မယ္ဇလီဖူးသုပ္ကို တန္ေဆာင္မုန္းလျပည့္ညမွာ ေဆးဖက္ဝင္တဲ့ အေနနဲ႔ သုပ္စားၾကပါတယ္။မယ္ဇလီဖူးမွာ ဝမ္းေပ်ာ့ေစတဲ့ဓါတ္၊ အူထဲမွာရွိတဲ့ အဆိပ္အေတာက္ေတြကိုလည္း ကင္းရွင္းေစႏိုင္ပါတယ္။ဒီလိုမ်ိဳးေဆးဖက္ဝင္တဲ့ မယ္ဇလီဖူးကို သုပ္စားတဲ့နည္းနဲ႔ တစ္မ်ိဳး ဟင္းခ်ိဳအေနနဲ႔တစ္ဖံု ႏွစ္မ်ိဳးလံုးကိုေျပာျပေပးပါမယ္။
မယ္ဇလီဖူးသုပ္
ပါဝင္ပစၥည္းမ်ား
- မယ္ဇလီဖူး
- ပုစြန္ေျခာက္မႈန္႔
- ၾကက္သြန္နီ
- ခရမ္းခ်ဥ္သီး
- ဆား၊ အရသာမႈန္႔၊ ငံျပာရည္
- ေျမပဲ
- ႏွမ္း
- ၾကက္သြန္နီဆီခ်က္
ျပဳလုပ္နည္း
မယ္ဇလီဖူးကို ေရေဆးၿပီး အရိုုးတံနွင့္အရင့္ေတြကို ဖယ္ၿပီးျပဳတ္ပါ။
ျပဳတ္ၿပီးသားကို ေထာင္းပါ။ ေထာင္းၿပီးလွ်င္ပါဝင္ပစၥည္းအားလံုးကိုထည့္ပါ။ ၿပီးလွ်င္ အေပ့ါအငံကို မိမိႏွစ္သက္သလို ထည့္ႏိုင္ပါၿပီ။ အားလံုးၿပီးလွ်င္ေတာ့ ေဆးဖက္ဝင္တဲ့ မယ္ဇလီဖူးသုပ္ကို ရရွိပါၿပီ။
မယ္ဇလီဖူးဟင္းခ်ိဳ
ပါဝင္ပစၥည္းမ်ား
ငါး ( ငါးခူ သို႔မဟုတ္ ငါးၾကင္း)
ခရမ္းခ်ဥ္သီး
ခရမ္းသီး (သို႔) ခရမ္းကေဆာ့သီး
မယ္ဇလီဖူး
ၾကက္သြန္ျဖဴ၊ ၾကက္သြန္နီ
နံနံပင္
ျပဳလုပ္နည္း
ငါးကိုျပဳတ္ၿပီးအရိုးႏႊင္ထားပါ။
ၾကက္သြန္နီ၊ ၾကက္သြန္ျဖဴကို ဆီသတ္ပါ။
ၿပီးလွ်င္ငါးကိုထည့္ပါ။ ငါးထည့္ၿပီးလွ်င္ ေရထည့္ပါ။
ထိုအရည္ထဲကို ခရမ္းခ်ဥ္သီး၊ မယ္ဇလီဖူးႏွင့္ ခရမ္းသီးမ်ားကိုထည့္ပါ။
အရသာအတြက္ ဆားႏွင့္ အရသာမႈန္႔မ်ားထည့္ပါ။
အခ်ိိန္အနည္းငယ္ၾကာလွ်င္ ျမည္းၾကည့္ပါ။ အရသာကို ႀကိဳက္ႏွစ္သက္တဲ့အေနအထားေရာက္ၿပီဆိုလွ်င္ ပန္းကန္လံုးထဲသို႔ထည့္ၿပီး နံနံပင္ေလး အေပၚက အုပ္ေပးပါ။
မယ္ဇလီဖူးကို ေဆးဖက္ဝင္စြာ သုပ္စားတဲ့နည္းအျပင္ မယ္ဇလီဖူးဟင္းခ်ိဳျပဳလုပ္နည္းကိုလည္း တစ္ၿပိဳင္နက္တည္းေဖာ္ၿပထားခဲ့ၿပီမလို႔ ဘယ္နည္းလမ္းက ကိုယ့္ကို စြဲေဆာင္ေနလဲဆိုတာ ေျပာျပေပးသြားပါဦး။
Unicode
