မိုးတွင်းဆိုတော့ အစားအသောက်ကောင်းကောင်းလေး စားပြီးတော့ စိတ်ရောကိုယ်ပါ လန်းဆန်းအောင် လုပ်ကြရအောင်။ မိုးအေးအေးနဲ့ ထိုင်းစာချဥ်ချဥ်စပ်စပ်လေးကို ရှူးရှူးရှဲရှဲစားချင်တဲ့ လူတွေအတွက် ထိုင်းစာကောင်းကောင်းရနိုင်မယ့် Thai restaurants လေးတွေကို ဒီတစ်ခေါက်မှာ ဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။
Thai 47 restaurant
Thai 47 restaurant ရဲ့ ထိုင်းအစားအစာတွေကတော့ အရသာတော်တော်လေး အစပ်အဟပ်တည့်ပြီးတော့ အရမ်းအဆင်ပြေပါတယ်။ နာမည်ကြီးဆိုင်ဖြစ်တဲ့အတိုင်း အရသာပိုင်းမှာတော့ လုံးဝပြီးပြည့်စုံပါတယ်။ ပုစွန်တုန်ယမ်းဟင်းချို၊ ဖက်ကဖောင်း၊ ထိုင်းအသားကင်၊ ငါးသံပုရာပေါင်း စတာတွေအပြင် တော်တော်လေးစုံလင်ပါတယ်။ အျခိုပွဲအနေနဲ့လည်း ရာသီအလိုက် သရက်သီးကောက်ညှင်း၊ ဒူးရင်းကောက်ညှင်း စတဲ့ ထိုင်းရိုးရာအချိုပွဲတွေဥိုပါ တစ်နေရာတည်း သုံးဆောင်နိုင်ပါတယ်။
Royal Thai restaurant
Royal Thai restaurant ကလည်း ထိုင်းအရသာစစ်စစ်ကို မြည်းစမ်းနိုင်မယ့် နာမည်ကြီးထိုင်းစားသောက်ဆိုင် တစ်ဆိုင်ပဲ ဖြစ်ပါတယ်။ ထိုင်းစာဖိုးမှူးကိုယ်တိုင် ချက်ပြုတ်ပြင်ဆင်ပေးတာဖြစ်လို့ အရသာနဲ့ပတ်သတ်ပြီးတော့ စိတ်ချလို့ရပါတယ်။ ထိုင်းအစားအသောက်တွေ စုံလင်ပြီးတော့ သန့်ရှင်းလတ်ဆတ်တာမို့လို့ ထိုင်းစားသောက်ဆိုင်တွေထဲမှာ ဒီဆိုင်ကိုလည်း recommend ပေးပါတယ်။
Thai Lanna restaurant
သူငယ်ချင်းတွေနဲ့ အတူတူစားမယ်ဆိုရင်တော့ Thai lanna က ကုန်ထန်ကို လုံးဝ recommend ပေးပါတယ်။ ပင်လယ်စာအစုံကို အရသာကောင်းကောင်းနဲ့လည်း စားရမယ်။ ဟင်းအနှစ်က အုန်းနို့နဲ့ချက်ထားပေမယ့် မအီဘဲနဲ့ အစိမ့်အရသာလေးနဲ့ ချဥ်ချဥ်စပ်စပ်လေး။ အထောင်းတွေကလည်း စုံပြီးတော့ အရသာတော်တော်လေးကောင်းပြီးတော့ ဈေးတန်ပါတယ်။
One Zaab restaurant
One Zaab ကတော့ လူငယ်တွေကြားမှာ တော်တော်လေး နာမည်ရတဲ့ ထိုင်းစားသောက်ဆိုင်တစ်ဆိုင်ပါ။ menu စုံပြီးတော့ ပေါ့ပေါ့ပါးပါး စားလို့ရတယ်။ဒီဆိုင်က နံရိုးမီးတောက်လည်း ကောင်းတယ်။ ဈေးအနေနဲ့လည်း သင့်တင့်တယ်။ ဟင်းပွဲတွေအပြင် dessert တွေကလည်း လုံးဝ must try ပါပဲ။
Yim Siam စံထိပ်ထား Thai restaurant
ထိုင်းစာထိထိမိမိလေး စားချင်ပါတယ်ဆိုရင်တော့ Yim Siam က အခုပဲ မှာစားလိုက်ပါတော့။ အထောင်းတွေက တော်တော်စုံတဲ့အပြင် အရမ်းလည်းလတ်ဆတ်ပါတယ်။ ပုစွန်အစိမ်းသုတ်၊ သင်္ဘောသီးထောင်း၊ ထိုင်းအကင် ဘာပဲစားစား လတ်ဆတ်ပြီးတော့ အစပ်အဟပ်အရမ်းတည့်ပါတယ်။
ဒီတစ်ခေါက်မှာတော့ ဖော်ပြပေးခဲ့တာတော့ ရန်ကုန်မြို့ထဲက ဈေးနှုန်းသင့်တင့်ပြီးတော့ အရသာလည်းကောင်းတဲ့ ထိုင်းစားသောက်ဆိုင်တွေအကြောင်းပဲ ဖြစ်ပါတယ်။ နောက်ထပ် ဆောင်းပါးတွေနဲ့ ပြန်တွေ့ပါမယ်နော်။