ကြက်ဥကို ပြုတ်လိုက် ကြော်လိုက် ပြုတ်ကြော်တွေလုပ်လိုက်နဲ့ သမားရိုးကျနည်းလမ်းတွေနဲ့ပဲ စားတော့မှာလား။ ကြက်ဥကို တခြားပုံစံလေးတွေနဲ့လည်း စားချင်တယ် ဘယ်လိုမျိုးလုပ်ရမလဲ မသိဖြစ်နေရင်တော့ အားလည်းရှိမယ့်အပြင် ကလေးရော လူကြီးရော ကြိုက်ကြမယ့် ကြက်ဥ devil လုပ်နည်းလေးတွေကို ပြောပြပေးပါမယ်။
Classic Deviled Eggs
ဒါလေးက crab မရှိလောက်အောင် crab နည်းလွန်းတာမို့ ဝိတ်ချနေတဲ့သူတွေအတွက် အဆင်ပြေတယ်နော်။ ကြက်ဥလေးတွေကလည်း တစ်ခြမ်းစီပဲမို့ ကိုင်ရတာလည်း အရမ်းလွယ်ကူတဲ့အပြင် စားရတာလည်း အရသာရှိတယ်နော်။
ပါဝင်ပစ္စည်းလေးတွေက
ကြက်ဥနဲ့လုပ်တဲ့ အစားအစာမလို့ ကြက်ဥကတော့ အဓိက ပါဝင်ပစ္စည်းပါပဲ။
ပြီးရင်တော့ မရောနိစ့်လေးလည်းပါပါသေးတယ်။
မရောနိစ့်လေးကလည်း ဈေးပေါတဲ့ မရောနိစ့်ထက် ပိုပြီးဈေးများတဲ့ မရောနိစ့်လေးကို ဝယ်သင့်ပါတယ်။
ကြက်ဥ ၁၂ လုံး
မရောနိစ့် ခွက်တစ်ဝက်
Dijon လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ငရုပ်သီးအနုမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်
တို့ကို လိုအပ်ပါတယ်။
ပြုလုပ်နည်း
ကြက်ဥတွေကို ရေပွက်ပွက်ဆူနေတဲ့အထဲမှာ ၁၈ မိနစ်ထားပြီး ပြုတ်ပေးပါ။
ပြီးလျှင် ဇလုံကြီးကြီး တစ်လုံးထဲမှာ ရေနှင့် ရေခဲများထည့်ပြီး အသင့်ပြင်ထားပေးပါ။
၁၈ မိနစ်ပြုတ်ထားပြီးသော ကြက်ဥများကို ထိုဇလုံထဲထည့်ပြီး အအေးခံပါ။ ပြီးလျှင် ကြက်ဥများကို ခွာပြီး တစ်ဝက်စီဝက်ထားပါ။ ပြီးလျှင် အနှစ်များကို ယူပြီး ခရင်းလေးနဲ့ ချေပေးပါ။ ပြီးလျှင် ပါဝင်ပစ္စည်းအားလုံးကို ရောပြီးနယ်ပေးပါ။ ပြီးလျှင် အနှစ်လေးတွေကို ကြက်ဥအကာထဲကို ထည့်ပေးပါ။ အားလုံးပြီးလျှင် ငရုပ်သီးမှုန့်လေးတွေကို ဖြူးပြီးတာနဲ့ စားလို့ရပါပြီ။
ကြက်ဥလေးတွေကို ရိုးရိုးစားရတာမကြိုက်လည်း တခြားနည်းလမ်းတွေ ရှိတာမို့ စားချင်တဲ့နည်းလေးဖြစ်ဖြစ် comment မှာ ရေးသွားပေးဦးနော်။