ရက်ကွက် ထဲက အဒေါ် ကြီး က ရွှေရင်အေး က ဒါပါဆို လို့ မင်း ပုံလေးထုတ်ပြပြီး ငြင်းခဲ့ရသေးတယ်။
နွေရာသီ က တော်တော် ကို ပူလာတာလို့ ပြောရင် ယုံလိုက်ပါ ၊ မယုံလည်း မတတ်နိုင်ဘူး။
အပူရှိန် သိပ်များတော့ အစားအသောက်က ပျက်လာတာ လည်း အမှန်ပဲ။
Stay Home ကာလ မှာ အားရှိမှ ဖြစ်မယ် ၊ ကိုယ်ခံစွမ်းအား ကို မြင့်တင်ထားမှ Covid-19 တော်ရုံ မကူးစက် နိုင်မှာပါ။
ဒီနေ့ ကတော့ ရင်အေးစေမယ့် အသီး အနှံ တစ်ချို့ကို ဖော်ပြပေးမှာပါ။
(၁) ခရမ်းချဉ်သီး
ရေဓာတ်လည်းများတယ်၊ အသားလည်း လှတယ်။ ခံတွင်းပျက် နေတဲ့ အချိန်မှာ ခရမ်းချဉ်သီးသုပ်လေး ဖြစ်ဖြစ်စားကြည့် သင့်တယ်။ ခရမ်းချဉ်သီးများသည် antioxidants နှင့် Vitamin C တို့ပါဝင် သဖြင့် ကျန်းမာရေး အတွက် ကောင်းမွန်တဲ့ အသီးအနှံ ဖြစ်ပါတယ်။
(၂) သခွားသီး
စား ရုံပဲ လား ? ပေါင်းတင်တာတို့ မျက်လုံးကပ်တာတို့ ပါလုပ်လို့ ရသေး ။ အသားအရည်ကို အပူငြိမ်းစေတဲ့ အစိမ်းရောင် အသီးတစ်မျိုးပါ။
(၃) ဖရဲသီး
အရည်ရွမ်းသလို ၊ နွေရာသီမှာ စားရတဲ့ ဖရဲသီးချိုချို လေးက ဘာနဲ့ မှ မလဲ နိုင်ပါဘူး။ ရေ ဓာတ် 70% လောက်ထိ ပါဝင်လို့ အသားအရည်ကို ကြည်လင်စေပါတယ်။
(၄) လိမ္မော်သီး
Vitamin C ကို ချဉ်လို့ မကြောက်ပါနဲ့ ၊ လိမ္မော်သီး တွေ ထဲ မှာ Vitamin C က အလုံအလောက်ပါပါတယ်။
အခွံကို လည်း ဥာဏ်ရှိသလို အမွှေးနံ အနေနဲ့ သုံးပီး ရင်အေးအောင် လုပ်လို့ရပါသေးတယ်။
(၅) ဒိန်ချဉ်
ဒိန်ချဉ် ကို သူ့ အတိုင်းပဲ ဖျော်သောက်မလား ၊ တခြား အသီးအနှံ တွေ နဲ့ ရောပြီး Smoothies လုပ်သောက်မလား ? ဒီအချိန် က ကိုယ်ခံစွမ်းအား မြင့်မားအောင် ရွေးချယ်သင့်တဲ့ အစားအစာ ထဲ နို့ထွက်ပစ္စည်း လေးထည့် သင့်တာပေါ့။ ဒါလည်း ရင်အေးစေတဲ့ အစားအစာ တွေပဲ။