အိမ်ရှင်မတိုင်း ကြက်သွန်နီလှီးတဲ့အခါ မျက်ရည်ကျဖူးကြမှာ အသေအချာပါပဲ။ အရင်က တော်ရုံမငိုတဲ့လူတောင် ကြက်သွန်နီက မျက်ရည်ကျနိုင်စေပါတယ်။ ဒါဆိုရင် ကြက်သွန်နီလှီးတိုင်း မျက်ရည်မကျစေနိုင်တဲ့ နည်းလမ်းလေးများ ရှိနိုင်လား။ အဖြေမှန်က တကယ်ရှိပါတယ်။ ဒါဆိုရင်တော့ ဘယ်နည်းလမ်းလေးပါလိမ့်။
တကယ်တော့ ကြက်သွန်နီက မျက်ရည်ကစေတာ မဟုတ်ပါဘူး။ ကြက်သွန်နီမှာပါတဲ့ Gas တစ်မျိုးက မျက်ရည်ကျစေတာပါ။ ကြက်သွန်နီလှီးတိုင်း မျက်ရည်မကျစေဖို့အတွက်က မလှီးခင်မှာ ကြက်သွန်နီရဲ့ မျက်စိကို အရင်ဖယ်ပြီးမှ လှီးပါ။ ကြက်သွန်နီရဲ့ ထိပ်မှာပါ ကြက်သွန်နီရဲ့ မျက်စိဆိုတာ ပါပါတယ်။ အဲ့ဒါကို မလှီးခင်မှာ အရင်ဆုံး ကလော်ထုတ်ပြီးမှ ကြက်သွန်နီကို လှီးမယ်ဆိုရင်တော့ ကြက်သွန်နီ လှီးတိုင်း မျက်ရည်ကျစရာမလိုတော့ပါဘူး။
ဒါဆိုရင်တော့ ကြက်သွန်နီလှီးတိုင်း မျက်ရည်ကျမယ် မထင်တော့ပါဘူးနော်။ အိမ်ရှင်မတိုင်း ကြက်သွန်လှီးတိုင်း မငိုဖို့ ဒီနည်းလမ်းလေးကို အသုံးပြုပြီး လှီးကြစို့။