အခုခေတ်အချိုရည်ဈေးကွက်မှာ ပစ္စည်းအမျိုး တံဆိပ်အမျိုးမျိုးနဲ့ Energy Drinkတွေက နေရာယူလာကြပါတယ်။ Energy Drink တွေက သောက်လိုက်တဲ့အခါ ပင်ပန်းမှုတွေပျောက်ပြီး တက်ကြွလန်းဆန်းစေပါတယ်။အလုပ်ခွင်ထဲမှာ ပင်ပန်းလာတဲ့အခါ အားဖြည့်အချိုရည်လေးသောက်ပြီး အနားယူတတ်ကြပါတယ်။ ကောင်းကျိုးတွေလဲရှိသလို တဖက်မှာလဲဆိုးကျိုးတွေရှိနေတာကိုလည်းမေ့ထားလို့မရပါဘူး။ ဆိုးကျိုးတွေများလာတဲ့အခါမှာ ကိုယ်အတွင်းထဲမှာ ထိခိုက်မှုတွေများလာမှာကိုလည်း သတိရကြပါနော်…
အခုအရင်ဆုံးEnergy Drink သောက်သုံးခြင်းရဲ့ဆိုးကျိုးလေးတွေပြောပြမယ်
၁။ ပထမဆုံးသွေးပေါင်ချိန်တွေတိုးလာမယ်။သွေးဖိအားတက်လာပြီးဆိုလာမှတော့ နှလုံးခုန်နှုန်းတွေပါတက်လာပီပေါ့…
၂။ သကြားပါဝင်မှုများတဲ့အတွက် သွေးအတွင်းအချိုဓာတ်တွေများနေမယ်။ သွေးထဲမှာသကြားဓာတ်တွေလိုတာထက်များနေရင်လဲမကောင်းဘူးနော်။ သွေးတိုးနှလုံးဆီချိုးရောဂါတွေလဲရနိုင်တယ်။ ဒါတွေသာမကသေးပဲ သကြားကိုစွဲလမ်းတဲ့ရောဂါလို့ခေါ်ရမလား အချိုကြိုက်တာမျိုးပေါ့…
၃။နောက်တစ်ခုက သွားတွေပျက်စီးစေနိုင်တယ်…ဘာလို့ဆိုသူကအချိုဓာတ်များတယ်လေ…ပိုးစားနိုင်တယ်။ခံတွင်းထဲမှာ ဘတ်တီးရီးယားပေါက်ဖွားမှုတွေများပြီး ခံတွင်းအနံ့ဆိုးတွေကိုဖြစ်ပေါ်စေပါတယ်။
၎။ ကယ်လိုရီတွေအများကြီးပါလို့ များများသောက်ရင် အ၀လွန်တာတွေဖြစ်လာမှာမို့ အလွန်အကျွံမသောက်ကြနဲ့နော်…
၅။ ကဖိန်းဓာတ်တွေပါလို့အများကြီးသောက်ရင် ညဘက်အိပ်မပျော်တာတွေ ခောင်းမူးတာတွေ ရင်တုန်တာတွေလဲဖြစ်လာလိမ့်မယ်နော်။Usစားနပ်ရိက္ခာနှင့်ဆေးဝါးစီမံခန့်ခွဲမှုရဲ့ အဆိုအရတော့ လူကြီးတွေကတစ်နေ့ကို ၄၀၀မီလီဂရမ်အထိသောက်သုံးနိုင်ပြီး ဆယ်ကျော်သက်တွေက မီလီဂရမ် ၁၀၀ထက်မနဲရှိသင့်တယ်လို့လဲထုတ်ပြန်ထားပါတယ်။တန်ဆေးလွန်ဘေးပေါ့နော့….
၆။ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ကလေးတွေအနေနဲ့ကတော့ လုံးဝလုံးဝကိုမသောက်သင့်ပါဘူးနော်…အခု Energy Drink တွေရဲ့ဆိုးကျိုးတွေကိုသိရပီဆိုတော့ အိမ်မှာဖြစ်ဖြစ် ရုံးမှာဖြစ်ဖြစ် အားဖြည့်အချိုရည်တွေအလွန်အကျွံမသောက်ကြနဲ့တော့နော်…ချစ်ခင်ရတဲ့သူတွေပါ အခုအချက်လေးတွေကိုသိရအောင် Shareလေးနှိပ်ရင်း ဝေမျှလိုက်ကြရအောင်နော်….