Myanmar Plaza မှာဖွင့်လှစ်လျက်ရှိသော Ramen ဆိုင်တစ်ခုဖြစ်တဲ့ Jan Jan Jan ကတော့ အခုဆို ရန်ကုန်မြို့ရဲ့ အချက်အချာကျသော လမ်းမတော်မြို့နယ်ထဲကို ဆိုင်ခွဲအနေနဲ့ရောက်ရှိလို့လာပါပြီ။
ဟင်းရည်ဟာဆိုလျှင် Jan Jan Jan Ramen ခေါက်ဆွဲကို စတင်တည်ထောင်ခဲ့သူ “ ကူဆန်းပန်းနန် “ ၏ ကိုယ်ပိုင်နည်းပညာကို လိုက်နာပြီး အထူးရွေးချယ်ထားသော ၀က်ခြေထောက်ရိုး၊ ၀က်ကျောရိုး၊ ကြက်ရိုးများ နှင့် ပိုးသတ်ဆေးမပါဝင်သည့် ဟင်းသီးဟင်းရွက်များကို ဟင်းရည်ထဲရောနှောထားပြီး ကော်လွိုက်လည်း ကြွယ်ဝတဲ့ ဟင်းရည်တစ်ခုလည်းဖြစ်ပါတယ်။
Jan Jan Jan ၏ ခေါက်ဆွဲဖတ်ကို ဂျပန်နိုင်ငံမှတင်သွင်းတဲ့ ကုန်ကြမ်းတွေနဲ့ပြုလုပ်ထားတဲ့အပြင် မပုပ်မသိုးဆေးမပါဝင်လို့ စားသုံးသူတွေအတွက် အဖိုးမဖြတ်နိုင်တဲ့ အရသာကို ခံစားစေရမှာပါ။
လမ်းမတော်မှာအနီးတ၀ိုက်မှာရှိတဲ့ Ramen ချစ်သူတွေအတွက် Myanmar Plaza ထိမသွားနိုင်လို့ စိတ်ပူနေစရာမလိုတော့ပါဘူး။ လမ်းမတော် စံပြရုပ်ရှင်ရုံနှင့် မျက်စောင်းထိုး၊ ၁၂ လမ်း( အလယ်ဘလောက်)နှင့် အနော်ရထာလမ်းထောင့်မှာတည်ရှိတဲ့အတွက် သွားရလာရလည်းအရမ်းလွယ်ကူပါတယ်။
ဆိုင်ဖွင့်ပွဲနေ့က အမှတ်တရဓါတ်ပုံများကို ကြည့်ရှုနိုင်ပါသည်။
Jan Jan Jan Fanလေးတွေလည်း လမ်းမတော်မြို့နယ်မှာ အသစ်ဖွင့်တဲ့ ဆိုင်ခွဲလေးမှာလည်း သွားစားကြည့်ကြဖို့ တိုက်တွန်းအပ်ပါတယ်။