စိတ်ပင်ပန်းမှုတွေ၊ ဝမ်းနည်းမှုတွေ၊ မခံချိမခံသာဖြစ်မှုတွေကြောင့် မိန်းကလေးတွေရဲ့ ဓမ္မတာလာချိန်က နောက်ကျတာမျိုး၊ ရာသီစလာပြီဆိုရင်လည်း မခံရက်နိုင်လောက်အောင် ဗိုက်အောင့်တာမျိုး၊ ကိုက်ခဲနေတာမျိုးတွေ ဖြစ်လာတတ်ပါတယ်။ ဓမ္မတာဆိုတာ လစဉ်ပုံမှန် ဖြစ်တာ အကောင်းဆုံးဆိုပေမဲ့ ပုံမှန်အချိန်ဆို တစ်ပတ်စော၊ တစ်ပတ်နောက်ကျကတော့ ဖြစ်တတ်ကြပါတယ်။ ဒါပေမဲ့ အခုလိုအချိန်မှာတော့ မိန်းကလေးတော်တော်များများ ဓမ္မာလာချိန်က တစ်ပတ်ထက်ပိုပြီး နောက်ကျနေကြပါတယ်။ ဒါဟာ စိတ်ဖိစီးမှုတွေကြောင့်လည်း ဖြစ်နိုင်သလို အစားအသောက်တွေေ၊ အနေအထိုင်တွေ ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီကာလမှာတော့ ရာသီထိန်တာဟာ စိတ်ဖိစီးမှုကြောင့် ပိုဖြစ်နိုင်ပါတယ်။ ဘယ်အကြောင်းကြောင့်ဖြစ်ဖြစ် မိန်းကလေးတွေအနေနဲ့ ဓမ္မတာမလာခင်နဲ့ လာနေတဲ့အချိန်မှာ ဂရုစိုက်သင့်တာလေးတွေကို ပြောပြပေးသွားပါ့မယ်။
ဓမ္မာတာလာတာ ပုံမှန်ထက်နောက်ကျနေပြီဆိုရင်
အနားယူပါ
စိတ်ဖိစီးမှုတွေ၊ စိတ်ပင်ပန်းမှုတွေကြောင့် ရာသီထိန်တတ်တာမို့ ကိုယ့်ရဲ့ လစဉ် ဓမ္မတာလာမယ့်ရက် မတိုင်ခင် အနည်းငယ် အနားယူပေးပါ။ စိတ်ကို Relax ဖြစ်အောင် Relax song လေးတွေ နားထောင်ပေးတာမျိုးလုပ်ပေးပါ။ အကြံပြုချက်တစ်ခုအနေနဲ့ Cannon in D ( Pachelbel’s Canon )ရဲ့ Original song လေး နားထောင်ပေးတာမျိုး ဒါမှမဟုတ် Piano version နားထောင်ပေးတာမျိုးလေးလုပ်ပေးပါ။ ဒီလို Relax song လေးတွေကို ညအိပ်ခါနီးနားထောင်ပေးခြင်းဖြင့်လည်း နှစ်ခြိုက်စွာအိပ်ပျော်စေနိုင်သလို စိတ်ကိုလည်း Relax ဖြစ်စေနိုင်ပါတယ်။
အိပ်ရေးဝအောင်အိပ်ပါ
အိပ်ဖို့အတွက်အချိန်ကို ညမှ အိပ်တာမျိုးမဟုတ်ပဲ ရရင်ရသလိုလေး အိပ်ပေးပါ။
အစားအသောက်ကို ဂရုစိုက်ပေးပါ
ဒီလိုအချိန်မှာ ကော်ဖီသောက်တာမျိုး အေးတဲ့အစားအစာစားတာမျိုး ရှောင်ရှားပေးပါ။ သံဓါတ်ကြွယ်ဝတဲ့အစားအစာမျိုး ပူပူနွေးနွေး အစားအစာစားတာမျိုးလုပ်ပေးပါ။
ဓမ္မတာလာချိန် အရမ်းကိုက်ခဲတာမျိုးဆိုရင်
ဓမ္မတာပုံမှန်လာချိန်တောင် ကိုက်ခဲတတ်တဲ့ ကိုယ်တို့အမျိုးသမီးလေးတွေဟာ အခုလိုမျိုး ပုံမှန်ထက်နောက်ကျတဲ့ ဓမ္မတာလာချိန်မှာ ပုံမှန်ထက်ကို ပိုပြီး ကိုက်ခဲတတ်ကြပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ကိုက်ခဲတတ်တဲ့ ပုံစံမျိုး မတူညီပေမဲ့ ကိုယ်တို့အမျိုးသမီးတွေ ကိုက်ခဲတဲ့အချိန်ဟာ တော်တော်ကြီး ခံစားရခက်တာပါပဲ။
ဆေးသောက်ခြင်း
ဓမ္မတာလာလို့ ဆေးသောက်ကြမယ်ဆိုရင် EVE, Eposoft တို့လို evening oil ပါတဲ့ ဆေးမျိုး သောက်ပေးတာကောင်းပါတယ်။ Vitamin E ပါတဲ့ ဆေးလေးတွေသောက်ပေးပါ။
မိန်းကလေးတွေ ဓမ္မတာလာခါနီးနဲ့ ဓမ္မတာလာနေတဲ့အချိန်မှာ ပိုပြီး စိတ်ထိခိုက်လွယ်၊ စိတ်တိုလွယ်တာကြောင့် ပတ်ဝန်းကျင်က မိသားစု၊ သူငယ်ချင်းတွေ နဲ့ ချစ်သူ ကြင်ဖော်အနေနဲ့ အရင်ကထက် ပိုပြီးဂရုစိုက်ပေးကြပါ။ သူတို့ စိတ်တိုလို့ ကိုယ်လည်းစိတ်တိုတာမျိုးမဟုတ်ပဲ စိတ်ရှည်ရှည်လေးထားပြီး ကိုယ့်အမျိုးသမီး၊ ချစ်သူလေးအပေါ်ဆက်ဆံပေးကြဖို့ လိုအပ်ပါတယ်။
အမျိုးသမီးလေးတွေလည်း စိတ်ကျန်းမာရေးကို ဂရုစိုက်ပြီး စိတ်ကိုလည်း အနားပေးရင်း ကျန်းမာရေးကိုလည်း ဂရုစိုက်ကြပါ။