စားသောက်ဆိုင်

ရန်ကုန်မြို့ရဲ့ Chinese အစားအစာရရှိနိုင်တဲ့ စားသောက်ဆိုင်များ

ဒီတစ်ခေါက် တင်ဆက်ပေးချင်တဲ့ အကြောင်းအရာကတော့ ရန်ကုန်မြို့ထဲက Chinese restaurants တွေ အကြောင်းပဲ ဖြစ်ပါတယ်။ ဈေးနှုန်းအနေနဲ့လည်း သင့်တင့်ပြီးတော့ အရသာအနေနဲ့လည်း ကောင်းမွန်တဲ့ ရန်ကုန်မြို့ထဲက တရုတ်စားသောက် ဆိုင်တွေက ဘယ်ဆိုင်တွေ ဖြစ်မလဲဆိုတာ အောက်မှာဆက်ပြီး ဖတ်ရှုပေးကြပါဦး။

Imperial Garden restaurant

တရုတ်စားသောက်ဆိုင်တွေထဲမှာ Imperial Garden restaurant ကတော့ တကယ်ကောင်းမွန်တဲ့ စားသောက်ဆိုင်တစ်ဆိုင်ပါပဲ။ တရုတ်အစားအသောက်တွေ စုံတယ်။ ဟင်းပွဲတိုင်းက အရသာကောင်းတယ်။ ဒီဆိုင်ရဲ့ ဘဲကင်နဲ့ Dimsum ကတော့ လုံးဝ must try item တွေပါပဲ။ ဘဲကင်ဆိုရင် အပေါ်အရေခွံကြွပ်ကြွပ်လေးနဲ့ အထဲကအသားက နူးညံ့ပြီး တော်တော်စားကောင်းပါတယ်။ 

Hong Bao Dim Sum and Authentic Hong Kong Cuisine 

ဝက်ကောင်လုံးကင်၊ ဘဲကင်၊ ကြက်ပေါင်း၊ တရုတ်ဂဏန်းမာဆလာချက် စတဲ့ တရုတ်ဟင်းလျာကောင်းတွေကို သုံးဆောင်ချင်တယ်ဆိုရင်တော့ Hong Bao Dim Sum and Authentic Hong Kong Cuisine ရှိပါတယ်။ ဟောင်ကောင်စတိုင်ဟင်းလျာတွေရယ် Dimsum တွေရယ်ကို ဒီဆိုင်မှာ ရရှိနိုင်ပါတယ်။ အရသာပိုင်းအနေနဲ့ တော်တော်လေးကောင်းတာကြောင့် အရသာနဲ့တင် recommend ပေးပါတယ်။ 

800 Bowls Chinese Restaurant

800 Bowls Chinese Restaurant မှာကတော့ Bao လို့ခေါ်တဲ့ ပေါက်စီမျိုးစုံ ရနိုင်ပါတယ်။ ဈေးနှုန်းသင့်တင့်ပြီးတော့ အရသာအနေနဲ့လည်း အဆင်ပြေပါတယ်။ ရွေးချယ်စရာ menu လည်း များလို့ စိတ်ကြိုက်တွေ့စရာပါပဲ။ ခေါက်ဆွဲတွေလည်း တော်တော်အရသာကောင်းတယ်။ ဈေးနှုန်ူးအနေနဲ့လည်းသင့်ပြီး အရသာလည်းကောင်းလို့ recommend ပေးချင်ပါတယ်။

Jin Din Fung Chinese Cuisine

Premium ဆန်တဲ့ တရုတ်အစားအသောက်ရဲ့ အရသာကို ခံစားချင်ရင်တော့ Jin Din Fung Chinese Cuisine က အသင့်တော်ဆုံး စားသောက်ဆိုင်ပဲ ဖြစ်ပါတယ်။ တရုတ်အရသာစစ်စစ်ဖြစ်ပြီးတော့ တရုတ်အစားအသောက်မျိုးစုံ ရနိုင်ပါတယ်။ အရသာနဲ့တင် တော်တော်လေး recommend ပေးချင်စရာ စားသောက်ဆိုင်တစ်ဆိုင်ပါ။ 

Oriental House

Oriental House မှာကတော့ Dimsum ကို အဓိက ရောင်းချတာပဲ ဖြစ်ပါတယ်။ Oriental House က Dimsum ကတော့ လူကြိုက်များတဲ့အတိုင်း အရသာလည်း အရမ်းကောင်းပါတယ်။ Dimsum အပြင် တခြား တရုတ်အစားအစာတွေလည်း ရပါတယ်။ Dimsum ကောင်းကောင်းစားချင်ရင်တော့ Royal Oriental House ရွေးချယ်စရာ တစ်ခုပါပဲ။ 

အခုဖော်ပြပေးခဲ့တာကတော့ ရန်ကုန်မြို့ထဲက ဈေးနှုန်းလည်းသင့်တင့်ပြီးတော့ အရသာလည်းကောင်းတဲ့ တရုတ်စားသောက်ဆိုင်တွေကို ရွေးချယ်ဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။ နောက်တစ်ခေါက်မှာလည်း အခုလို စိတ်ဝင်စားစရာကောင်းတဲ့ ရန်ကုန်မြို့ထဲက စားသောက်ဆိုင်တွေအကြောင်းကို ဖော်ပြပေးသွားမှာဖြစ်လို့ စောင့်မျှော်ဖတ်ရှုပေးကြပါဦး။