မင်္ဂလာပါ။ မျက်မှန်ဆူရှီ ပါဗျ။
ယခုတစ်ခေါက်မိတ်ဆက်ပေးမယ့်ဂျပန်ဆိုင်လေးကတော့ပါရမီလမ်းမကြီးပေါ်မှာရှိပါတယ်။
ဂျပန်ဟော့ပေါ့ ရောင်းတဲ့
Hakata Hanamidori (ဟကတ ဟနမိဒိုရိ) ဆိုင်လေးပါ။
Hakata Hanamidori ကဟော့ပေါ့တွေထဲမှာ “mizutakinabe” ကိုအဓိကထားရနိုင်တဲ့ဆိုင်လေးပါ။
မိတ်ဆွေတို့ရော “mizutakinabe” ကိုသိကြလားဗျ?
ကြက်သားပြုတ်ရည်ကိုအခြေခံတဲ့ဟော့ပေါ့ပုံစံဖြစ်ပြီးဂျပန်မှာနံပါတ်ပေါ်ပြူလာအဖြစ်ဆုံးလို့ပြောရင်မမှားပါဘူး။အရသာကရိုးရှင်းပြီးကောင်းဖို့အပြင်ပါဝင်ပစ္စည်းတွေကိုလည်းဂရုစိုက်လုပ်ဆောင်ထားတဲ့ Hakata Hanamidori ဆိုင်လေးက ဂျပန်နိုင်ငံမှာပါလူသိများကြော်ကြားပြီး ပင်ရင်းဆိုင်ကြီးကတော့ Hakata မြို့မှာဖွင့်လှစ်ထားပြီးနိုင်ငံတော်တော်များများမှာလည်းဆိုင်ခွဲတွေဖွင့်လှစ်ထားတဲ့ထဲကမှတစ် ဆိုင်ဖြစ်ပါတယ်။
အရမ်းကိုအဆင်ပြေတဲ့ဂျပန်ဟော့ပေါ့ဆိုင်လေးတွေ့လို့ပျော်နေလား
စိတ်မကောင်းစရာသတင်းတစ်ခုရှိတယ်ဗျ …
အဲ့ဒါက ၂လပိုင်းမှာ ဆိုင်နေရာပြောင်းရွေ့မယ်လို့သိရပါတယ်။
ဆိုင်လိပ်စာလေးကတော့ အမှတ်(၇၀/က)၊ နတ်မောက်လမ်းသွယ်(၁)၊ ဗိုလ်ချို(၂)ရပ်ကွက်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
ဒါကြောင့် သတိထားကြပါနော် ! !
ပါရမီလမ်းမှာတော့ဆိုင်လေးရှိမှာမဟုတ်ဘူးဗျ
စိတ်မဆိုးကြပါနဲ့နော်!!ဆိုင်ပြောင်းပြီးမှရိုက်ကူးရေးလုပ်ပါလားဆိုတဲ့အသံတွေကြားရမှာကြောက်လို့ ကြိုပြောထားပါရစေ။ မိတ်ဆွေတို့ကသဘောကောင်းပါတယ်။ ရိုက်ကူးရေးက ၁၂လပိုင်းမှာရိုက်ခဲ့တာဆိုတော့ဗျာ !
ကျေးဇူးတင်ပါတယ်ဗျ !!
ပြီးတော့
ဝင်ပေါက်ကိုဖွင့်ဝင်တာနဲ့ ဟော့ဒီဓာတ်ပုံအပြင်
“လူအများကြီးလာနိုင်တယ်”ဆိုတာယုံကြည်အောင်ဓာတ်ပုံနှင့်တကွဖော်ပြပေးလိုက်ပါတယ်။
※ပါရမီဆိုင်ကိုရောက်ဖူးတဲ့သူတွေသတိတရဖြစ်စေဖို့အသုံးပြုနိုင်မှာပါ။
ဒါပေမယ့်ဆိုင်အသစ်ကလည်းပတ်ဝန်းကျင်အပြင်အဆင်လှတယ်လို့ကြားသိထားရလို့စိတ်မပူပါနဲ့ဗျ ! !
ဆိုင်နေရာပြောင်းသွားပေမယ့်အရသာတော့ပြောင်းမသွားဘူးဆိုတော့ရိုက်ကူးရေးဆက်လုပ်ပါမယ်။
ဟုတ်တယ်။ ဆိုင်နေရာထက်အရသာကအဓိက
မဆိုင်းမတွ !
Hakata Hanamidori ရဲ့အဓိကအစားအစာ “mizutakinabe” ကိုစားကြည့်ရအောင်လား !
အရသာရှိလိုက်တာလို့ … ပြောချင်ပေမယ့်လည်းဒီတစ်ခေါက်က !
ဟော့ပေါ့မဟုတ်ဘူးဗျ !
