ပိတ်ရက်ရှည်တွေလည်း ပိတ်ဖို့နီးလာပြီ။ ပိတ်ရက်မှာ ဘော်ဒါတွေစုပြီး ဘာလုပ်စားရင်ကောင်းမလဲ တွေးနေရင်တော့ ၁၀၀၀၀ ကျော်လေးနဲ့ အရသာရှိတဲ့ Hot Pot ကောင်းကောင်းလုပ်စားလို့ရတယ်နော်။ဘယ်လိုလုပ်မလဲဆိုတာကို သိဖို့ ဆက်ဖတ်ကြည့်လိုက်ရအောင်…..
ပါဝင်ပစ္စည်းများ
ကြက်ရိုး ၇၂၆ ကျပ်
ကြက်သား ၂၉၂၅ ကျပ်
ဟုမ်ရှင်း seafood sausage ၂၆၀၀ ကျပ်
ဟုမ်ရှင်း ငါးအသားလုံး ၁၃၀၀ ကျပ်
ကန်စွန်းရွက် ၃၀၀ ကျပ်
ပြောင်းဖူး ၇၅၀ ကျပ်
ဆလတ် ၆၀၀ ကျပ်
ခေါက်ဆွဲခြောက် ၆၀၀ ကျပ်
ရုံးပတီသီး ၂၅၀ ကျပ်
မာလာအနှစ်
ပြုလုပ်နည်း
မီးပူပူလေးမှာ အိုးထဲရေများများထည့်ပြီး ဆူအောင်တည်ပါ။ ပြီးလျှင် ကြက်ရိုးကိုထည့်ပါ။ ကြက်ရိုးထည့်ပြီး ပြောင်းဖူးကိုထည့်ပြီး ပြုတ်ထားပါ။ ပြီးလျှင် ကြက်သားထည့်ပါ။ ကြက်သားထည့်ပြီးလျှင် အသားလုံးလေးတွေ အကုန်ထည့်လိုက်ပါ။ ပြီးလျှင် မာလာအနှစ်ကိုထည့်ပြီး အရသာကို မြည်းကြည့်ပါ။ အရသာ အငံံ အချို ကြိုက်သလို ပြင်ပါ။ ရုံးပတီသီးကိုထည့်ပါ။ အရွက်များကို နောက်ဆုံး ကိုယ်စားခါနီးမှ ထည့်ပါ။ ဒါဆိုရင်တော့ ၁၀၀၀၀ ကျော်ကျော်လေးနဲ့ လူ ၁၀ ယောက်လောက် အဝကျိတ်လို့ရတဲ့ Homemade hot pot လုပ်နည်းလေးကို သိပြီးပြီဆိုရင်တော့ သူငယ်ချင်းတွေနဲ့ အတူတူစုပြီးကဲဖို့ လုပ်နည်းလေးကို share လုပ်ထားကြမယ်လေ။
Yathar Application Download Link
Discount coupon အသုံးပြုနည်း
Booking ပြုလုပ်နည်း