ကျန်းမာ & အလှအပ လမ်းကြောင်းသစ်

ဆောင်းတွင်းမှာ ရေပူနဲ့ ရေချိုးဖြစ်နေလား

ဆောင်းတွင်းဘက်မှာ ရာသီဥတုအေးတော့ ကျန်းမာရေးကို ဂရုစိုက်တဲ့အနေနဲ့ တော်တော်များများက ရေပူနဲ့ ရေချိုးတတ်ကြပါတယ်။ ရေပူနဲ့ ချိုးတာက ကျန်းမာရေးအတွက် အဆင်ပြေနိုင်ပေမဲ့ အသားအရေကို ဒီလိုမျိုးတွေ ထိခိုက်နိုင်ပါတယ်။

ရေပူနဲ့ချိုးတဲ့အခါ ဘာတွေဖြစ်နိုင်လဲ
ရေပူနဲ့ ရေချိုးတဲ့အခါ အသားအရေတွေကို ခြောက်သွေ့သွားစေနိုင်ပြီး အသားယားယံခြင်းမျိုးတွေကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။ အဲ့ဒါကြောင့် ရေကို နွေးတယ်ဆိုရုံလောက်နဲ့သာ ရေချိုးပေးသင့်ပါတယ်။

ဆောင်းတွင်းဘက်မှာ ရေပူနဲ့ရေချိုးခြင်းက အသားအရေကို ခြောက်သွေ့စေရုံမက အသားအရေရဲ့ မျက်နှာပြင်ကိုလည်း ထိခိုက်စေနိုင်ပါတယ်။ အရမ်းခြောက်သွေ့လွန်းသော အသားအရေက အရေပြားရောင်ခြင်းလိုမျိုး အခြေအနေမျိုးအထိ ရောက်ရှိနိုင်ပါတယ်။

တကယ်လို့ အရမ်းအေးလို့ ရေပူပူနဲ့ ချိုးမိတယ်ဆိုရင်တောင် Lotion ကို နိုင်နိုင်လူးပေးဖို့ လိုအပ်ပါတယ်။ Body Oil လေးကိုလည်း သုံးပေးသင့်ပြီးတော့ အသားအရေကို မခြောက်သွေ့အောင် ကာကွယ်ဖို့ တကယ်ကို လိုအပ်ပါတယ်။

ကျန်းမာရေးကို ဂရုစိုက်ရင်း အသားအရေကိုလည်း ဂရုစိုက်ပါ။

ဒါလေးကတော့ ဆောင်းတွင်းဘက်မှာ အေးလို့ ရေပူချိုးမိတယ်ဆိုရင်တောင် ဘယ်လိုမျိုးတွေ ဖြစ်နိုင်တယ်၊ ဘာလိုမျိုးတွေ ကာကွယ်ရမယ်ဆိုတာကို ပြောပြပေးထားတာ ဖြစ်လို့ တကယ်လို့ ရေပူပူနဲ့ ချိုးမိတယ်ဆိုရင် ဘာတွေလုပ်မရလဲဆိုတဲ့ နည်းလမ်းလေးကို တခြားသူတွေလည်း သိအောင် share လုပ်ခြင်းဖြင့် ကူညီကြရအောင်။