အရောင်အသွေးစုံလင်လှတဲ့ နှင်းဆီပန်းလေးတွေက အနံ့လေးတွေကလည်း သင်းပျံ့ပြီး စိတ်ကြည်နူးစရာကောင်းသလို အချစ်ရဲ့ သင်္ကေတပန်းလေးတစ်ခုပါ။ မိန်းကလေးတွေရဲ့ အသဲစွဲပန်းလေးတစ်ခုဆိုရင်လည်း မမှားပါဘူး။
နှင်းဆီပန်းလေးတွေကို ရှေးခေတ်ကတည်းက ဂရိနဲ့ရောမလူမျိုးတွေက ရေချိုးတဲ့အခါ နှင်းဆီပွင့်ဖွင့်လေးတွေကို ထည့်ပြီး ရေချိုးခြင်းပြုလုပ်ခဲ့ကြပါတယ်။နှင်းဆီပန်းမွှေးမွှေးလေးတွေက ဆံဖျားကနေ ခြေဖျားအဆုံး အကုန်လုံးအတွက် အသုံးဝင်ပြီး အလှအပအတွက် အတော်လေးကို အသုံးဝင်ပါတယ်။ ဘယ်လိုတွေအသုံးဝင်လဲဆိုတာကိုတော့ ဆက်လက်ပြီး ဖတ်ရှုပေးပါအုန်းနော်။
၁။Skin Toner
နှင်းဆီပန်းပွင့်ဖတ်ရဲ့ အရည်က သဘာဝရဲ့ Toner တစ်ခုပါ။ အပြင်ကပြန်ရောက်တဲ့အခါမှာ ဂွမ်းအနည်းငယ်ပေါ်ကို နှင်းဆီပွင့်အရည်လေးအနဲငယ်ထည့်ပြီး မျက်နှာကိုစက်ဝိုင်းပုံစံပွတ်ပေးပါ။ အံ့သြဖွယ်ကောင်းလောက်အောင် မိတ်ကပ်ဖျက်ဆေးအနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။
၂။ဝက်ခြံတွေကိုတိုက်ဖျက်ပေးနိုင်တယ်
နှင်းဆီပန်းပွင့်လေးတွေက ၀က်ခြံတွေကိုဖြစ်ပေါ်စေတဲ့ ဘတ်တီးရီးယားတွေကို ကာကွယ်တိုက်ထုတ်ပေးပါတယ်။ အရေပြားယောင်ရမ်းပြီး ယားယံတာတွေကိုလည်း သက်သာစေပါတယ်။နှင်းခူလို အရေပြားရောဂါတွေကို ကုသတဲ့နေရာတွေမှာလည်း အသုံးပြုကြပါတယ်။
၃။စိတ်ဖိစီးမှုတွေများလာတဲ့အခါ
ဒီလိုစိတ်ဖိစီးမှုတွေဖြစ်နေပြီဆိုရင်တော့ နှင်းဆီပွင့်ဖတ်လေးတွေကို သတိရပါ။နှင်းဆီပွင့်ဖတ်လေးတွေထည့်ထားတဲ့ ရေနွေးနွေးလေးမှာ စိမ်ရေပေးခြင်းဖြင့် စိတ်ဖိစိမှုတွေကိုသက်သာစေပြီးတော့ ညဘက်ကို နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေမှာပါ။ နှင်းဆီပန်းလေးတွေရဲ့ ထူးခြားတဲ့အမွှေးရနံ့လေးတွေကြောင့် တဖန်ပြန်လည်လန်းဆန်းလာစေမှာ အမှန်ပါပဲ။
၎။မျက်ကွင်းတွေညိုနေလား
ဒီလိုအခြေအနေမျိုးကတော့ လူတိုင်းနီးပါးဖြစ်ဖူးကြပါတယ်။ မျက်ဝန်းအိမ်လှလှလေးအောက်မှာ မျက်ကွင်းတွေညိုနေမယ်ဆိုရင်တော့ ဘယ်လိုမှလှနေမှာမဟုတ်ဘူးနော်။ ဒါဆိုနှင်းဆီပန်းပွင့် အရည်လေးကကူညီပေးမှာပါ။အ၀တ်ပါးပါးလေးတစ်ခုကို နှင်းဆီအရည်လေးဆွတ်ပြီး မျက်လုံးပေါ်အုပ်ထားပေးရုံနဲ့ မျက်ကွင်းညိုတာတွေကို ရက်ပိုင်းအတွင်းသက်သာလာစေပါတယ်။
၅။ ဆံပင်လေးတွေအတွက်
ကျန်းမာပြီးတော့ ပိုးသားလိုဆံနွယ်လေးတွေရချင်တယ်ဆိုရင်တော့ နှင်းဆီပန်းအရည်လေးနဲ့ဦးခေါင်းအနှံ နှိပ်နယ်ပေးပါ။ နှင်းဆီပန်းမှာပါဝင်တဲ့ ဓာတ်သတ္တိတွေကြောင့် သွေးလှည့်ပတ်မှုကိုအားကောင်းစေပြီးတော့ ဦးရေပြားယားယံခြင်းကိုသက်သာစေပါတယ်။ ပုံမှန်ပြုလုပ်ပေးမယ်ဆိုရင်တော့ ဆံသားအားကောင်းပြီးတော့ ဆံပင်ကိုလည်း ပိုပြီးတော့ ထူထဲလာစေမှာပါ။
အခုဆိုရင် အချစ်ရဲ့သင်္ကေတပန်းလေးတွေက အလှအပအတွက်ဆိုရင်လည်း ဘယ်လိုတွေတောင်အကျိုးကျေးဇူးရှိလဲဆိုတာတွေကို သိပြီပြီ ဟုတ် ။ ဒါဆို သူငယ်ချင်းတွေလည်း သိရအောင်လို့ အခုပဲ share လေးနှိပ်ပြီး အချင်းချင်းလက်တို့လိုက်ကြရအောင်။နောက်ထပ် ဗဟုသုတရစေမယ့်အကြောင်းအရာတွေ ၊ ကျန်းမာရေး အလှအပ ၊ဟင်းချက်နည်းတွေ စသဖြင့် အများကြီးတင်ဆက်ပေးဖို့ ရှိနေသေးတဲ့အတွက်ကြောင့် yathar ကို see first လေးလုပ်ထားကြပါအုန်းနော်။