ဗဟုသုတ

ညညအိပ်မရတဲ့အခါ ကြာလာရင် ဘာတွေဖြစ်နိုင်လဲ

အခုနောက်ပိုင်း လူကြီးတွေရော လူငယ်တွေရော တော်တော်နဲ့ အိပ်မပျော်နိုင်ကြတဲ့ အခြေအနေဖြစ်နေကြပါတယ်။ စိတ်ကြောင့်ဖြစ်စေ၊ အစားကြောင့်ဖြစ်စေ၊ ကျန်းမာရေးကြောင့်ဖြစ်စေ ညဘက်တွေ အိပ်မပျော်တာကြာလာတဲ့အခါ ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာနိုင်လဲဆိုတာ ဒီနေရာလေးမှာ ပြောပြပေးသွားပါမယ်။

ညဘက်တွေအိပ်မပျော်တဲ့အခါ နောက်နေ့ဆို အားနည်းပြီးနေလို့မကောင်းဖြစ်တတ်ပါတယ်။ အိပ်မရတဲ့ညတွေများတဲ့အခါ စိတ်ကျန်းမာရေးအခြေအနေကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါတယ်။

အိပ်မရတဲ့ညတွေ ဆက်တိုက်များလာတာကြောင့် ဦးနှောက်က အာရုံစူးစိုက်မှုတွေနည်းလာပြီးတော့ ဆုံးဖြတ်ချက်ချဖို့အတွက်လည်း ခက်ခဲစေပါတယ်။ စိတ်ဓါတ်တွေ ကျလာနိုင်ပြီးတော့ နေ့လည်ဘက်တွေဆို အိပ်ပျော်သွားစေနိုင်ပါတယ်။ အဲ့ဒါကြောင့် မတော်တဆမှုတွေလည်းများလာနိုင်ပါတယ်။

အဲ့လိုမျိုး အမြဲတမ်းအိပ်မပျော်တဲ့ ညတွေ များလာတဲ့အခါ သွေးတိုး၊ဆီးချိုနဲ့ အဝလွန်ခြင်းတွေကို ဖြစ်ပေါ်လာစေနိုင်ပြီး ကျန်းမာရေးကိုလည်း ပြင်းထန်စွာ ထိခိုက်လာနိုင်ပါတယ်။

အဲ့ဒါကြောင့် အိပ်ချိန်ကိုပြည့်ဝအောင်အိပ်ပြီး ကျန်းမာရေးကို အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။