arts & Spa
ဒီဆိုင်လေးကတော့ ဆရာစံလမ်းပေါ်မှာရှိတဲ့ဆိုင်လေးပါ။ Spa လေးလုပ်ရင်း လက်သည်းလှလှလေးပုံဖော်ရင်းနဲ့ အနားယူလို့ကောင်းတဲ့ဆိုင်လေးတစ်ဆိုင်ပေ့ါ။အေးချမ်းပြီးတော့ ဆိုင်က မမလှလှလေးတွေရဲ့ နွေးထွေးပျူငှာမှုတွေကြောင့် သွားချင်စရာလေးပါနော်။
https://www.facebook.com/GL-Beauty-Nail-Arts-Spa-1893737047337999