ခရီးသှား

သင်ထိုင်တဲ့ပုံစံကပြောတဲ့ သင့်အကြောင်း

လူတစ်ယောက်မှာ လက်ချောင်းအတိုအရှည်တောင် မတူညီကြတာ လူတစ်ယောက်နဲ့ တစ်ယောက်ဆိုပိုပြီး မတူညီနိုင်ပါဘူး။ ဒါပေမယ့် သင်ထိုင်နေတဲ့ ပုံစံပေါ်မူတည်ပြီး သင့်အကြောင်းကို ပြောပြနိုင်ပါတယ်။အဲ့တော့ သင်ကရော ဘယ်လို ပုံစံမျိုးနဲ့ ထိုင်တတ်လဲ။ သင့်အကြောင်းရော ဘာတွေပြောထားလဲ ဆိုတာ သိဖို့ ဖတ်ကြည့်လိုက်ရအောင်..

Position 1 ဒူးခေါင်းကို စုထားပြီး ခြေထောက်ကို ခွဲထားတဲ့ ပုံစံ
ဒီပုံစံနဲ့ သင်ဟာထိုင်တတ်တယ် ဆိုရင် သင်ဟာ တီထွင်ဖန်တီးနိုင်စွမ်းနဲ့ ဆွဲဆောင်မှုရှိတဲ့ လူတစ်ယောက်ပါ။အနည်းငယ် တစ်ကိုယ်ကောင်းဆန်တယ်၊ အတွေးများတတ်တဲ့ သူလည်း ဖြစ်ပါတယ်။သင့်မှာ အရမ်းအံ့သြဖို့ကောင်းတဲ့ အချက်တစ်ခုက activities တစ်ခုနဲ့ တစ်ခုကို လွယ်လွယ်ကူကူ ပြောင်းလဲတတ်တဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ဒါပေမယ့် အကြာကြီးလုပ်ရတဲ့အလုပ်မျိုးကို အာရုံစိုက်ဖို့ ခက်ခဲနေတတ်ပါတယ်။ သင်ဟာ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိတဲ့သူတစ်ယောက်ဖြစ်ပြီး ပြဿနာတစ်ခုခုဆိုရင်လည်း နားလည်လွယ်ပါတယ်။

Position 2 ခြေထောက်ကို ချိတ်ထိုင်တတ်တဲ့ ပုံစံ
ခြေထောက်နှစ်ဖက်ကို ချိတ်ထိုင်တတ်တဲ့သူတွေက ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့အပြင် အတွေးအခေါ်ကောင်းတွေကို တွေးခေါ်တတ်ရုံမက အဲ့အတွေးတွေကိုလည်း တကယ်ဖြစ်လာအောင် လုပ်ဆောင်နိုင်စွမ်းရှိတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူတို့ဟာ သူတို့ရဲ့ အကောင်းမြင်စိတ်တွေကို ထိခိုက်လာစေတဲ့ အရာတွေကနေလည်း ကိုယ့်ကိုကိုယ် ကာကွယ်နိုင်တဲ့သူတွေဖြစ်ပါတယ်။

Position 3 ဒူးခေါင်းများကို ခွာပြီးထိုင်တတ်မယ်ဆိုရင်
သင်ဟာ ဘာပဲဖြစ်ဖြစ် အကောင်းဆုံးလုပ်ဆောင်တတ်ပြီး သင်လုပ်သမျှလည်းအောင်မြင်ပါတယ်။သင်ဟာ သင့်ရဲ့ အချိန်တော်တော်များများကို အ၀တ်အစားနှင့် လက်ဝတ်လက်စားရွေးခြင်း၊ ဒါမှမဟုတ် အခန်းရှင်းနေရတာကို ကြိုက်တတ်သူတစ်ယောက်ပါ။ သို့သော်လည်း တစ်ချို့ကတော့ ကိုယ်တိုင်ဖွထားတဲ့နေရာမှာပဲ နေတတ်ပြီးတော့ ဘာဆိုဘာမှ မရှင်းမလင်းပဲ နေရတာကြိုက်ပါတယ်။

