ကျန်းမာ & အလှအပ

ဆောင်းရာသီမှာ ဒီလိုမျိုးတွေ သုံးနေမိပြီလား

ဆောင်းရာသီက အေးအေးလေးနဲ့ နေလို့ကောင်းပေမဲ့ အသားအရေအတွက်တော့ မကောင်းပါဘူး။
အဲ့လိုမျိုး အသားအရေအတွက် မကောင်းတဲ့ ဆောင်းရာသီမှာ skincare တွေကိုလည်း ရွေးချယ်ပြီး အသုံးပြုသင့်သလို ရှောင်ရှားသင့်တာလေးတွေလည်း ရှိပါတယ်။ ဒီနေရာလေးမှာတော့ ဘာတွေကို ရှောင်ရှားသင့်လဲဆိုတဲ့ အချက်လေးတွေကို ပြောပြပေးပါမယ်။

ရေချိုးတဲ့အခါမှာ ဆပ်ပြာကို တစ်ကိုယ်လုံးတိုက်စရာမလိုပါဘူး
ဒါလေးကိုတော့ အံ့သြသွားတယ်ဟုတ်။ ဟုတ်ပါတယ်။ သင်ကရော ဆောင်းတွင်းဘက်မှာ ရေချိုးတိုင်း တစ်ကိုယ်လုံးကို ဆပ်ပြာတိုက်စရာမလိုပါဘူး။ တကယ်လို့ သင်ကသာ ရွံ့တွေလူးပြီးနေတာမျိုးမဟုတ်ရင် တစ်ကိုယ်လုံးကို ဆပ်ပြာမတိုက်လည်းရပါတယ်တဲ့။ အဓိက နေရာတွေဖြစ်တဲ့ ဂျိုင်းအောက်တို့ တခြား private area တို့လို အတွင်းနေရာလေးတွေကို ဆပ်ပြာသုံးရုံနဲ့သာ လုံလောက်ပါတယ်။

Alcohol-based toner တွေကို သုံးခြင်းက အသားအရေကို ခြောက်သွေ့သွားစေနိုင်ပါတယ်
Toner ဆိုတာ အသားအရေကို အဆီထိန်းချုပ်ဖို့နဲ့ အသားအရေကို balance ဖြစ်အောင် ထိန်းညှိပေးနိုင်တဲ့ ထုတ်ကုန်တစ်မျိုးဖြစ်ပါတယ်။ တိုနာက alcohol ပါဝင်မှုကြောင့် အသားရေကို ခြောက်သွေ့စေနိုင်တာကြောင့် တကယ်လို့ မဖြစ်မနေ Toner သုံးရတော့မယ်ဆိုရင် alcohol ပါဝင်မှုနည်းတဲ့ toner မျိုးကိုသာ ရွေးချယ်ပြီး သုံးစေချင်ပါတယ်။

Clay Mask တွေကို လျော့သုံးပေးပါ
ရာသီဥတုကြောင့် အသားအရေကို ဂရုစိုက်ဖို့ mask တွေသုံးသင့်ပါတယ်။ တော်တော်များများက ဆောင်းရာသီရောက်တဲ့အချိန်မှာလည်း clay mask တွေကို အရင်လိုပဲ ပုံမှန်သုံးလေ့ရှိပါတယ်။ တကယ်တော့ ဆောင်းရာသီရောက်တဲ့အချိန်မှာ clay mask သုံးတာကို ပုံမှန်ထက် နည်းနည်းပိုလျော့သင့်ပါတယ်။

ဒါလေးတွေက ဆောင်းရာသီမှာ မလုပ်သင့်တာမျိုး မသုံးသင့်တဲ့ skincare မျိုးကို ဖော်ပြပေးထားတာဖြစ်ပြီးတော့ ဒါမျိုးလုပ်နေမိရင်လည်း သတိထားပြီး လုပ်ပေးကြဦးနော်