စားသောက်ဆိုင် အင်တာဗျူး

Nori Sushi Bar ပိုင်ရှင် ဦးခင်ဇော်နှင့်ဇနီးတို့အား တွေ့ဆုံခြင်း

Sushi ကို မှ တစ်မူထူးခြားတဲ့ အရသာလေးတွေနဲ့ Sushi ကို ကြိုက်တဲ့သူတွေအတွက် 47 လမ်းထဲက Nori Sushi ဆိုတဲ့ ဆိုင်သစ်လေးအကြောင်းကို ဒီတစ်ခါ ပြောပြချင်ပါတယ်။

မေး အစ်ကို့နာမည်လေးနဲ့ Nori Sushi ဆိုင်ကို ဘယ်လိုရည်ရွယ်ချက်နဲ့ ဘယ်အချိန်က စတင်ဖွင့်လှစ်ခဲ့တာလဲ။

ဖြေ “ ကျွန်တော့နာမည်လေးကတော့ ကိုခင်ဇော်ပါ။ Sushi ဆိုင်ကို 2018/10/20 ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံမှာပြောင်းလဲလာတဲ့ စီးပွားရေးအခြေအနေနဲ့ ကိုက်ညီအောင်၊ နိုင်ငံတကာရဲ့ အစားအသောက် ယဉ်ကျေးမှုကို မြန်မာနိုင်ငံအတွက်လည်း ထိတွေ့မှုရှိအောင်ဆိုတဲ့ ရည်ရွယ်ချက်လေးနဲ့ ဆိုင်ကို ဖွင့်ခဲ့တာပါ။ “

မေး Nori Sushi Bar မှာ အဓိက ဘယ်လို Menu မျိုးတွေနဲ့ ဘယ်လို ၀န်ဆောင်မှုမျိုးတွေရနိုင်လဲ။

ဖြေ “ Sushi ကြိုက်တဲ့ Customer တွေ၊ မြန်မာလူမျိုးတွေနဲ့ကိုက်ညီတဲ့ အရသာမျိုးနဲ့ ဖက်စပ်ပြီးလုပ်ထားတယ်။ ကလေးလူကြီးစားလို့အဆင်ပြေအောင် menu လေးတွေကို လုပ်ထားပါတယ်။  ၀န်ဆောင်မှုအနေနဲ့ သန့်ရှင်းမှု၊ အေးအေးဆေးဆေးထိုင်လို့ရတဲ့အပြင် Wifi Free လေးလည်းပေးထားပါတယ်။ အဓိက က ဆိုင်ထဲကို ၀င်တာနဲ့ အေးချမ်းတဲ့ feeling မျိုးကိုပေးချင်တာပါ။ ဆိုင်အနီးအနားတစ်မိုင်ပတ်လည်ဆိုရင် Free charge အနေနဲ့ Delivery ပို့ပေးပါတယ်။ Catering အနေနဲ့လည်း လက်ခံပါတယ်။ Party ကြီးတွေလုပ်လို့ ဝေးတဲ့နေရာကမှာမယ်ဆိုရင်လည်း တစ်ကြောင်းစာပဲ ယူပြီး Customer တွေအတွက် အတတ်နိုင်ဆုံး လုပ်ဆောင်ပေးဖို့ရှိပါတယ်။

မေး အစ်မအနေနဲ့ Nori Sushi ဆိုင်ရဲ့ ထူးခြားချက်လေးတွေကို Customer တွေကို ပြောပြပေးပါဦး။

ဖြေ “ အစ်မတို့ဆိုင်ရဲ့ Customer တွေ စိတ်ကျေနပ်မှုရှိစေဖို့က အဓိကပါ။ Customer တွေအတွက် လုပ်ပေးထားတဲ့ အစားအစာက safety ဖြစ်ရမယ်။ ကလေးရော လူကြီးရော safe ဖြစ်အောင် သန့်ရှင်းလတ်ဆတ်မှုကို အလေးထားပါတယ်။ နောက်ဆုံးတစ်ချက်က sauce ပါ။ sauce လေးတွေက menu အလိုက် sauce လေးတွေ အမျိုးမျိုးကွဲအောင် လုပ်ထားပါတယ်။ ကိုယ်ပိုင်လုပ်ထားတဲ့ sauce အပြင် နိုင်ငံတကာက sauce လေးတွေကိုလည်း သုံးထားပါတယ်။ “

မေး အစ်မအနေနဲ့ ညီမတို့ Yathar Service နဲ့ ဘာကြောင့်အသုံးပြုဖြစ်တာလဲ။

ဖြေ ပထမဆုံး Yathar နဲ့ ပတ်သက်ပြီးလာတဲ့ ကလေးတွေ ရှင်းပြပေးတာက နားလည်လွယ်တယ်။  Service ကလည်း အစ်မတို့ မျှော်လင့်တာထက် ပေးနိုင်တာကို တွေ့ရတယ်။ ဈေးနှုန်းကလည်း သက်တောင့်သက်သာ ဖြစ်တယ်။ ဈေးနှုန်းထက် Yathar က လုပ်ပေးတဲ့ service က အစ်မတို့ မျှော်လင့်တာထက်ပိုတဲ့အပြင် စေတနာပါတာလည်း တွေ့ရတယ်။ Relationship မှာလည်း ပြောရဆိုရတာ အရမ်းအဆင်ပြေပါတယ်။ တခြားသူတွေကိုလည်း Yathar Service ကို အသုံးပြုကြည့်ဖို့တိုက်တွန်းပါတယ်။ “

မေး အစ်မတို့ Customer တွေကို တခြားဘာပြောချင်တာများ ရှိသေးလဲ။

ဖြေ “ အစ်မတို့ဆိုင်က ဖွင့်တာမကြာသေးပေမဲ့ Customer တွေကြိုက်နှစ်သက်အောင်လုပ်ပေးဖို့ အဆင်သင့်ရှိပါတယ်။ လာစားရင်း အဆင်မပြေတာတွေပါတွေရှိရင်လည်း အစ်မတို့ကို အကြံပေးလို့ရပါတယ်။