ဒီတစ်ခါမှာလည်း အစားအသောက်ကောင်းကြိုက်တဲ့လူတွေအတွက် စားသောက်ဆိုင်ကောင်းလေးတွေကို ညွှန်းပေးချင်ပါတယ်။ ရန်ကုန်မြို့ထဲက ကိုရီးယားစားသောက်ဆိုင်တွေ အကြောင်းကို ဖော်ပြပေးသွားမှာဖြစ်လို့ ဆက်လက်ဖတ်ရှုပေးကြပါဦးနော်။
Ahjumma Kitchen
ကိုရီးယားစားသောက်ဆိုင်တွေထဲမှာ Ahjumma Kitchen ကိုတော့ မသိသူ မရှိသလောက်ပါပဲ။ အရသာတော်တော်လေးကောင်းပြီး ကိုရီးယားစာအစုံရတဲ့ဆိုင်မို့လို့ တော်တော်လေး နာမည်ရပြီးသား ဆိုင်တစ်ဆိုင်ပဲ ဖြစ်ပါတယ်။ ဒီဆိုင်မှာဆိုရင် ဘူဂိုလ်ဂီအမဲသားကင်ရယ် ဝက်ဂုတ်သားကင်ရယ် bibimbap လို့ခေါ်တဲ့ ထမင်းသုပ်ရယ်ကို စားကြည့်ဖို့ recommend ပေးပါတယ်။ ဒီဆိုင်က ဝက်ဂုတ်သားကင်က အရသာနှပ်ထားတာ တော်တော်လေးအစပ်အဟပ်တည့်ပြီး စားလို့အဆင်ပြေပါတယ်။
Seoul Myanmar
Seoul Myanmar ကတော့ ကိုရီယားခေါက်ဆွဲပြုတ်ကိုပဲ သီးသန့်ရောင်းတဲ့ ခေါက်ဆွဲဆိုင်ပါ။ ခေါက်ဆွဲပြုတ်ရဲ့အရသာပူပူစပ်စပ်လေးကို လူငယ်တွေတိုင်း ကြိုက်နှစ်သက်ကြပါတယ်။ အစပ်ကို level 0 ကနေ Level 7 အထိ ရွေးချယ်နိုင်တာမို့လို့ အကုန်လုံးအတွက်အဆင်ပြေပါတယ်။ ဒီဆိုင်က takoyaki လေးကလည်း must try ပါပဲနော်။
Omuk
Korea street food စားချင်တယ်ဆိုရင်တော့ Omuk ရှိပါတယ်။ ကိုရီးယားကားတွေထဲမှာ စားနေကျ တော့ပိုကီတွေ၊ fish cake တွေ၊ ကိုရီးယားထမင်းလိပ်တွေကိုမှ အာသီသရှိတယ်ဆိုရင် Omuk မှာ မြည်းစမ်းကြည့်နိုင်ပါတယ်။ myanmar plaza, City mall St.John စတဲ့ shopping center ကြီးတွေမှာ ဆိုင်လေးတွေ ဖွင့်လှစ်ထားတာမို့လို့ ဈေးဝယ်ရင်း ဗိုက်ဆာလာရင် အလွယ်တကူ ဝယ်စားနိုင်တဲ့ Korea street food ဆိုင်ကောင်း တစ်ဆိုင်ပဲ ဖြစ်ပါတယ်။
Little Korea BBQ
Little Korea BBQ ကတော့ ကိုရီယားအကင်အရသာကို ခံစားနိုင်တဲ့ BBQ ဆိုင်တစ်ဆိုင်ပဲ ဖြစ်ပါတယ်။ အကင်လေးနဲ့ ဆိုဂျူလေးနဲ့ဆို လိုက်ဖက်လိုက်မယ့်ဖြစ်ခြင်း။ ဘော်ဒါတွေစုပြီးတော့ စားမယ်ဆိုရင် တော်တော်လေးပျော်စရာကောင်းမှာပါ။ အကင်အိုးဘေးနားမှာ ချိစ်လေးတွေထည့်ဖို့ အကန့်လေးတွေပါသေးတယ်။ အကင်လေးနဲ့ ချိစ်အတွဲအစပ်က တော်တော်လေးကောင်းမွန်ပါတယ်။
Busan Fish Cake
ကိုရီးယား fish cake ကြိုက်သူတွေအတွက်တော့ Busan Fish cake က လုံးဝကွက်တိပါပဲ။ Fish cake တွေအပြင် ဘူဒဲလ်ဂျီဂဲ၊ ကိုရီးယားပဲခေါက်ဆွဲ၊ ကင်ချီဝက်သားကြော် စတဲ့ menu တွေကိုပါ ရရှိနိုင်ပါတယ်။ Fish cake အရသာ တော်တော်အဆင်ပြေတာမို့လို့ ဒီဆိုင်ကိုလည်း recommend ပေးပါတယ်။