ကျန်းမာ & အလှအပ

ခြေထောက်က တဆင့် ခန္ဓာကိုယ်ကို ဘယ်လို Detox လုပ်မလဲ

တရုတ်ရိုးရာနည်းလမ်းတွေနဲ့ ခန္ဓာကိုယ်ကို ခြေထောက်က တဆင့် Detox လုပ်လို့ရပါတယ်။ တရုတ်ရိုးရာနည်းလမ်းတွေအရ ခြေထောက်အနှိပ်ခံတဲ့နည်းလမ်းက ခန္ဓာကိုယ်မှာရှိတဲ့ အစိတ်အပိုင်းအားလုံးကို သဘာဝနည်းအတိုင်း စွမ်းအင်တွေပေးပါတယ်။ ခြေထောက်ကနေပြီး ခန္ဓာကိုယ်ကို Detox လုပ်တဲ့ နည်းလမ်း အများကြီးရှိပါတယ်။ အဲ့ထဲကမှ နည်းလမ်းတစ်ချို့ကို ပြောပြပါမယ်။

ဆားနဲ့ Detox လုပ်နည်း
ပါဝင်ပစ္စည်းတွေက ပင်လယ်ဆားနှင့် Epsom ဆား တစ်ခွက်။ Baking Soda ၂ ခွက် နဲ့ ကြိုက်နှစ်သက်ရာ essential oil အနည်းငယ်တို့ပဲဖြစ်ပါတယ်။ ရေကို အိုးထဲထည့်ပြီး ဆူပွက်အောင်ကြိုပါ။ ကြိုပြီးပါက ဇလုံတစ်ခုထဲကို ထည့်ကာ ဆားများထည့်ပြီး မွှေပါ။ ပြီးလျှင် essential oil တစ်ခုခုထည့်ပါ။ ပြီးလျှင်တော့ ခြေထောက်ကို မိနစ် ၃၀ ခန့် စိမ်ပါ။ စိမ်ပြီးပါက ခန္ဓာကိုယ်မှာ အငွေ့များထွက်လာသလို ခံစားရပါလိမ့်မယ်။ ဒါပေမယ့် ဒါက ပုံမှန်ပါပဲ။ ဘာ့ကြောင့်လဲဆိုတော့ ခန္ဓာကိုယ်မှာရှိတဲ့ အဆိပ်အတောက်တွေ လျော့သွားလို့ပါ။

Clay Detox
Epsom Salt နှင့် clay ခွက် တစ်ဝက်ခန့်နှင့် essential oil အနည်းငယ်သာလိုအပ်ပါတယ်။ ဆားများကို ရေပူပူလေးထဲထည့်ပါ။ ပြီးလျှင် essential oil ထည့်ပြီး နောက်ဆုံးမှ clay ကို ထည့်ပါ။ ပြီးလျှင် အားလုံးကို သစ်သားဇွန်းလေးဖြင့် ရောမွှေပေးပါ။ ပြီးလျှင် ခြေထောက်ကို ထည့်ပြီး မိနစ် ၂၀ မှ ၂၅ မိနစ်အတွင်း စိမ်ထားပါ။ ဒီနည်းလမ်းလေးကလည်း ခန္ဓာကိုယ်ကို ပင်ပန်းနွမ်းနွယ်မှုတွေ လျော့သွားအောင် လုပ်ပေးနိုင်တဲ့ နည်းလမ်းလေးပါပဲ။

Foot Detox Pads
Foot Detox Pads လေးတွေက အလွယ်ကူဆုံးနဲ့ အလျှင်မြန်ဆုံးဖြစ်ပြီးတော့ ခန္ဓာကိုယ်ကိုလည်း Detox လုပ်ပေးနိုင်ပါတယ်။ Pads လေးတွေကို ဆေးဆိုင်များမှာ အလွယ်တကူဝယ်နိုင်ပါတယ်။ အိပ်ရာမ၀င်ခင် ခြေထောက်မှာ ကပ်ပြီး အိပ်ပါ မနက်မိုးလင်းရင် အဲ့ဒီ့ pad လေးက အမဲရောင်ကို ပြောင်းနေမှာဖြစ်ပြီးတော့ ခန္ဓာကိုယ်ကို လန်းဆန်းစေမှာပါ။

အလွယ်ကူဆုံးနဲ့ အနီးစပ်ဆုံး နည်းလမ်းလေးတွေကို ပြောပြထားတာဖြစ်လို့ ကြိုက်နှစ်သက်ရာ နည်းလမ်းများကို အသုံးပြုနိုင်ပါတယ်။

နောက်ထပ် ဘယ်လိုအကြောင်းအရာလေးတွေကို ပြောပြပေးဦးမလဲ ဆိုတာသိဖို့ Yathar Page လေးကို Like လုပ်ထားပေးဦးနော်။