ဆေးစာ

သောက်လိုက်တာနဲ့ ခံတွင်းတွေ့စေမယ့် ချဉ်စပ်ဟင်းရည်တစ်ခွက်

အိမ်ရှင်မတွေဟာ ဟင်းတစ်ခါချက်ဖို့ ဘာဟင်းချက်ရမလဲဆိုပြီး စဉ်းစားရင်း ခေါင်းအမြဲစားရပါတယ်။အဲ့အပြင် နွေရာသီမှာနေပူလွန်းလို့ လူအများစုမှာ ထမင်းများများမစားနိုင်လို့ ဒုက္ခရောက်နေကြပါတယ်။နွေရာသီနဲ့ အလိုက်ဖက်ဆုံး ဟင်းတစ်မျိုးကို ပြောပြပါဆိုရင် ချဉ်စပ်ဟင်းရည်လိုမျိုး ဟင်းရည်လေးကို ထမင်းစားရင်း သောက်ပေးတာက ထမင်းကို သာမာန်ထက်ပိုစားနိုင်ပါတယ်။ ချဉ်ချဉ်စပ်စပ်ဟင်းရည်တွေ အများကြီးထဲက အားလုံးနဲ့လည်း မစိမ်းတဲ့အပြင် သာမာန်ထက်ပိုလွယ်ကူတဲ့လုပ်နည်းတွေနဲ့ တုန်ယမ်းဟင်းရည်ကောင်းကောင်းလေးတစ်ခွက် ပြုလုပ်လို့ရမည့် နည်းလမ်းလေးကို ပြောပြချင်ပါတယ်။

ပါဝင်ပစ္စည်းများ
ရေ – ၃ ခွက်
ပုစွန်(သို့)ကြက်သား – ၁၅ ကျပ်သား
ခရမ်းချဉ်သီး – ၂ လုံး
သံပုရာသီး – သံပုရာသီး၏အချဉ်ပေါ်မူတည်ပြီး ၄-၆ လုံး
ငရုပ်သီးစိမ်းအနီ – ၈ တောင့်
မှို – လက်တစ်ဆုပ်
ရှောက်ရွက် – ၈ရွက်
စပါးလင် – ၂ တက်
ဂုဏ်မင်း – တစ်လက်မခန့်
ငါးငံပြာရည် – ၂ ဇွန်း
သကြား – ၁ ဇွန်း

ပြုလုပ်နည်း
ပထမဆုံး စပါးလင်၊ ခရမ်းချဉ်သီး၊ ငရုပ်သီးစိမ်းအနီ၊မှို၊ဂုဏ်မင်း၊ရှောက်ရွက်၊ သံပုရာသီးတို့ကို လှီးပါ။
ရေကို ဆူအောင်တည်ပါ။
ရေဆူလျှင် လှီးထားသော စပါးလင်၊ ဂုဏ်မင်း နှင့် ရှောက်ရွက်တို့ကို ထည့်ပါ။
၅ မိနစ်ခန့်ကြာလျှင် ပုစွန်ကိုထည့်ပါ။
လှီးထားသော ငရုပ်သီးစိမ်းအနီကို ထည့်ပါ။
၅ မိနစ်ခန့်ကြာလျှင် မှိုကိုထည့်ပါ။
၂ မိနစ်ခန့်ကြာလျှင် ခရမ်းချဉ်သီးကိုထည့်ပါ။
၅ မိနစ်ခန့်ကြာလျှင် ငါးငံပြာရည်ကို ထည့်ပါ။
ငံပြာရည်ထည့်ပြီးလျှင် သကြားထပ်ထည့်ပါ။
အရေးကြီးဆုံး အချက်အနေနဲ့ ကိုယ်ကြိုက်နှစ်သက်လောက်မည့် အနေအထားရောက်သည်အထိ သံပုရာသီးကို ညှစ်ပါ။

နောက်ဆုံးမှာ အရမ်းကို အရသာရှိလှတဲ့ တုန်ယမ်းဟင်းရည်ကောင်းကောင်းတစ်ခွက်ကို ရရှိမှာဖြစ်ပါတယ်။

အိမ်ရှင်မတွေအတွက် ဘာချက်ရင်ကောင်းမလဲ စဉ်းစားနေစရာမလိုအောင် ထမင်းမြိန်ပြီး ခံတွင်းတွေ့စေမယ့် Home made တုန်ယမ်းဟင်းကောင်းကောင်းတစ်ခွက်လုပ်နည်းကို ဖော်ပြအပ်ပါတယ်။

အိမ်ရှင်မတွေအချင်းချင်း ဘာချက်ရင်ကောင်းမလဲ စဉ်းစားနေစရာမလိုအောင် ဒီလုပ်နည်းလေးကို sharing လုပ်ပြီး ကူညီလိုက်ကြရအောင်…..

သင့်အတွက် စားသောက်ဆိုင်ကောင်းများ စုဝေးရာ Yathar
Download link → https://s.yathar.com/apps