ပုဇွန်ပိစိလေးတွေကို ချဉ်ချဉ်စပ်စပ်ထိုင်းစတိုင်လေးသုပ်စားကြမယ်လေ။
ပြုလုပ်နည်း
ပုဇွန်ဆိတ်လေးတွေကို ဟင်းခတ်မှုန့်၊ဆားနဲ့နယ်ထားပါ။ ဒယ်အိုးထဲမှာ ရဲနေတဲ့အထိ လှော်ပေးပါ။ ကြက်သွန်နီ၊ ပူစီနံ၊ နံနံပင် တို့ကို လှီးထားပါ။ လှော်ထားတဲ့ ပုဇွန်လေးတွေကို ကြက်သွန်နီ၊ပူစီနံ၊ နံနံပင်တို့နဲ့ ရောပြီး ဆီလေးထည့်ကာ ဟင်းခတ်မှုန့်နဲ့ဆားထပ်ဖြူးပြီးနယ်လိုက်ပါ။ နောက်ဆုံးမှာ သံပုရာသီးလေးညှစ်ပြီး သေချာသုပ်လိုက်ပါ။နောက်ဆုံးမှာ အနံ့အရသာနဲ့ပြည့်စုံတဲ့ ပုဇွန်ဆိတ်သုပ်လေး ရပါပြီ။