ဗဟုသုတ

အိမ်ရှင်မတွေအတွက် ရေခဲသေတ္တာထဲမှာ အသီးအရွက်တွေ သိမ်းနည်း

အခုလို တစ်ပတ်တစ်ခါလောက် အသား၊ငါးနဲ့ ဟင်းသီးဟင်းရွက်ဝယ်နေရတဲ့ ဒီလိုကာလမှာ အိမ်ရှင်မတွေ အခက်တွေ့ရတာက ဟင်းသီးဟင်းရွက်တွေက ကြာကြာမခံတာမျိုးပဲ ဖြစ်ပါတယ်။ အဲ့လိုဟင်းသီးဟင်းရွက်တွေကို ကြာကြာခံအောင် သိမ်းထားနိုင်ဖို့ နည်းလမ်းတွေကလည်း လိုအပ်ပါသေးတယ်။

ခရမ်းချဉ်သီး – ခရမ်းချဉ်သီးက အခန်းအပူချိန်အတွင်းမှာပဲ သိမ်းထားသင့်ပါတယ်။

သခွားသီး – သခွားသီးကို ဝယ်ပြီးကတည်းက ကြာကြာခံအောင် ထားနိုင်ဖို့ဆိုရင် အဝတ်သန့်သန့်လေးတစ်ခုကို ရေစွတ်ပြီး ပတ်ထားကာ ရေခဲသေတ္တာထဲမှာ သိမ်းထားလို့ရပါတယ်။

ငရုပ်ပွ – ငရုပ်ပွကို ပလက်စတစ်အိတ်ထဲထည့်ပြီး ရေခဲသေတ္တာထဲမှာ သိမ်းထားမယ်ဆို ၁ ပတ်ကနေ ၂ ပတ်အထိ အထားခံပါတယ်။ ခဲနေတဲ့ ငရုပ်ပွဟာ ၁၀ လ လောက်အထိ အထားခံပါတယ်။

ရွှေပဲ – ရွှေပဲကို စိုထိုင်းထိုင်းဖြစ်တာနဲ့ သေချာလေး ထိန်းသိမ်းထားနိုင်ပါတယ်။ 

မုန်လာဥ – မုန်လာဥကို ကြာရှည်ခံအောင် ထားနိုင်ဖို့အတွက် အလုံပိတ်အိတ်ထဲမှာထည့်ပြီးသိမ်းတာမျိုး၊ ဒါမှမဟုတ် ရေအေးထဲမှာနှစ်ပြီး သိမ်းထားလို့ရပါတယ်။ ကြာရှည်ခံအောင် ထားနိုင်မယ့် နောက်တစ်နည်းက ထိပ်ကို ဖြတ်ပြီး သိမ်းထားလိုက်ပါ။

ရွှေဖရုံသီး – ရွှေဖရုံသီးကိုတော့ သာမာန်အခန်းအပူချိန်အတိုင်းမှာ သိမ်းထားလို့ရနိုင်ပါတယ်။ နေတိုက်ရိုက်မထိရင် ရပါတယ်။

ကြက်သွန်နီ – ကြက်သွန်နီကိုတော့ အေးပြီး မှောင်ပြီးတော့ လေဝင်လေထွက်ကောင်းတဲ့နေရာမှာ သိမ်းထားလို့ရပါတယ်။

ပန်းဂေါ်ဖီစိမ်း – ရေခဲသေတ္တာထဲမှာ ဒီအတိုင်းသိမ်းထားလို့ရနိုင်ပါတယ်။

ပြောင်းဖူး – ပြောင်းဖူးကို မစားခင် အချိန်ထိ ပြောင်းဖူးခွံကို မခွာတာအကောင်းဆုံးပါပဲ။

ကြက်သွန်ဖြူ – ကြက်သွန်ဖြူကိုတော့ နေရောင်တိုက်ရိုက်မထိတဲ့ နေရာမှာ ထားပေးပါ။

ငှက်ပျောသီး – ငှက်ပျောသီးတွေကို ပိုပြီး ကြာကြာအထားခံဖို့အတွက် ငှက်ပျောသီးတွေကို ဝယ်လာပြီးကတည်းက သီးသန့်သပ်သပ်သိမ်းထားပါ။

ပန်းသီး – ပန်းသီးတွေကို အကြာကြီးခံဖို့အတွက် အပူနဲ့ ဝေးဝေးမှာထားပေးပါ။ ပိုပြီး ကြာကြာခံဖို့အတွက်ဆိုရင်တော့ ရေခဲသေတ္တာထဲ ထည့်သိမ်းထားလိုက်ပါ။

ဒီစာလေးမှာဆိုရင် ရေခဲသေတ္တာထဲ ဘာတွေထည့်သင့်တယ်။ ဘာတွေမထည့်သင့်ဘူးဆိုတာ ပိုပြီး သိလွယ်သွားမယ်လို့ ထင်ပါတယ်။ အဲ့ဒါကြောင့် အိမ်ရှင်မတေလည်း နောက်ဆို အထားမမှားကြဖို့ လိုအပ်မယ်နော်။