ဆေးစာ

အိမ်မှာပဲ sushi လုပ်စားကြမယ်

ဒီရာသီက ထောပတ်သီးလှိုင်လှိုင်ပေါတဲ့ ရာသီဆိုရင်လည်း မမှားဘူးနော်။ အဲ့ဒါကြောင့် ထောပတ်သီးကို ပုံစံအမျိုးမျိုးနဲ့ လုပ်စားကြပါတယ်။ အဲ့ထဲကမှ ထောပတ်သီးကို ဆူရှီအနေနဲ့ ဘယ်လိုလုပ်စားရမလဲဆိုတာလေးကို ပြောပြပေးသွားပါမယ်။

ပါဝင်ပစ္စည်းများ
ဆူရှီဆန် နို့ဆီဗူး ၁ လုံးခွဲ
ရေ နို့ဆီဗူး ၁ လုံးခွဲ
ဆန် ဗီနီကာ စားပွဲတင်ဇွန်း ၂ – ၄ ဇွန်း
ရေညှိအရွက် ၄-၆ ရွက်
ထောပတ်သီးကို ပါးပါးလေးတွေ လှီးထားပေးပါ
အရောနိစ်အနည်းငယ်
နှမ်းအမဲ

ပြုလုပ်နည်း
ဆူရှီဆန်ကိုချက်ပြီး ကျက်တာနဲ့ အအေးခံပြီး ဆန် ဗီနီကာလေး ထည့်ပြီးနယ်ပေးပါ။ ပြီးလျှင် အပေါ်က အဝတ်ပါးပါးလေးဖြင့်အုပ်ထားပါ။
တကယ်လို့ထမင်းကို မသုံးသေးဘူးဆိုရင် အိုးထဲမှာပဲထားပါ။
ပြီးလျှင် ရေအနည်းငယ်ကို ခွက်တစ်ခွက်ထဲထည့်ပါ။
ရေညှိရွက်လေးတွေကို ဖြန့်ပြီး ရေစွတ်ထားတဲ့လက်ကလေးနဲ့ တောက်တောက်ပေးပါ။
ထောပတ်သီးများကို ပါးပါးသေးသေးလှီးထားပါ။
ပြီးလျှင် ဝါးလိပ်လေးပေါ်မှာ ပလတ်စတစ်အပါးလေးခင်းပြီး ရေညှိရွက်ကလေးပါ ဖြန့်ပြီးခင်းထားပေးပါ။
ပြီးလျှင် လက်သန့်သန့်လေးဖြင့်ထမင်းများကိုယူပြီး ဖြန့်ခင်းပါ။
ပြီးလျှင်တော့ ရေညှိနောက်တစ်ရွက်ကို ထပ်ယူပြီး ဖြန့်ခင်းပြီး ရေစွတ်ထားတဲ့လက်ကလေးနဲ့ ရေအနည်းငယ်တောက်ပေးပါ။ ပြီးလျှင် ထောပတ်သီးလေးများကိုယူပြီးထည့်ပြီး ဝါးလိပ်လေးနဲ့ သပ်ရပ်စွာ လိပ်ပေးပါ။

ဒါဆိုရင်တော့ ထောပတ်သီးနဲ့ ပြုလုပ်ထားတဲ့ ထောပတ်သီးဆူရှီလေးကို စားသုံးလို့ရပါပြီ။ မရောနိစ့်လေးနဲ့ ဆမ်းစားလည်းရပါတယ်။