ဗဟုသုတ

ခေတ်စားလာတဲ့ Organic Farm များအကြောင်း

ဒီနေ့ခေတ်မှာ ခဏခဏကြားလာရတဲ့ စကားလုံးတစ်လုံးကတော့ အော်ဂဲနစ်(organic) ဆိုတဲ့စကားလုံးပဲ ဖြစ်ပါတယ်။

အော်ဂဲနစ်ဆိုတာဘာလဲ?
တကယ်ရော အော်ဂဲနစ်ကောင်းလို့လား?
အော်ဂဲနစ်စနစ်မွေးမြူရေးက ဘယ်လိုအားသာချက်တွေရှိတာလဲ?

အော်ဂဲနစ်ဆိုတာကတော့ အသီးအနှံတွေစိုက်ပျိုးတဲ့နေရာမှာ၊ တိရစ္ဆာန်တွေ မွေးမြူတဲ့အခါမှာ ပိုးသတ်ဆေး၊ မှိုသတ်ဆေးနဲ့ဓာတ်မြေဩဇာတွေကို အသုံးမပြုဘဲ သဘာဝကရတဲ့ပစ္စည်းတွေကိုပဲ အသုံးပြုပြီးတော့ စိုက်ပျိုးမွေးမြူတာပဲ ဖြစ်ပါတယ်။

ဒီအော်ဂဲနစ်စနစ်နဲ့ စိုက်ပျိုးတာက ပတ်ဝန်းကျင်အတွက်လည်း ကောင်းပါတယ်။ အော်ဂဲနစ်စနစ်နဲ့ စိုက်ပျိုးမယ်ဆိုရင်တော့ မြေကြီး၊ ရေနဲ့ လေထဲကို ဓာတုပစ္စည်းတွေ ဝင်ရောက်မှုကို လျှော့ချပေးနိုင်ပါတယ်။
ဒါကြောင့် ကျန်းမာတဲ့ အစားအစာတွေကို စားသောက်ရင်း ကမ္ဘာမြေကြီးကိုလည်း ကယ်တင်နိုင်ပါတယ်။

ဓာတုပစ္စည်းတွေမသုံးတော့ ထွက်နှုန်းကျသွားမလား၊ အသီးအနှံတွေက အရည်အသွေးကောင်းပါ့မလားဆိုတဲ့ မေးခွန်းတွေရှိလာပါတယ်။ ကျွန်တော်တို့အနေနဲ့ ဓာတ်မြေဩဇာတွေအစား သဘာဝမြေဩဇာတွေ အသုံးပြုလို့ရပါတယ်။ ပိုးသတ်ဆေးဆိုရင်လည်း သဘာဝကရတဲ့ တမာဆီလိုမျိုးကို အသုံးပြုပြီးတော့ ပိုးမွှားတွေရန်က ကာကွယ်နိုင်ပါတယ်။

အော်ဂဲနစ်ထွက်ကုန်တွေရဲ့ အားသာချက်တွေကတော့ ဓာတုပစ္စည်းတွေကို လုံးဝအသုံးမပြုတာကြောင့် ဓာတုဆိပ်သင့်တာမျိုး လုံးဝမဖြစ်နိုင်ပါဘူး။ အပေါ်မှာ ပြောခဲ့သလိုပဲ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိတာကြောင့် ကမ္ဘာမြေကြီးအတွက်ကောင်းမွန်ပါတယ်။ မွေးမြူရေးမှာလည်း ဓာတု‌ဆေးတွေမသုံးတာကြောင့် သဘာဝအတိုင်း ကျန်းမာတဲ့တိရစ္ဆာန်တွေကနေ သန့်ရှင်းလတ်ဆတ်တဲ့ ထွက်ကုန်တွေကို ရရှိနိုင်မှာလည်း ဖြစ်ပါတယ်။

အော်ဂဲနစ်ထွက်ကုန်ပစ္စည်းတွေကို ရွေးချယ်ဝယ်ယူစားသုံးချင်တယ်ဆိုရင်တော့ ဈေးကွက်ထဲမှာ Healthy Eggs ရဲ့ အော်ဂဲနစ်ကြက်ဥတွေ ရှိပါတယ်။ Citymart၊ Ocean၊ Marketplace တွေမှာ City Farm တံဆိပ်နဲ့ ဝယ်ယူရရှိနိုင်ပါတယ်။
အော်ဂဲနစ်အသီးအနှံတွေ ဟင်းသီးဟင်းရွက်တွေကို ရွေးချယ်ချင်တယ်ဆိုရင်တော့ ရွှေတောင်ညိုကြီးရဲ့ အော်ဂဲနစ်ကြက်ဥနဲ့ ဟင်းသီးဟင်းရွက်တွေကိုလည်း ဝယ်ယူနိုင်ပါတယ်။

အော်ဂဲနစ်ထွက်ကုန်တွေကို စားသုံးပြီးတော့ ကမ္ဘာမြေကြီးကို စောင့်ရှောက်လိုက်ရအောင်။