ဗဟုသုတ

ဂင်းနစ်စံချိန်ဝင်သော အစားအသောက်များ

ဒီတစ်ခေါက်မှာတော့ ကမ္ဘာပေါ်မှာ ဂရင်းနစ် စံချိန်တင်ထားတဲ့ အကြီးဆုံးအစားအစာတွေ အကြောင်းပြောပြမှာဖြစ်ပါတယ် ။
လူတွေထင်မထားနိုင်တဲ့ Size နဲ့ အလေးချိန်တွေ ရှိတဲ့ အစားအစာတွေက သင့်ကို အံ့အားသင့်စေမှာ အသေအချာပါပဲ ။
တော်ရုံနဲ့ ဝင်ဖို့ မလွယ်တဲ့ ဂရင်းနစ်စံချိန်ကို ဘယ်လို အစားအစာတွေ ၊ ဘယ်လောက်ကြီးတဲ့ အရာတွေ ဖြစ်မလဲ ကြည့်လိုက်ရအောင် ။


(၁) ကမ္ဘာ့အကြီးဆုံး Chicken Nugget
ကမ္ဘာ့အကြီးဆုံး Chicken Nugget ကို ၂၀၁၃ ခုနှစ်မှာ Mifflintown ဆိုတဲ့ မြို့မှာ ပြုလုပ်ခဲ့ပါတယ် ။ Size အနေနဲ့ 51.1 lbs. ရှိပြီး ၊ 3.25 Ft × 2 Ft ရှိပါတယ် ။ သုံးနာရီထက်မက အချိန်ပေးပြင်ဆင်ခဲ့ရပြီးတော့ ပုံမှန် Size ဖြစ်တဲ့ Chicken Nugget အတုံး 750 ပါဝင်ပါတယ် ။


(၂) ကမ္ဘာ့အကြီးဆုံး Burger
ကမ္ဘာအကြီးဆုံး Burger ကို 2012 က Carlton မြို့ Black Bear Resort မှာပြုလုပ်ခဲ့တာဖြစ်ပါတယ် ။Burger Size က တော့ 913.54 kg ရှိပြီးတော့ Bacon ပေါင် ၆၀ ၊ Lettuce ပေါင် ၅၀ ၊ကြက်သွန်နဲ့ Cheese ပေါင် ၄၀ စီပါဝင်ပါတယ် ။ ၄ နာရီကျော် ပြုလုပ်ခဲ့ခြင်းဖြစ်သည် ။

(၃) ကမ္ဘာ့အကြီးဆုံး Batch of Nachos
ဂရင်းနစ်စံချိန်ဝင်ထားတဲ့ Batch Nachos ကို ၂၀၁၂ က University of Kansas မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ် ။Volunteers အယောက် ၈၀ ထက်မက ပါဝင်ပြုလုပ်ခဲ့တာဖြစ်ပါတယ် ။ အရွယ်အစားအနေနဲ့ ၄၆၈၉ ပေါင် ရှိပြီး ၈၀ ပေ ခွဲကျော် လောက် ရှည်ပါတယ် ။ အိမ်ခြေရာမဲ့ တွေ အတွက် လှူဒါန်း ဖို့ ပြုလုပ်ခဲ့တာဖြစ်ပါတယ် ။

(၄) ကမ္ဘာ့အကြီးဆုံး ကစီဓာတ် မပါတဲ့ Pizza
ဒီ Pizza ကို ၂၀၁၂ က ရောမမြို့ (အီတလီ) မှာ ပြုလုပ်ခဲ့ပါတယ် ။ အရွယ်အစား နဲ့ အလေးချိန်ကတော့ ၁၃၁ ပေနီးပါး နဲ့ ပေါင် ၅၁၂၅ ရှိပါတယ် ။ ပြုလုပ်ချိန် နှစ်ရက်နီးပါးလောက် ကြာမြင့်ပြီး ပီဇာ အချပ်ရေ ပေါင်း ၅၀၀၀ လောက်ပါဝင်ပါတယ် ။

(၅) ကမ္ဘာ့အကြီးဆုံး Chocolate Bar
ပေါင် ၁၂၇၇၀ လောက်ရှိတဲ့ Chocolate အတုံးကြီး ချိုးထားတဲ့ ဂရင်းနစ် စံချိန်ပါ ။ ၁၃ ပေလောက်ရှိတဲ့ Chocolate Bar ကြီးကို ၂၀၁၁ ခုနှစ်က Alfreton , Derbyshire , UK မှာပြုလုပ်ခဲ့ပါတယ် ။ အချိန် ၁၀ နာရီလောက် ကြာမြင့်ခဲ့ပြီး Chocolate ကို ခဲသွားစေဖို့ အချိန် ၃ ရက် လောက်ကြာမြင့်ပါတယ် ။

(၆) ကမ္ဘာ့အကြီးဆုံး Ice-cream Cake
Ice-cream Cake ထဲမှာ အကြီးဆုံးဆိုတဲ့ ဒီ Cake ကို ၂၀၁၁ က Toronto , Canada မှာပြုလုပ်ခဲ့ပါတယ် ။အလေးချိန် ၁၀.၁ မက်ထရစ်တန်ရှိပါတယ် ။ အရွယ်အစား ကတော့ ၁၄ပေ ၇ လက်မ နဲ့ ၁၃ ပေ ၃ လက်မ ရှိပါတယ် ။

ကဲ ဒီနေ့တော့ ကမ္ဘာပေါ်မှာ ဂရင်းနစ်စံချိန် ချိုးထားပါတယ်ဆိုတဲ့ အစားအစာ တွေ အကြောင်းကို ဖော်ပြပေးထားတာဖြစ်ပါတယ် ။ နောက်လာမယ့် အကြောင်းအရာတွေထဲမှာ လည်း အခုလို ဗဟုသုတ ရစရာတွေ၊ အစားအသောက် နဲ့ ပတ်သက်တဲ့ သိမှတ်ဖွယ်ရာတွေ ကို ဖော်ပြပေးဦး မှာ ဖြစ်ပါတယ် ။