ဆေးစာ

စားဖူးသူတိုင်းကြွေသွားမယ့် စပ်စပ်မွှေးမွှေး ပုစွန်ကြော်နည်း

ပုစွန်ဆိုတဲ့ နာမည်လေးကြားတာနဲ့ သွားရည်ကျတတ်ကြလား။ ဒါဆိုရင်တော့ ဒီစပ်စပ်မွှေးမွှေး ပုစွန်ကြော်နည်းလေးကို သိသွားတာနဲ့ အိမ်မှာလုပ်စားချင်မိသွားမှာ အသအေချာပဲနော်။ပုစွန်ခရေဇီလေးတွေအတွက် အခုပဲ လုပ်နည်းလေးကို ပြောပြလိုက်တော့မယ်။

ပါဝင်ပစ္စည်းများ
ငရုပ်သီးစိမ်း အနီ ၆ တောင့်
ကြက်သွန်ဖြူ ၆ မြွှာ
ဟင်းသီးဟင်းရွက်ဆီ 2 tbsp
ပုစွန် 300 g
ခရုဆီ 2 tbsp
ငါးငံပြာရည် 1 tbsp
သကြားဖြူ 1 tsp
ပင်စိမ်းရွက် အနည်းငယ်
ထမင်း

ပြုလုပ်နည်း
ကြက်သွန်ဖြူနှင့် ငရုပ်သီးစိမ်းအနီတောင့်များကို ထောင်းပါ။ဆီကိုအိုးထဲထည့်ပြီး ဆီပူအောင်ထားပါ။ ပြီးလျှင် ကြက်သွန်ဖြူနှင့် ငရုပ်သီးစိမ်းအနီထောင်းထားသော အနှစ်ကိုထည့်ပါ။ စက္ကန့် ၃၀ ခန့်ထားပြီး ပုစွန်များကိုထည့်ပါ။ ပြီးလျှင် ခရုဆီ၊ ငါးငံပြာရည်နှင့် သကြားကိုထည့်ပါ။ ပုစွန်ကျက်ပြီဆိုတာနဲ့ ပင်စိမ်းအရွက်များကိုထည့်ပြီး ခဏအုပ်ထားပါ။ ပြီးလျှင်တော့ ထမင်းပူပူလေးနဲ့ ပုစွန် စပ်စပ်မွှေးမွှေးလေးကို တွဲဖက်စားသုံးနိုင်ပါပြီ။

ဒီလုပ်နည်းလေးကို ဖတ်နေရင်းနဲ့တောင် စိတ်ကူးထဲမှာ ပုံဖော်ပြီး သွားရည်ကျနေပါပြီ။ အခုပဲ ဈေးဝယ်ထွက်ရင်ကောင်းမလား ဒါမှမဟုတ် နောက်နေ့အတွက်ပဲ စီစဉ်လိုက်ရင်ကောင်းမလား အားလုံးရဲ့ အဖြေကို ကွန့်မန့်လေးမှာ ပြောပြသွားပါဦး။

အခုလို စားလို့ကောင်း သောက်လို့ကောင်းမယ့် ဟင်းချက်နည်းတွေကို ဖတ်ချင်ရင်တော့ Yathar Page လေးကို like လုပ်ထားဖို့တော့လိုမယ်နော်။

Application download link –
Android – https://play.google.com/store/apps/details?id=net.yathar&hl=en
iOS – https://apps.apple.com/us/app/yathar-restaurant-gourmet/id1249613189