ဖားကို တော်တော်များများက စားဖို့ကြောက်ကြသလို စားဖူးကြတဲ့တော်တော်များများကလည်း အရမ်းကြိုက်ကြပါတယ်။ ဖားသားကို စားရတာ ကြက်သားကို စားရသလိုပဲဆိုတဲ့ ဖားသားကြိုက်တဲ့ သူလေးတွေကလည်း ပြောကြပါတယ်။ ဖားသားရဲ့ skin လေးက ချောမွတ်နေပြီးတော့ နူးညံ့တာကြောင့် တော်တော်များများက ကြိုက်ကြပါတယ်။ ဖားသားကို စားလို့ကောင်းလို့စားနေကြပေမဲ့ ဖားသားရဲ့ ခန္ဓာကိုယ်အတွက် ဘယ်လို အကျိုးကျေးဇူးတွေရှိလဲဆိုတာသိရင် စားရတာ ပိုပြီးတော့ အနှစ်သာရရှိမယ်ထင်ပါတယ်။
ဖားရဲ့ အကျိုးကျေးဇူးတွေက ဘာတွေလဲ?
– Energy ဓါတ်တွေလည်းပါတယ်။
– Protein ဓါတ်
– အဆီဓါတ်
– Carbohydrate
– Calcium
– Phosphor
– Zinc
-Vitamin A, B1, C ဓါတ်တွေလည်း ပါဝင်ပါတယ်။
ဖားမှာဒီလို အားသာချက်တွေရှိမှန်းသိရင် ဖားသားကို ပိုပြီးတော့ ကြိုက်ကြမှာသေချာပါတယ်။
၁- The source of Animal Proteins
ဖားမှာ တိရိစ္ဆာန်များတွင်တွေ့ရတတ်တဲ့ Protein ဓါတ် ကြွယ်ဝစွာပါဝင်တာကြောင့် ကျန်းမာရေးကို များစွာ အထောက်အကူပြုပါတယ်။ တစ်ချို့လူတွေဆိုရင် ဖားကို စားသုံးခြင်းက ရောဂါတွေကို ပျောက်ကင်းစေနိုင်တယ်လို့ ယုံကြည်ကြပါတယ်။
၂ – အမျိုးသားတို့ရဲ့ ပန်းသေရောဂါကို ကုသပေးပါတယ်
ဖားကနေ ဖားဖျော်ရည်လုပ်လို့ရတာ သိကြလား။ မြန်မာနိုင်ငံမှာ မရှိပေမဲ့ ပီရူးနိုင်ငံမှာတော့ ဖားဖျော်ရည်ရောင်းကြတဲ့သူတွေလည်းရှိသလို သောက်ကြတဲ့သူတွေလည်းရှိပါတယ်။ အဲ့ဖျော်ရည်ကို viagra လို့ခေါ်ပါတယ်။ ယောက်ျားလေးတွေ ပန်းသေရောဂါဖြစ်နေရင် ဖားဖျော်ရည်က သင့်တော်ပါတယ်။
၃ – ရောဂါဒဏ်ရာများကို မြန်မြန်သက်သာစေပါတယ်။
ဖားမှာပါဝင်တဲ့ protein ဓါတ်က အနာများကို မြန်မြန်ကျက်စေပြီး ရောဂါများကိုလည်း သက်သာစေပါတယ်။
ဖားမှာပါဝင်တဲ့ ဓါတ်တွေက ကျန်းမာရေးကိုလည်း အထောက်အကူဖြစ်တာကြောင့် ဖားသားကြိုက်တဲ့သူတွေလည်း စားလို့သင့်သလို ဖားသားမကြိုက်တဲ့သူတွေလည်း မြည်းစမ်းကြည့်သင့်ပါတယ်နော်။ ကျန်းမာလှပကြပါစေ။