ရေပတ်ချာလည်ရှိတဲ့ ကျွန်းလေး တခု ဖြစ်တဲ့ မောလ်ဒိုက် ဟာ အိန္ဒိယ သမုဒ္ဒရာ ထဲမှာ တည် ရှိပါတယ်. Male ဆို တဲ့ မြို့ကြီးတစ်မြို့သာ ရှိပီး ရေ ပေါ်ကျွန်းတွေ နဲ့ ဖွဲ စည်းထားတာ ဖြစ်ပါတယ်။
Visa Free ရတဲ့ Oversea Travel ထဲ ၁၄ ခု ထဲမှာ Maldives လည်း အပါအ၀င်ပါ။ Visa Free ရက် ၃၀ ရပါတယ်။ (ပျော် သ လောက်နေပေါ့၊ တလ ကြီးများတောင်)
ရန်ကုန် က နေ Male မြို့ အထိ ကို Bangkok Air Line နဲ့ တိုက်ရိုက် Flight ရှိပါတယ်။ ၅ နာရီလောက် သာ ကြာမြင့် ပါတယ်။ လေ ယာဉ်ခ ကြီးပဲဆို ရင်တော့ ဒေါ်လာ ၈၀၀ ၀န်းကျင် ကျသင့်ပါမယ်။
Male မြို့ ရောက်ပီ ဆို ရင် ကိုယ် သွားချင်တဲ့ ကျွန်း အထိ အ ရောက် Speed Boat တွေ စီစဉ် ပေးထားပါတယ်။ အဓိက လူ သွားများတဲ့ ကျွန်းတွေ က Kani နဲ့ Finolu ကျွန်းတွေ သွားတာများတယ် ။
Maldives ရဲ့ အဓိက ဆွဲဆောင်မှု က ကြည်လင်တဲ့ ပင်လယ်ရေ နဲ့ 100% သဘာဝ အလှပါ။ Romance ဆန်ဆန် Luxury ကျကျ Hotel Resort တွေ က အသက်။ ရေချိုး ကန် က နေ ပင်လယ်ကြီးကို လှမ်းမြင် ရတဲ့ ခံစားချက် မျိုး ၊ အလတ်ဆတ် ဆုံး ပင်လယ် စာတွေ. ကော့တေး နဲ့ လိုက်ဖက်ချက်၊ Beach Night Live ဆိုလည်း အ ကောင်းဆုံး Performance တပြုံ ကြီး ပေးနိုင် တယ့် နေရာ.. Activies မျိုးစုံ ခံစား ရ မှာ ပါ။
ကိုယ်တိုင်စီစဉ်ပီးလည်း သွားလို့ ရသလို ယခု ဆို ရင် Tour Package တွေ နဲ့ လည်း သွား လို့ ရပါပီ၊ (ပိုက်ဆံသာစု ထား တ နေ့ ရောက်ရမယ် ဆို တဲ့ အိမ်မက်က လေး မက် ကြရအောင်)