ကျန်းမာ & အလှအပ

2021 မှာခေတ်စားလာမယ့် ဆံပင် ကာလာများ

၂၀၂၀ ခုနှစ်ကြီးကို ဘိုင်ဘိုင့်လုပ်ရတော့မယ့်အချိန်ရောက်လာတော့မယ်ဆိုတော့

အမြဲတမ်းအသစ်ဆိုတဲ့အတိုင်း စတိုင်တွေမလိုင်တွေ အသစ်ချိန်းတော့မယ်စိတ်ကူးထားရင် ၂၀၂၁မှာ ဘယ်လိုအရာတွေက Trend ဖြစ်လာမလဲဆိုတာလေးကိုတော့ အရင်သိထားသင့်တယ်နော်

၂၀၂၁မှာရော ဆံပင်အတွက်ဘယ်လိုကာလာတွေက ခေတ်စားလဲဆိုတာလေးကိုအရင်ပြောပြပေးမယ်လေ

၁။ Dark Chocolate Colour
ခေတ်တွေဘယ်လောက်ပြောင်းပြောင်း အမြဲဆန်းသစ်ပြီးမပြောင်းလဲနိုင်တာကတော့ ဒီအရောင်လေးနော်။ ဆိုးလိုက်မယ်ဆိုရင် မျက်နှာလေးကို ထင်းထင်းလင်းလင်းလေးနဲ့ ရှိရင်းစွဲ အသက်ထက်ကို နုငယ်တဲ့အသွင်ကိုပေါက်စေပါတယ်။

၂။ Warm Brown Colour
၂၀၂၁ကတော့ အညိုစင်လေးတွေရဲ့ခေတ်နော် ။ ကာလာတွေကအစ brown တွေချည်းပဲ ဆိုတော့ ဒီခေါက်မှာတော့ Warm Brown Colour လေးပါ ။ အညိုရောင်လင်းလင်းလေးဆိုရင်တော့ အလှအပတွေက ထင်းခနဲ လင်းခနဲ နဲ့ အမိုက်စားလေးကိုဖြစ်စေမှာပါ။

၃။Coffee Tone Colour
ဟော…လာပြန်ပြီ အညိုဘက်သွားတဲ့နောက်တစ်ရောင်။ ဒါလေးကတော့ ကော်ဖီအရောင်လေးဆိုတော့ တည်ငြိမ်တဲ့ဘက်ကိုသွားတယ်ဆိုတော့ မမတွေနဲ့အလိုက်ဖက်ဆုံးပဲနော်။ ကော်ဖီက Tone Colour လေးက ဘယ်တော့ပဲဆိုးဆိုး အမြဲတမ်းမရိုးနိုင်တဲ့ ကာလာလေးထဲမှာ အပါဝင်ပဲနော်။

၄။ Honey Blonde Hair Colour
ပျားရည်အရောင်လေးဆိုတော့ လင်းလင်းထင်းထင်းလေးရှိတယ်နော်။ ဒီအရောင်လေးကတော့ ၂၀၂၁မှာ ခေတ်စားလာတဲ့ ကာလာလေးတစ်ခုပဲဆိုတော့ ဒါလေးကို ဆိုးဖို့အတွက် အခုပဲ Beauty Saloon ကိုပြေးလိုက်ပါတော့နော်။

၅။Pastel Pink Colour
ပန်းရောင် နှင်းဆီပွင့်ချပ်လေးတွေရဲ့Colour လေးတွေကတော့ ၂၀၂၁မှာခေတ်စားလာခဲ့ပြန်ပါပြီ။ အရောင်လင်းလင်းလေးတွေကလည်း နုငယ်တဲ့မိန်းမငယ်လေးတွေအတွက် နှင်းဆီပန်းရောင် အရောင်အဆင်းလေးနဲ့ဆို ဘယ်လောက်များတောင် လှပပြီးချစ်စရာကောင်းနေလိုက်မလဲနော်

ကဲ…ပျိုမေတို့ရေ

အခုပြောပြခဲ့တဲ့ Hair Colour အသစ်လေးတွေကို အမြဲတမ်းအသစ်ဆိုတဲ့အတိုင်း ဒီဇိုင်းတွေချိန်းကြတော့မလား ဟေ့… ကိုကိုနဲ့ပြတ်လို့လည်း စိတ်မညစ်နဲ့ … မောင်လေးက ထားခဲ့လို့လည်း စိတ်မကောင်းမဖြစ်ကြနဲ့နော်… စတိုင်တွေမလိုင်တွေ အသစ်တွေချိန်းပြီး အလှဆုံးလေးတွေအဖြစ်သာ နေသွားကြရအောင်နော်

နောက်ထပ်လည်း အလှအပရေးရာတွေအဖြာဖြာနဲ့ပတ်သတ်ပြီး ပြောပြပေးသွားအုန်းမှာဆိုတော့ yathar Beauty Page လေးကို see first လုပ်ထားမှပဲ ရတော့မယ်နော်