မိန်းကလေးတိုင်း မျက်နှာလှလှလေးဖြစ်ဖို့ skin care ကြသလို လက်လှလှလေးဖြစ်ဖို့ကလည်း မိန်းကလေးတစ်ယောက်အတွက် အရေးကြီးပါတယ်နော်။
အခု ငှက်ပျောသီးနဲ့ လက်လှလှလေးဖြစ်အောင်လုပ်တဲ့နည်းက မီးဖိုချောင်ထဲမှာရှိတဲ့ ပစ္စည်းနဲ့တင်လုပ်လို့ရတော့ အဆင်ပြေတယ်။
လက်အသားအရည်လှလှလေးလုပ်ဖို့ ဘာတွေလိုအပ်မလဲ?
အများကြီးမလိုပါဘူး..
ငှက်ပျောသီး တစ်လုံး
ပျားရည်နဲ့
သံပုရာသီးတစ်လုံးသာလိုပါတယ်။
ဘယ်လိုလုပ်ကြမလဲ။
ငှက်ပျောသီးကို အခွံနွှာပြီး အခွံကိုယူပါ။
ငှက်ပျောခွံပေါ်ကို သံပုရာသီးညှစ်ချပါ။
ပြီးလျှင် ပျားရည်ထပ်ဆမ်းပေးပါ။
ပျားရည်၊ သံပုရာရည်တို့လိမ်းထားတဲ့ ငှက်ပျောခွံကို ယူပြီး လက်ဖမိုးပေါ်မှာ သုတ်လိမ်းပေးပါ။မိနစ် ၃၀ လောက်ထားပြီး ရေအေးအေးလေးနဲ့ ဆေးကြောပေးပါ။
Before and after မှာ လက်ဖမိုးအသားအရည်လေးက နူးနူးညံ့ညံ့လေးနဲ့ ဝင်းပသွားတာကို တွေ့ရမှာပါ။
ဒီနည်းလေးက အရမ်းလွယ်တဲ့နည်းလေးဖြစ်လို့ ပျိုမေတိုင်း အိမ်မှာတင် လက်လှလှလေး ဖန်တီးလို့ရပြီနော်။