ရန်ကုန်အကြွား မန်းကစကား မော်လမြိုင်အစားလို့ အဆိုရှိတယ်မဟုတ်လား….။
ရန်ကုန်သူ ရန်ကုန်သားတွေက ဟိတ်ဟန်နဲ့ ကြွားတတ်တယ်။ မန္တလေးသူ မန္တလေးသားတွေက စကားကြွယ်တယ်။ မော်လမြိုင်သူ မော်လမြိုင်သားတွေက အစားအစာကို အရသာရှိရှိ စီမံချက်ပြုတ်စားတတ်တယ်။
ရန်ကုန်က မြို့ကြီးပြကြီး အင်္ဂါရပ်နဲ့အညီ ကြွားစရာတွေက အလွန်များ ပြားလို့ ရန်ကုန်သူ ရန်ကုန်သားတွေက ဧည့်သည်တွေကို မြို့အနှံ့လိုက်ပြရင်း အကြွားကလည်း ထူလွန်းတယ်လို့ ဆိုပါတယ်။မင်းနေပြည်တော် ရတာနပုံရွှေမြို့တော်ဟုနာမည်ကျော်ခဲ့သော သမိုင်းအစဉ်အလာ ကြောင့်၊ မန္တလေးသူမန္တလေးသားတို့က စကား အပြောအဆို နန်းဆန်ဆန်ယဉ်ကျေး သိမ်မွေ့ကြနယ်။ မန္တလေးသားတွေ စကားတတ်တယ်လို့လည်း ဆိုကြပြန်ပါတယ်။
ပင်လယ်ကမ်းခြေနှင့် နီးသော အရပ်မို့ ပင်လယ်ထွက် အစားအစာတွေ လှိုင်ပေါ်ကြွယ်သည့် အားလျော်စွာ၊ မော်လမြိုင်အိမ်ရှင်မတို့ ဟင်းချက်ကောင်းကြကြောင်း၊ ဇာတိသားတွေကလည်း အစားကောင်းအသောက်ကောင်း ကြိုက်ကြစားကြကြောင်း မှတ်သားရဖူးပါတယ်။
ရန်ကုန်ကနေလာရင် ဘီလင်းမှာ ရွှေမျက်မှန် ထမင်းပေါင်းဆိုင်ဆိုတာရှိပါတယ်။ အရမ်းစားကောင်းတယ်။ ရထားနဲ့လာရင်လည်း နှင်းပုလဲ နားမှာရောင်းပါတယ်။
မော်လမြိုင်ရောက်ရင်တော့ မော်လမြိုင်အုန်းနို့ခေါက်ဆွဲ.အုန်းထမင်း သင်္ကြန်ထမင်း အစုံရတယ်လေ။ ကော်ရည်ခေါက်ဆွဲကလဲစားကောင်းတယ်ဗျို့။ဒိုင်ဝန်ကွင်းက ဘိန်းမုန့်၊ ဝက်သားလိပ်.ဝက်ခေါင်းသုပ်၊အခေါက်သုပ်၊ ဆန်ပြုတ် နာမည်ကြီးပဲ။ဒါလေးကတော့ ကာလဒေသအလိုက် နာမည်ကြီးပုံလေးပါ။ ဒါဆို yathar ပရိသတ်တို့လည်း ရပ်ရွာတစ်ကျောင်း၊ တစ်ဂါထာ တစ်ရွာ တစ်ပုဒ်ဆန်းပုံလေးကိုလည်း ဝေမျှခဲ့ပါဦးနော်။