ကျန်းမာ & အလှအပ

မိုးရာသီနဲ ့မႈိနံ ့

မိုးရာသီရောက်လာတော့မယ်ဆိုတော့ လေထုစိုထိုင်းစတွေများပြီးတော့ မှိုတွေစွဲတော့မယ်ဆိုတာ သိကြတယ်ဟုတ်။ ဘီဒိုထဲက အကျီင်္တွေ ဖိနပ်တွေမှာဆို ပိုပြီးတော့ သိသာတယ်နော်။ ဒီထဲမှာမှ ခြေထောက်လေးတွေမှာ မှိုမစွဲရလေအောင် ဘယ်လိုလေးတွေပြုလုပ်ရမလဲ ဆိုတာလေးကိုပြောပြပေးမယ်နော်။

ဒါဆို ပထမဆုံးအနေနဲ့ ဘာလုပ်ရမလဲဆိုတော့

၁။ဖိနပ်အပိတ်တွေမစီးပါနဲ့

ဖိနပ်အပိတ်တွေက လေ၀င်လေထွက်သေချာမရှိတော့ မိုးရေထဲသွားလိုက်လို့ ရေစိုသွားတဲ့အခါမှာ မှိုတွေပိုပြီးစွဲစေပါတယ်။ မှိုတွေပေါက်ဖွားနေတော့ စီးလိုက်တဲ့အခါမှာ ခြေထောက်လှလှလေးမှာပါ မှိုတွေစွဲပြီးတော့ အနံ့အသက်တွေမကောင်းပဲ ဖြစ်နေမှာပါ။ဒါကြောင့် ဖိနပ်အပိတ်တွေကိုမစီးပဲနဲ့ မိုးတွင်းမှာစီးဖို့သင့်တော်တဲ့ ဖိနပ်အပါးလေးတွေကိုပဲစီးပါ။

၂။အစိုဓာတ်ကိုသတိရပါ

မိုးရေထဲကနေ ပြန်လာပြီးဆိုရင် ခြေထောက်လေးကို ရေတွေသေချာဆေးပါ။ ပြီးရင် သေချာလေးသုတ်ပြီးတော့ အစိုဓာတ်ထိန်းတဲ့ cream တစ်ခုခုကိုအမြဲတမ်းလိမ်းပါ။ခြေထောက်အနံ့အသက်တွေကို သက်သာစေပြီးတော့ ခြေထောက်လေးကိုနူးညံ့နွေးထွေးစေပါတယ်။

၃။အမြဲတမ်းသန့်ရှင်းအောင်ထားပါ

ခြေထောက်လေးတွေသန့်ရှင်းနေရင် ဘယ်နေရာသွားသွား Confident ရှိပါတယ်။ ခြေထောက်လှလှလေးတွေကို မကြိုက်ဘူး သဘောမကျဘူးဆိုတဲ့သူတော့ဘယ်ရှိပါ့မလဲနော်။ ဒါကြောင့်မို့ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိအောင် ခြေထောက်လေးတွေကို သေချာဂရုစိုက်သင့်ပါတယ်။

၎။Oil message

ခြေထောက်လေးတွေကို သေချာစွာလေးနှိပ်နှယ်ပေးတာက သွေးလှည့်ပတ်မှုကို ကောင်းစေပြီးတော့ စိတ်ခံစားမှုကို သက်တောင့်သက်သာရှိစေပါတယ်။ သံလွင်ဆီအနည်းလူးပြီး ခြေဖ၀ါးလေးကိုသေချာစွာနှိပ်နယ်ပေးကြည့်ပါ။ တစ်လမှာ ၂ခါလောက်တော့ Spa သွားပြီးတော့ ခြေထောက်ကို Messageလုပ်ပေးသင့်ပါတယ်။ဒါဆို ခြေထောက်က အပူတွေ အခိုးငွေ့တွေထွက်ပြီးတော့ ပေါ့ပါးလန်းဆန်းနေမှာပါ။

၅။ခြေသည်းလေးတွေကိုသန့်ရှင်းစွာထားပါ

တစ်နေကုန်သွားထားလာထားတော့ ခြေသည်းကြားလေးတွေထဲမှာ ဖုန်မှုန့်တွေကများလာပြီးတော့ ခြေသည်းလေးတွေကြားထဲမှာစုနေပါတယ်။မိုးရေတွေစိုတဲ့အခါမှာ မှိုတွေနဲ့ ခြေသည်းကဖုန်တွေက ပေါင်းပြီး အနံ့အသက်တွေ ဘတ်တီးရီးယားတွေပေါက်ပွားလာကြပါတယ်။ အနံ့အသက်ဆိုးတွေထွက်လာတဲ့အခါမှာ မိမိသာမကပဲ ဘေးမှာရှိနေတဲ့မိတ်ဆွေအပေါင်းအသင်းတွေ အတွက်လည်း အဆင်မပြေနိုင်ပါဘူးနော်။ ဒါကြောင့် ခြေသည်းလေးတွေကိုလည်း သန့်ရှင်းစွာထားပေးပါ။

အခုဆိုရင် မိုးရာသီမှာဖြစ်တတ်တဲ့ မှိုနံ့ ခြေထောက်လေးတွေမှာ မစွဲအောင် ဘယ်လိုပြုလုပ်ရမလဲဆိုတာ သိသွားပြီးဆိုတော့ ခြေထောက်လေးတွေကို သန့်ရှင်းစွာထားကြရအောင်နော် ဒါမှ လူကြားထဲသွားတဲ့အခါမှာ မိမိကိုယ်ကိုယ် ယုံကြည်မှုရှိနေစေပါတယ်။

နောက်ထပ် ဗဟုသုတရစေမယ့်အကြောင်းအရာတွေ ၊ ကျန်းမာရေး အလှအပ ၊ဟင်းချက်နည်းတွေ စသဖြင့် အများကြီးတင်ဆက်ပေးဖို့ ရှိနေသေးတဲ့အတွက်ကြောင့် yathar ကို see first လေးလုပ်ထားပါအုန်းနော်။ဒါဆို အခုနည်းလမ်းလေးတွေကို သူငယ်ချင်းတွေကိုလဲ shareလေးနှိပ်ပြီး မျှဝေလိုက်ကြပါအုန်း။