စားသောက်ဆိုင်

ဆိုင်မှာလာစားတဲ့ customer တွေဆီကနေ table order တက်လာရင် ဘယ်လိုကြည့်ကြမလဲ?

yathar ရဲ့ smart order ကို အသုံးပြုပြီးတော့ table order တွေ လက်ခံပုံ နည်းလမ်းတွေကို မျှဝေပေးချင်ပါတယ်။ 

ဆိုင်မှာလာစားကြတဲ့ customer တွေကနေပြီးတော့ QR code ကို scan ဖတ်ပြီးတော့ order တင်လိုက်မယ်ဆိုရင် ဒီ order ကို yathar website ထဲက control panel ထဲမှာ သွားပြီးတော့ စစ်ဆေးနိုင်ပါတယ်။

Control Panel ထဲက order ဆိုတဲ့နေရာလေးကိုနှိပ်လိုက်တာနဲ့ customer တွေရဲ့ order တွေအားလုံးကို ကြည့်နိုင်မှာဖြစ်ပါတယ်။ 

ဒီ order တစ်ခုချင်းစီမှာ table order လား take out order လားဆိုတာကို ဖော်ပြပေးထားသလို table no. ကိုလည်း တွဲပြီးဖော်ပြပေးထားမှာ ဖြစ်ပါတယ်။ 

ပြီးတော့ မှာယူထားတဲ့ menu တွေနဲ့ ဈေးနှုန်းတွေကိုပါ တစ်ခါတည်းတွဲပြီး order တစ်ခုတည်းမှာ အပြည့်အစုံဖော်ပြပေးထားမှာဖြစ်လို့ တိကျသေချာတဲ့ order စနစ်တစ်ခုဖြစ်ပါတယ်။ 

yathar ရဲ့ smart order နဲ့ရင် ပိုပြီးလွယ်ကူမြန်ဆန်မယ် တိကျသေချာလို့ customer တွေကို ပိုကောင်းတဲ့ဝန်ဆောင်မှုတွေကို ပေးနိုင်တော့မှာပါ။