ခေတ်တွေပြောင်းလာတာနှင့်အမျှ အခြေအနေအချိန်အခါပေါ်မူတည်ပြီး business တွေကလည်း marketing ပိုင်းမှာရော စားသောက်ဆိုင် တစ်ဆိုင်ရဲ့ စားသုံးသူအပေါ်ဝန်ဆောင်မှုတွေကလည်း တိုးတက်ပြောင်းလဲလာလျှက်ရှိပါတယ်။ စားသောက်ဆိုင်တွေရဲ့ တစ်ဆိုင်နှင့်တစ်ဆိုင် customer အတွက် ဝန်ဆောင်မှုတွေကလည်း မတူညီတဲ့ အနေအထားမှာ လူကြီးမင်းတို့ရဲ့ စားသောက်ဆိုင်တွေမှာဆိုရင်ရော customer တွေဆီက Order တွေကို ဘယ်လိုပုံစံမျိုးနဲ့ ဝန်ဆောင်မှုပေးနေကြပြီလဲ။
customer တွေရဲ့ first impression ကောင်းရချင်တယ်ဆိုရင်တော့ smart ကျတဲ့ order လက်ခံတဲ့စနစ်ရှိဖို့ လိုအပ်ပါတယ်။ ဒါဆိုရင် လွယ်ကူတိကျမြန်ဆန်ပြီးတော့ smart ကျကျ အော်ဒါလက်ခံလို့ရတဲ့ yathar Smart Order နဲ့ မိတ်ဆက်ပေးချင်ပါတယ်။
yathar Smart Order ထဲမှာဆိုရင် Customerတွေရဲ့ အဝေးကနေ menu order ကြိုတင်ထားတာကို လက်ခံနိုင်မယ့် Take Out နှင့် ဆိုင်မှာထိုင်စားလိုတဲ့ customer တွေရဲ့ QR code ကို scan ဖတ်ပြီး table နံပါတ်နှင့်ပါတကွ menu order များကို လက်ခံယူနိုင်မယ့် Table Order ဆိုပြီး ၂ မျိုးရှိပါတယ်။
Take Out နှင့် Order တင်ထားသော menu များအတွက် မိမိ customer တို့ လိုချင်တဲ့အချိန်ကို တစ်ခါတည်း သိရှိနိုင်တာကြောင့် customer တွေ ဆိုင်မှာ ပါဆယ်ထိုင်စောင့်နေစရာမလိုတော့ပဲ သူတို့ လိုချင်တဲ့အချိန် မိမိဆိုင်က ဟင်းပွဲများကို ready လုပ်ထားလို့ရတာကြောင့် မိမိဆိုင်အပေါ် customer တွေ စိတ်ကျေနပ်မှုပိုရရှိစေမှာပါ။ ဒါတင်မကသေးပါဘူး ကျန်းမာရေးအရ ပြန်ကြည့်မယ်ဆိုရင်လည်း လူတွေနဲ့ထိတွေ့မှုကို တတ်နိုင်သမျှ လျှော့ချနိုင်မှာဖြစ်လို့ စားသောက်ဆိုင်တွေအနေနဲ့ရော စားသုံးသူတွေအနေနဲ့ပါ safe ဖြစ်စေပါတယ်။
Table Order အတွက်ဆိုရင်လည်း customer ကိုယ်တိုင် QR code ကို scan ဖတ်ပြီး menu များကို Table နံပါတ်နှင့်တကွ order တင်ထားနိုင်သောကြောင့် စားပွဲဝိုင်းနှင့် ဟင်းပွဲမှားတာမျိုးလည်း မဖြစ်နိုင်တော့ပါဘူး။ menu order များကို system ကျကျနဲ့ order လက်ခံလို့ရတာကြောင့် customer အတွက်လည်း ပိုပြီးအဆင်ပြေသလို မိမိဆိုင်အတွက်လည်း လုပ်ငန်း process ကို ပိုပြီး လွယ်ကူချောမွေ့စေပါတယ်။
ဒါ့အပြင် menu တစ်ခုချင်းစီအတွက် description အသေးစိတ်ကိုပါ Note မှာထည့်ပြီး အော်ဒါတင်နိုင်လို့ customer တစ်ယောက်ချင်းစီကို သေချာလေး ဂရုစိုက်နိုင်မှာ ဖြစ်ပါတယ်။
yathar Smart Order နဲ့ဆို customer တွေကို စိတ်မပျက်စေဘဲနဲ့ impression ကောင်းတစ်ခုကို အရယူနိုင်မှာ ဖြစ်ပါတယ်။ yathar Smart Order ကို အသုံးပြုမယ်ဆိုရင်တော့ လူကြီးမင်းတို့ရဲ့စားသောက်ဆိုင်အတွက် အကျိုးများစေနိုင်မယ်ဆိုတာ အသေအချာပါပဲ။ Smart ကျကျ ဈေးရောင်းဖို့အတွက် yathar Smart Order ကို အသုံးပြုကြပါစို့။