မယ်ဇလီဖူးသုပ်ကို တန်ဆောင်မုန်းလပြည့်ညမှာ ဆေးဖက်ဝင်တဲ့ အနေနဲ့ သုပ်စားကြပါတယ်။ မယ်ဇလီဖူးမှာ ဝမ်းပျော့စေတဲ့ဓါတ်၊ အူထဲမှာရှိတဲ့ အဆိပ်အတောက်တွေကိုလည်း ကင်းရှင်းစေနိုင်ပါတယ်။ ဒီလိုမျိုးဆေးဖက်ဝင်တဲ့ မယ်ဇလီဖူးကို သုပ်စားတဲ့နည်းနဲ့ တစ်မျိုး ဟင်းချိုအနေနဲ့တစ်ဖုံ နှစ်မျိုးလုံးကိုပြောပြပေးပါမယ်။
မယ်ဇလီဖူးသုပ်
လိုအပ်သောပစ္စည်းများ
မယ်ဇလီဖူး
ပုစွန်ခြောက်မှုန့်
ကြက်သွန်နီ
ဆား၊ အရသာမှုန့်၊ ငံပြာရည်
ခရမ်းချဉ်သီး
မြေပဲ
နှမ်း
ကြက်သွန်နီဆီချက်
ပြုလုပ်နည်း
မယ်ဇလီဖူးကို ရေဆေးပြီး အရိုုးတံနှင့်အရင့်တွေကို ဖယ်ပြီးပြုတ်ပါ။
ပြုတ်ပြီးသားကို ထောင်းပါ။ ထောင်းပြီးလျှင်ပါဝင်ပစ္စည်းအားလုံးကိုထည့်ပါ။ ပြီးလျှင် အပေ့ါအငံကို မိမိနှစ်သက်သလို ထည့်နိုင်ပါပြီ။ အားလုံးပြီးလျှင်တော့ ဆေးဖက်ဝင်တဲ့ မယ်ဇလီဖူးသုပ်ကို ရရှိပါပြီ။
မယ်ဇလီဖူးဟင်းချို
ပါဝင်ပစ္စည်းများ
ငါး ( ငါးခူ သို့မဟုတ် ငါးကြင်း)
ခရမ်းချဉ်သီး
ခရမ်းသီး (သို့) ခရမ်းကဆော့သီး
မယ်ဇလီဖူး
ကြက်သွန်ဖြူ၊ ကြက်သွန်နီ
နံနံပင်
ပြုလုပ်နည်း
ငါးကိုပြုတ်ပြီးအရိုးနွှင်ထားပါ။
ကြက်သွန်နီ၊ ကြက်သွန်ဖြူကို ဆီသတ်ပါ။
ပြီးလျှင်ငါးကိုထည့်ပါ။ ငါးထည့်ပြီးလျှင် ရေထည့်ပါ။
ထိုအရည်ထဲကို ခရမ်းချဉ်သီး၊ မယ်ဇလီဖူးနှင့် ခရမ်းသီးများကိုထည့်ပါ။
အရသာအတွက် ဆားနှင့် အရသာမှုန့်များထည့်ပါ။
အချိိန်အနည်းငယ်ကြာလျှင် မြည်းကြည့်ပါ။ အရသာကို ကြိုက်နှစ်သက်တဲ့အနေအထားရောက်ပြီဆိုလျှင် ပန်းကန်လုံးထဲသို့ထည့်ပြီး နံနံပင်လေး အပေါ်က အုပ်ပေးပါ။
မယ်ဇလီဖူးကို ဆေးဖက်ဝင်စွာ သုပ်စားတဲ့နည်းအပြင် မယ်ဇလီဖူးဟင်းချိုပြုလုပ်နည်းကိုလည်း တစ်ပြိုင်နက်တည်းဖော်ပြထားခဲ့ပြီမလို့ ဘယ်နည်းလမ်းက ကိုယ့်ကို စွဲဆောင်နေလဲဆိုတာ ပြောပြပေးသွားပါဦး။
Yathar Application Download Link
Discount Coupon အသံုးျပဳနည္း
Booking ျပဳလုပ္နည္း