Position 4 ပုံမှန်အတိုင်း ဒူးရော၊ ခြေထောက်ပါကပ်ပြီးထိုင်တဲ့ ပုံစံ
ဒီလိုထိုင်တတ်တဲ့လူမျိုးတွေရဲ့ ဘ၀မှာရှိတဲ့ rules တွေက အကောင်းဆုံးပါပဲ။ သူတို့က အချိန်မှန် နေရာမှန်၊ အချိန်တိကျတာကို ကြိုက်တတ်တဲ့သူတွေပါ။ သူတို့ရဲ့ ပင်ကိုယ်လက္ခဏာက အရမ်းကိုကောင်းတဲ့အပြင် သူတို့မှာ သူတို့ခံစားချက်ကို ဖော်ထုတ်ပြပေးနိုင်တဲ့ သတ်မှတ်ချက်လည်း သူတို့မှာ ရှိပြီးသားပါ။သူတို့က Public မှာလုပ်ရမယ့် ကိစ္စမှန်သမျှ ဘာကိုမှ မကြိုက်ကြပါဘူး။ စကားလည်း နည်းတတ်ကြတဲ့အပြင် အဲ့စကားနည်းတဲ့ အကျင့်ကြောင့် ရိုင်းတယ်လို့လည်း အပြောခံရတတ်ပါတယ်။

Position 5 ခြေချင်းဝတ်နေရာထိ ချိတ်ပြီးထိုင်တဲ့ပုံစံ
ဒီလို ထိုင်တတ်တဲ့ သူမျိုးတွေဟာ သူတို့ကိုယ်သူတို့ confidence တွေပြည့်နေတေတ်တဲ့ သူတွေဖြစ်ပါတယ်။သူတို့ဟာ သူတို့ရဲ့ ရည်မှန်းချက်ကို အကန့်အသတ်မရှိ ဖြစ်အောင်လုပ်တတ်ကြတဲ့သူတွေပါ။ သူတို့ဟာ သူတို့ပြင်ပပုံစံကို ဂရုစိုက်တတ်တဲ့သူတွေ ဖြစ်တဲ့အပြင် သူတို့ကိုယ် သူတို့ အမြဲတိုးတက်အောင် လုပ်နေကြတဲ့သူတွေလည်း ဖြစ်ပါတယ်။ သို့သော်လည်း သူတို့မှာ ပြဿနာပေါင်းများစွာရှိနေတတ်ပါတယ်။ 

တစ်ယောက်နဲ့ တစ်ယောက်ထိုင်ပုံထိုင်နည်းမတူလို့ အမူအကျင့်တွေ ကွဲပြားတတ်ကြပေမဲ့ လူတိုင်းမှာ အတူဆုံး အချက်တစ်ချက်ရှိပါတယ်။ ဒါကတော့ အစားအသောက်ကို ကြိုက်တာပါပဲ။ ဘယ်သူမဆို အစားအသောက်ကောင်းကောင်းလေးကိုကြိုက်တတ်ကြပါတယ်။ ဒါ့ကြောင့် Yathar Application ထဲမှာ စားသောက်ဆိုင်ကောင်းကောင်းတွေကို ရှာဖွေပြီးတော့ Coupon ပေးထားတဲ့ ဆိုင်တွေမှာလည်း Discount Promotion များကို အသုံးပြုနိုင်ပါတယ်။

Yathar application Download link ——- https://s.yathar.com/apps

Booking လုပ်နည်း – https://www.youtube.com/watch…

Coupon Discount အသုံးပြုနည်း – https://youtu.be/hWifk6dF2qw…

About the author

yathar magazine office

ဤသည် yathar ၏အယ်ဒီတာ့အာဘော်ဌာနဖြစ်ပါတယ်။