စားသောက်ဆိုင်

ရန်ကုန်မြို့ရဲ့ Hot Pot ဆိုင်များ

ရန်ကုန်မြို့မှာ စားသောက်ဆိုင်တွေ မှိုလိုပေါက်နေတဲ့အထဲ Hot Pot ဆိုင်ကောင်းကောင်းကောင်းကို ရှာနေကြလား။

အသားတွေလည်း လတ်ဆတ် အရသာလည်းရှိ ဈေးလည်းသင့်မယ့်ဆိုင်တွေကို တစ်ခါတည်း ဖော်ပြပေးလိုက်တော့မှာမို့ အဆုံးထိ ဖတ်ပေးကြပါဦးနော် 

Yummy Hot Pot

Yummy Hot Pot ကတော့ ဟင်းရည်တွေရဲ့ အရသာလည်းကောင်းပြီးတော့ အသားတွေ ပင်လယ်စာတွေရော စုံစုံလင်လင်ရလို့ hotpot ချစ်သူတွေအကြား နာမည်ကြီးပါတယ်။ 

ဒါ့အပြင် ဆိုင်အပြင်အဆင်အနေနဲ့လည်း ကျယ်ဝန်းပြီး သပ်သပ်ရပ်ရပ် ရှိတာကြောင့် သူငယ်ချင်းတွေနဲ့ပဲ လာလာ မိသားစုတွေနဲ့ပဲလာလာ အဆင်ပြေတာပေါ့နော်။ 

ဈေးနှုန်အနေနဲ့လည်း သင့်တင့်တာကြောင့် yathar အနေနဲ့ Yummy Hot Pot ကို recommend ပေးပါတယ်နော်။ 

Memory Hot Pot 

ရန်ကင်းမြို့နယ်ထဲက memory hot pot ဆိုင်ရဲ့ ထူးခြားချက်ကတော့ ချုံချင့်အစပ်အစပ်အရသာဟင်းရည်ပါပဲ။ အသားတွေလည်း တော်တော်ကိုစုံစုံလင်လင်ရှိတယ်။

မာလာရှမ်းကောတို့လို တရုတ်အစားအသောက်တွေလည်း ရပါသေးတယ်။ ကားပါကင်အကျယ်ကြီးလည်း ဆိုင်ဝန်းထဲမှာရှိလို့ ကားပါကင်နေရာအတွက် လုံးဝပူစရာမလိုဘူးနော်။

Mr.Jerry Thai BBQ and Hotpot

Mr.Jerry Thai BBQ and Hotpot ကတော့ လူငယ်တွေကြားမှာ တော်တော်လေးကို နာမည်ရနေပြီးသား စားသောက်ဆိုင်တစ်ဆိုင်လို့ ပြောရမယ်။ Mr.Jerry ရဲ့ ထူးခြားချက်ကတော့ အကင်အိုးဘေးမှာပါတဲ့ dipping cheese ပါပဲ။

ကင်ထားပြီးသားအကင်လေးကို cheese လေးနဲ့ တွဲစားရတဲ့ အရသာကဘာနဲ့မှမလဲနိုင်လောက်အောင် စားကောင်းတယ်။ Hot Pot ရော အကင်ရောကို တစ်အိုးတည်းမှာပဲ စားလို့ရတော့ လူငယ်တွေအကြိုက်ပဲပေါ့။ 

ဈေးနှုန်းအနေနဲ့လည်း သင့်တော်တယ် အရသာလည်းကောင်းတော့ ဒီဆိုင်ကိုလည်း recommened ပေးပါတယ်။

Shwe Lar Hot Pot

Shwe Lar Hot Pot ကတော့ Hot Pot စားကြမယ်ဆိုတိုင်း ပထမဆုံးတွေးမိတဲ့ဆိုင်ပါပဲ။ Shwe Lar Hot Pot ရဲ့ treadmark ကတော့ စုံလင်ပြီး အရသာရှိလှတဲ့ ဟင်းရည်တွေပဲ ဖြစ်ပါတယ်။

အသားတွေကလည်း လတ်ဆတ်ပြီး စုံလင်တဲ့အပြင် ဝက်မှိုလုံး ပုစွန်လုံး စတဲ့အသားလုံးတွေကလည်း ရိုးအီမသွားနိုင်အောင် စားကောင်းလို့ လူကြီးလူငယ်မရွေးကြိုက်နှစ်သက်ကြတဲ့ Hot Pot ဆိုင်တစ်ဆိုင် အဖြစ် ရပ်တည်နေပါတယ်။ 

ဆိုင်ခွဲတွေလည်း အများကြီးဖွင့်ထားတော့ သွားရလာရလည်းမခက်တော့ဘူးပေါ့နော်။ 

Jo Jo Hotpot

Jo Jo Hot Pot ကတော့ ဆိုင်ခွဲတွေ အများကြီး ဖွင့်လှစ်ထားနိုင်တဲ့ Hot Pot ဆိုင်ကောင်းတစ်ဆိုင်ဆိုတာ ငြင်းလို့မရပါဘူးနော်။ Jo Jo Hot Pot မှာက အသားတွေ အသီးအရွက်တွေကစုံလင်ပြီး လတ်ဆတ်တဲ့အပြင် side dish တွေကလည်း အရသာရှိတယ်။

မာလာရှမ်းကောလည်း ရသေးတယ်။ ဆိုင်ခွဲတွေကလည်း ၆ ဆိုင်တောင် ရှိသေးတယ်။ ဈေးနှုန်းလည်း သင့်တင့်လို့ Jo Jo Hot Pot ကိုလည်း recommemd ပေးပါတယ်။ 

 အခုဖော်ပြပေးခဲ့တဲ့ Hot Pot ဆိုင်ငါးဆိုင်စလုံးကို yathar app ကနေပြီးတော့ booking လုပ်လို့ရပါတယ်။ ဒီတစ်ခါမှာ ရန်ကုန်မြို့က အကောင်းဆုံး hot pot ဆိုင်တွေကို ဖော်ပြပေးခဲ့သလိုပဲ နောက်ထပ် ဘယ်လိုအကြောင်းအရာတွေကို တင်ဆက်ပေးသွားမလဲဆိုတာကိုလည်း စောင့်ကြည့်ပေးကြပါဦးနော်။