ကျန်းမာ & အလှအပ

အိမ်မှာနေရင်း ဘယ်လို Glow ကြမလဲ

အခုလို Stay at Home ဖြစ်နေလည်း Glow နေဖို့လိုအပ်ပါတယ်။ အိမ်တွင်းပုန်းနေရလို့လည်း စိတ်မညစ်ပါနဲ့။ ဒီလိုအခွင့်အရေးမျိုးမျိုးကို ကောင်းကောင်းအသုံးချပြီး အသားအရည်ကောင်းကောင်းလေးကို ပြန်မွေးလို့ရပါတယ်။ 

ဆံသားကို ပျော့ပျောင်းအောင် ဂရုစိုက်ပါ
ဆံသားတွေခြောက်ပြီး ဦးရေပြားလည်း ခြောက်သွေ့နေသူများအတွက် ပြန်လည်ကောင်းမွန်လာစေမယ့် အကောင်းဆုံးနည်းလမ်းက သဘာဝနည်းလမ်းတွေနဲ့ Hair Mask ပြုလုပ်ပေးခြင်းပါပဲ။ Coconut Oil ကလည်း ဆံပင်အတွက် အကောင်းမွန်ဆုံး Moisture ပေးနိုင်တဲ့အရာတစ်ခုလည်းဖြစ်ပါတယ်။ သူကလည်း ဆံပင်တွေကို ပိုပြီးရှည်လာပါတယ်။

တစ်နေ့ကို ၇ နာရီနဲ့ အထက် အိပ်ပါ
အသားအရည်ကောင်းကောင်းရဖို့ဆိုရင် အိပ်ရေးဝဝအိပ်ဖို့ကလည်း အရေးကြီးပါတယ်။တကယ်လို့များ ညဘက်ကို ကောင်းကောင်းအိပ်မပျော်ဘူးဆိုရင် အသားအရည်နဲ့ မျက်လုံးတစ်ဝိုက်က အသားအရည်မှာ အရမ်းသိသာလာပါတယ်။ အိပ်စက်နေတဲ့အချိန်မှာ အသားအရည်က collagen အသစ်တွေကို ထုတ်လွှတ်ပေးပါတယ်။ တကယ်လို့များ အိပ်ချိန်မှာ မအိပ်ဘူးဆိုရင် ဘာတွေဖြစ်လာနိုင်မလဲဆိုတာ တွေးကြည့်ရုံနဲ့တောင် သိနိုင်နေပါပြီ။

တစ်နေ့ကို ရေ ၂ လီတာ သောက်ပါ
ပုံမှန်အပြင်မှာရောက်နေတဲ့အချိန်ထက် အိမ်မှာရှိနေစဉ်အတွင်းမှာ ရေကိုပိုပြီးသောက်သင့်ပါတယ်။ ရေများများသောက်ရင် အသားအရည်ကိုပြီးတော့ ရေဓါတ်ပြည့်ဝလာစေနိုင်ပါတယ်။ ရေဓါတ်ပြည့်ဝလာရင် အသားအရည်ကို စိုစိုပြေပြေလေးနဲ့ ဝင်းမွတ်လာစေမှာပါ။ အဲ့ဒါကြောင့် ရေကိုများများသောက်သင့်ပါတယ်။

နေ့စဉ်နေ့တိုင်း skincare step by step သုံးပြီးမှ အိပ်ပါ
အသားအရည်ကို ထိန်းသိမ်းဖို့အတွက် ညအိပ်ချိန်က အကောင်းဆုံးပါပဲ။ ကိုယ့်အသားအရည်အပေါ်မူတည်ပြီး သုံးသင့်တဲ့ skincare အမျိုးအစားများကို တစ်ဆင့်ပြီးတစ်ဆင့်သုံးပြီးမှ အိပ်ပေးပါ။

Stay at Home မှာလည်း ကျန်းမာပြီး လှပတဲ့ ပျိုမေလေးများဖြစ်ကြပါစေ။