စိတ်မကောင်းဘူး ဒီလောက်ဂျပန်ဟော့ပေါ့အကြောင်းပြောပြီး မဟုတ်ဘူးဆိုတော့! ပြောစရာမရှိအောင်ပဲ!!နားမလည်တော့ဘူး!လို့စိတ်ထဲမှာပြောချင်လာပေမယ့်သဘောကောင်းတဲ့ မိတ်ဆွေကပဲခွင့်လွှတ်ပေးလိုက်ပါ။ ကျေးဇူးတင်ပါတယ်။
ဟုတ်တယ်!ဟော့ပေါ့ကအရသာရှိတယ်ဆိုတာကျွန်တော်မိတ်ဆက်ပေးစရာမလိုဘူး!လို့ထင်ပါတယ်။ ဓာတ်ပုံကြည့်ယုံနဲ့တင်အရသာရှိမယ်ဆိုတာသိနိုင်ပါတယ်ဗျာ!
ဒါကြောင့် ဒီတစ်ကြိမ်မှာ
Hakata Hanamidori မှာရှိတဲ့အခြားမီနူးတွေကလည်းအရသာရှိမလား?
ဆိုတာကိုအာရုံစိုက်ခံစားကြည့်ချင်မိတယ်ဗျ!
ဘောလုံးပွဲမှာဆို FW, MFတို့မဟုတ်ပဲနဲ့ DFကိုအာရုံစိုက်နေမိတယ်လို့ပြောရမယ်ထင်တယ်။
ဘာကြောင့်ဘောလုံးပွဲနဲ့ဥပမာပေးမိလည်းကိုယ်တိုင်တောင်နားမလည်တော့ဘူး။
ကဲ အကောင်းဆုံး DF ကိုကြည့်ရအောင်လား!!
ပထမတစ်ခုက
Saba yaki ! ! (၈၀၀၀ ကျပ်)
လို့ပြောရင်းတလုပ် ! !
? ? ? ? ?
မျက်စိမဖွင့်နိုင်လောက်အောင်ပြုံးရင်း အရသာရှိလိုက်တာ ! !
ဆီမနဲ့မများလေးဆိုတော့အရက်နဲ့ပဲဖြစ်ဖြစ်ထမင်းနဲ့ပဲဖြစ်ဖြစ်ဟော့ပေါ့တထောက်နားပဲဖြစ်ဖြစ် အားလုံးနဲ့လိုက်ဖက်လွန်းတယ်လေ။
ဘယ်အဖွဲ့ကပဲဖြစ်ဖြစ်လိုချင်တဲ့အလယ်တန်းနောက်ခံကစားသမားလို့ပြောရမယ်ထင်တယ်!!(အဲ့ဒါကြောင့်ဘောလုံးပွဲကိုနမူနာဆက်ပေးမိတယ်ဗျ။)
Nice Clear ! !
ပြီးတော့ နောက်တစ်ခု
Karaage ! ကြက်သားလုံးကြော် (၅၈၀၀ ကျပ်)
ဒါလည်းတလုပ်
မျက်စိပြူးထွက်လောက်အောင်အရသာရှိချက် ! !
Mizutakinabe မှာအသုံးပြုတဲ့မြန်မာနိုင်ငံထွက်ကြက်သားရဲ့အရသာနဲ့ ကြွပ်ရွနေတဲ့မုန့်နှစ် !!
တကယ်ကိုလူငယ်စွမ်းအားအပြည့်နဲ့ အလယ်တန်းနောက်ခံလို့ပြောရမှာပဲဗျာ
Nice stack‼
ဒါဆိုနောက်ဆုံးတစ်ပွဲ
Butaniku cha-chu- ! (၆၈၀၀ ကျပ်)
နောက်ထပ်တစ်လုပ်\
ဒါလည်းမျက်စိမပွင့်နိုင်လောက်အောင် အရသာမိုက်တယ် !!
ဒါကလာတိုက်ခိုက်လာတဲ့သူကိုသဘာဝအလျောက်အားပျော့သွားအောင်လုပ်နိုင်တဲ့အရာပါလား !!
ဟုတ်ပါတယ် cha-chu- ကတိုက်ခိုက်ရေးကစားသမားလို့ပြောရမယ်။ ဒီဟင်း၃ပွဲလုံးကိုပေါင်းစပ်လိုက်ရင် FW ဖြစ်လာမယ်။
Hakata Hanamidoriမှာ ဟော့ပေါ့အပြင်အခြားသောစွဲဆောင်မှုရှိတဲ့ဟင်းပွဲတွေရှိတယ်ဗျ!! ဒီမိတ်ဆက်စာကိုဖတ်ပြီးအရောက်သွားစားကြည့်ဖို့က မိတ်ဆွေတို့ရဲ့တာဝန်နော်။
တကယ်ပါအားလုံးအရသာအပြည့်
ဒါဆိုဂျပန်လူမျိုးကတော့သဘောကျပြီဆိုတော့မြန်မာလူမျိုးတွေအနေနဲ့ကရော ?
Nice Goal !!
ကျေးဇူးပြုပြီးဆိုင်အသစ်ဖွင့်ရင်လည်းသွားရောက်အားပေးကြပါအုံးနော် !
ဂျပန်ဟော့ပေါ့ကလည်း တကယ်ပဲအရသာရှိတယ်နော် — !!