ကျန်းမာ & အလှအပ လမ်းကြောင်းသစ်

2021 မှာ ခေတ်စားလာမယ့် Hair Style များ

ကောက်ရမလား၊ ဖြောင့်ရမလား ဝေခွဲမရဖြစ်နေတဲ့ yathar အချောလေးတွေရေ ၂၀၂၁ မှာ ကမ္ဘာတစ်ဝန်း trend အဖြစ်ဆုံး ဖြစ်လာမဲ့ ဒီ Hair Style လေးတွေကို ရွေးလိုက်တော့နော်။

  1. Textured Layers
    ဆွဲဆောင်မှုပိုစေတဲ့ Hair Style လေးပေါ့။ အလွှာအထပ်အထပ်လေးတွေနဲ့ အသက်အရွယ်မရွေး နုပျိုသွက်လက်တဲ့ ပုံလေးပေါ့။ တစ်ခု ဂရုပြုရမှာက color ကို အရမ်းမရင့်ဘဲ ပြေပြေလေးဖြစ်နေစေဖို့ပါပဲ။
  2. Blunt Collarbone Cut
    Ever Hit ဖြစ်နေမဲ့ collarbone hair cut လေး။ Confedience အပြည့်ရှိတဲ့ အမျိုးသမီးပုံစံကို ဖော်ညွှန်းမယ်ဆိုရင် ဒီ Style လေးကို ရွေးပါလို့။
  3. Mia Wallace Bob
    မရိုးနိုင်တဲ့ Bob hair type လေး။ ညှပ်လိုက်ရင်တော့ Cute လေးဖြစ်သွားမှာကိုတော့ ငြင်းမရဘူးနော်။
  4. Curtain Bangs
    Vintage ပုံလေးတွေ၊ ၁၉၆၀ ပြည့်နှစ်က Stylish ရှိမှုကို ၂၁ ရာစု ပုံစံနဲ့ design ဆန်းသစ်ဖို့ စိတ်ဝင်စားရင်တော့ ဒီ Curtaing Bangs လေးက ရိုးရိုးလေးနဲ့ ယဉ်စေမှာပါ။
  5. 1970’s Long Cut
    ဖက်ရှင်ရေစီးကြောင်းက တစ်ပတ်လည်တယ်ဆိုသလိုပဲ။ ဒီ ၁၉၇၀ ပြည့်နှစ်ရဲ့ trend ဖြစ်ခဲ့တဲ့ Long Cut ကလည်း ၂၀၂၁ မှာ တကျော့ပြန်လာပါပြီ။ ဆံပင်ရှည်လေးကို ချစ်တတ်သူတွေအတွက်ပေါ့။