စားသောက်ဆိုင်

ရန်ကုန်မြို့ရဲ့ Free WIFI ရရှိနိုင်တဲ့ စားသောက်ဆိုင်များ

အစားအသောက်ကောင်းကောင်းလေးတွေ စားရင်းနဲ့ အင်တာနက်လေးသုံးပြီး အေးဆေးထိုင်ချင်တဲ့လူတွေအတွက် ဒီတစ်ခေါက်မှာတော့ ရန်ကုန်မြို့ထဲက Free Wifi ရနိုင်တဲ့ စားသောက်ဆိုင်တွေကို လမ်းညွှန်ပေးချင်ပါတယ်။ 

Mycup cafe

Mycup Cafe ကတော့ အေးအေးဆေးဆေးရှိပြီးတော့ အစားအသောက်ကောင်းကောင်းလေးတွေရတယ်။ ဈေးနှုန်ူအနေနဲ့လည်း ဆယ်ကျော်သက်တွေ လက်လှမ်းမီနိုင်တဲ့ အနေအထားမှာရှိတယ်။ menu ‌တွေကလည်း ပေါ့ပေါ့ပါးပါးလေးတွေဖြစ်ပြီးတော့ drinks တွေ ပိုအဆင်ပြေတယ်။ လူငယ်တွေအနေနဲ့ အေးအေးဆေးဆေး internet သုံးရင်း chill ချင်တယ်ဆိုရင်တော့ အရမ်းအဆင်ပြေပါတယ်။ 

Yangon language cafe

ဘာသာစကားတစ်ခုခုကို လေ့လာနေတဲ့ လူငယ်တွေအတွက်တော့ Yangon Language Cafe က အသင့်တော်ဆုံး ဖြစ်မှာပါ။ ဒီဆိုင်မှာ ကော်ဖီကောင်းကောင်းလေးတစ်ခွက် သောက်ရင်းနဲ့ စာလုပ်လို့ရပါတယ်။ အင်္ဂလိပ်၊ ပြင်သစ်၊ ဂျပန်၊ ကိုရီးယား အစရှိတဲ့ ဘာသာစကားနဲ့ပတ်သတ်တဲ့ လေ့လာစရာ စာအုပ်တွေ အများကြီးထားပေးထားပါသေးတယ်။ Free Wifi လည််းရတော့ online ပေါ်က သင်ခန်းစားတွေကိုပါ လေ့လာလို့ ရတာပေါ့နော်။ 

Imperial Cafe & Book

Imperial Cafe & Book ကတော့ လုံးဝစာဂျပိုးတွေအတွက်ပါပဲ။ ဒီဆိုင်မှာ ရသစာပေနဲ့ ပတ်သတ်တဲ့ စာအုပ်တွေအများကြီးရှိတယ်။ ကော်ဖီလေးသောက်ရင်း စာအုပ်ကောင်းလေးတွေကို ဖတ်နိုင်မယ့် cafe တစ်ခုပါ။ Free wifi လည်းရတော့ စာလုပ်ချင်တဲ့ လူငယ်တွေအတွက်လည်း အဆင်ပြေပါတယ်။ 

Cafe Gotham

သင်က Batman ကို ကြိုက်ရင်တော့ cafe Gotham ကို တစ်ခါလောက် အရောက်လာလည်ကြည့်လိုက်ပါ။ Batman နဲ့ ပတ်သတ်တဲ့ ဆိုင်အပြင်အဆင်က သင့်ကို Gotham မြို့ကြီးထဲရောက်သွားသလို ခံစားရစေမှာပါ။ ဆိုင်အပြင်အဆင်ပဲထူးခြားတာလားဆိုတော့ မဟုတ်ဘူး။ ဒီဆိုင်က grilled pork က အရမ်းကို စားကောင်းပြီး နာမည်ကြီးတယ်။ အခွင့်အရေးရရင် Gotham မြို့မှာ ဝက်သားကင် သွားစားဖြစ်အောင် စားပါ။ 

Link Juice Bar & Cafe  

Link Juice Bar & Cafe မှာကတော့ သဘာဝ အသီးဖျော်ရည်မျိုးစုံ ရပါတယ်။ ဒီဆိုင်မှာ အထူးခြားဆုံး menu ကတော့ crepe(ဂျပန်ခေါက်မုန့်) ပဲ ဖြစ်ပါတယ်။ ပြီးတော့ မြီးရှည်နဲ့ drinks တွေကို လူငယ်တွေ တော်တော်လေး သဘောကျကြတယ်။ menu တွေ ပွထမနေဘဲနဲ့ ရတဲ့ menu တွေတင် တော်တော်လေး အရသာရှိပါတယ်။ ဈေးအနေနဲ့လည်း သင့်ပြီး အရသာလည်းရှိတော့ ဒီဆိုင်ကိုလည်း recommend ပေးလိုက်ရပါတယ်။ 

ဒီတစ်ခေါက်မှာတော့ ရန်ကုန်မြို့ထဲက free wifi ရတဲ့ စားသောက်ဆိုင်တွေ အကြောင်းကို ဖော်ပြပေးခဲ့တာပဲ ဖြစ်ပါတယ်။ နောက်ထပ်လည်း ဘယ်လို စားသောက်ဆိုင်ကောင်းတွေအကြောင်း တင်ဆက်ပေးဦးမလဲဆိုတာ စောင့်မျှော်ပေးကြပါဦး။