ဝိတ်လည်းကျချင်တယ် အစားလည်း မလျှော့ချင်ဘူးဆိုတဲ့ Foodies လေးတို့ရေ။ ဗိုက်ဆာဆာနဲ့ ကိုယ်အလေးချိန် မတက်ဖို့ သည်းခံရတဲ့ ဘဝက ကင်းလွတ်စေဖို့အတွက် ဘယ်လောက်စားစားဝိတ်မတက်တဲ့ အစားအသောက် ၅ မျိုးကို ဝေမျှလိုက်တယ်နော်။
၁။ ကြက်ဥ
ကြက်ဥကို ကြော်စားတာထက် ပြုတ်စားတာက ပိုပြီးသင့်လျော်ပါတယ်။ ကြက်ဥပြုတ်တစ်လုံးမှာ ၇၅ ကယ်လိုရီပဲပါရှိသလို ဗီတာမင် A ၊ D ၊ B 12 ၊ B 6 အပြင် Magnesium ၊ သံဓါတ်နဲ့ Calcium ထုံးဓါတ်တွေလည်း ပါဝင်မှုရှိတာကြောင့် စိတ်ပူစရာမလိုဘဲ စားပေးနိုင်ပါတယ်။
၂။ အစေ့အဆန်များ
နေကြာစေ့၊ နှမ်းစေ့၊ သီဟိုစတဲ့ အစေ့အဆန်တွေမှာ အမျှင်ဓာတ်ကြွယ်ဝပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီဓာတ်၊ ဗီတာမင်၊ သတ္တုဓာတ်များနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်ပြီး ဝိတ်ချရာမှာလည်း အထောက်အကူပေးပါတယ်။
၃။ ကြက်ရင်ပုံ
ကြက်တစ်ကောင်လုံးမှာ ကယ်လိုရီပါဝင်မှုလည်းနည်း၊ အဆီဓာတ်လည်းနည်းတဲ့ ကြက်ရင်ပုံဟာ ကြက်တောင်ပံ၊ ကြက်ပေါင်တို့ထက် ပရိုတင်းပါဝင်မှုပိုများတာကြောင့် ဝိတ်ချနေချိန်မှာ စိတ်ချလက်ချစားပေးနိုင်ပါတယ်။ ကြော်စားတာထက် ပေါင်းစား၊ ပြုတ်စားပေးရင် ပိုကောင်းပါတယ်။
၄။ ပန်းသီး
ဝိတ်ကျတဲ့နေရာမှာ ဆရာကြီးဖြစ်တဲ့ပန်းသီးကို ကာဗိုဟိုက်ဒရိတ်၊ သကြားဓာတ်များတဲ့အစားအသောက်တွေနေရာမှာ အစားထိုး စားပေးခြင်းကလည်း ကိုယ်အလေးချိန်ကျစေပါတယ်။
၅။ ဒိန်ချဉ်
ဘယ်လောက်များများစားစား ဝိတ်တက်မှာ ပူနေစရာမလိုတဲ့အစားအစာတစ်မျိုးကတော့ ဒိန်ချဉ်ပဲဖြစ်ပါတယ်။ ဒိန်ချဉ်မှာ အဆီပါဝင်မှုနည်းပြီး ပရိုတင်းပါဝင်မှုများတာကြောင့် ဝိတ်မတက်စေဘဲ လူကိုအားပြည့်စေလို့ ညဘက်တွေမှာ စားသင့်ပါတယ်။