နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ နယ်ပယ်အသီးသီးမှာ နောက်ဆုံးပေါ် နည်းပညာတွေကို အသုံးပြုလာကြပါတယ်။ စားသောက်ဆိုင်တွေအနေနဲ့လည်း စားသုံးသူ customer တွေကို လွယ်ကူမြန်ဆန်စွာနဲ့ service ပေးနိုင်အောင် နောက်ဆုံးပေါ် နည်းပညာတွေကို အသုံးပြုလာကြပါတယ်။
Digital payment, POS system, online booking စတဲ့ နောက်ဆုံးပေါ် နည်းပညာတွေနဲ့အတူ Digital Menu ကလည်း အသုံးများလာခဲ့ပါတယ်။
Digital Menu မှာဆိုရင် စားသောက်ဆိုင်မှာ လူအများမြင်သာစေအောင် on screen digital menu တွေကို အသုံးပြုလာသလို QR code ကို scan လုပ်ပြီးတော့ customer ရဲ့ smartphone ထဲကနေ menu တွေကို order တင်နိုင်မယ့် Digital menu တွေလည်း ခေတ်စားလာပါတယ်။
Digital Menu တွေကို အသုံးများလာရတဲ့ အကြောင်းရင်းကတော့ ကျန်းမာရေးနဲ့ ပိုပြီးတော့ ကိုက်ညီတာကြောင့်ကြောင့်ရယ် ပိုပြီး လွယ်ကူမြန်ဆန်တာကြောင့်ရယ်ပဲ ဖြစ်ပါတယ်။
Traditional menu book တွေကို လူတွေအများကြီး အသုံးပြုထားတာကြောင့် ဒီ menu book မှာ မမြင်နိုင်တဲ့ ပိုးမွှားကပ်ငြိနေနိုင်ပါတယ်။
Digital menu တွေက ဒီပြဿနာတွေအတွက် အဖြေတစ်ရပ်ဖြစ်လာပါတယ်။
ဒါ့အပြင် waiter တွေနဲ့ ပြောဖို့မလိုတော့လို့ လူတွေနဲ့ ထိတွေ့ဆက်ဆံစရာလျော့နည်းသွားတာကြောင့် အခုလို pandemic ကာလမှာ Digital menu တွေကို ပိုပြီးတော့ တွင်တွင်ကျယ်ကျယ် အသံဒးပြုလာကြတာပဲ ဖြစ်ပါတယ်။
QR code ကို scan လုပ်လိုက်တာနဲ့ menu တွေကို ကြည့်နိုင်ရုံတင်မကဘဲ တစ်ခါတည်းအော်ဒါပါတင်လို့ရလို့ ပိုပြီးတော့ လွယ်ကူမြန်ဆန်တဲ့ service တွေ ဖြစ်လာရတာပါ။
Digital menu နည်းပညာတွေက အနာဂတ်မှာ ပိုပြီး တိုးတက်လာပြီးတော့ အသုံးပြုမှုလည်း များပြားလာနိုင်တဲ့ အလားအလာကောင်းတွေ များစွာရှိလို့လည်း နေပါတယ်။