အခုလို ကိုဗစ်ကာလမှာ မိန်းကလေး၊ ယောက်ျားလေး တော်တော်များများ ဆံပင်ပိုကျွတ်လာကြပါတယ်။ ဆံပင်ကျွတ်တယ်ဆိုတာက ဟိုအရင်ကလည်း ကျွတ်တယ်ဆိုပေမဲ့ အခုနောက်ပိုင်း ပိုပြီးကျွတ်လာကြပါတယ်။ဒါဟာဘာ့ကြောင့်လဲ? ကိုဗစ်ကြောင့်လား? ဦးရေပြားကြောင့်လား?….
အရေပြားဗေဒနှင့် အလှကုန်ခွဲစိတ်မှုဆိုင်ရာ အရေပြားအထူးကုဆရာဝန်ကြီးကတော့ Stay at Home ကာလ ၆ ပတ် ကြာပြီးနောက် ဆံပင်တွေပိုပြီး ကျွတ်လာကြတာကို လေ့လာတွေ့ရှိခဲ့ပါတယ်။ ဆံပင်ပိုပြီးကျွတ်တဲ့ လူဦးရေဟာ ၂၅% အထိ တိုးလာကြောင်းလည်း လေ့လာတွေ့ရှိခဲ့ပါတယ်။
ကိုဗစ်က ဆံပင်ကျွတ်စေတဲ့ အကြောင်း မရှိပါဘူး။ covid 19 ဖြစ်ပွားမှုနဲ့ အတူတူ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေကြောင့် ဆံပင်တွေက ပိုပြီးကျွတ်လာကြပါတယ်။
စိတ်ဖိစီးမှု၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု၊အကြီးစား ခွဲစိတ်မှုတွေဖြစ်ပြီး မကြာမီ ဆံပင်တွေပိုကျွတ်လာတတ်ပါတယ်။
စိတ်က တစ်ခုခုကို ထိတ်လန့်ကြတဲ့အခါမှာ ခန္ဓာကိုယ်က လိုအပ်တဲ့အရာတွေကိုသာ ပြုလုပ်စေပြီး ဆံပင်ကြီးထွားလာမှုက ခန္ဓာကိုယ်ရဲ့ တခြားအစိတ်အပိုင်းတွေလောက် အရေးမကြီးတာကြောင့် ဆံပင်ကျွတ်ခြင်းတွေကို ဖြစ်ပေါ်စေတာပါ။
လူတိုင်းက တစ်နေ့ကို ဆံပင်ပေါင်း ၁၀၀ ကျွတ်နိုင်ပါတယ်။ စိတ်ဖိစီးမှုတွေဖြစ်လာပြီဆိုရင် တစ်နေ့ကို ဆံပင်ပေါင်း ၃၀၀ ခန့် ကျွတ်နိုင်ပြီး ၆ လအထိ ကြာကြာကျွတ်နိုင်ပါတယ်။ ဆံပင်ကျွတ်ခြင်းကလည်း တကယ်ကို စိတ်ထိခိုက်စေတဲ့အရာပါပဲ။
လူတိုင်းက တစ်နေ့ကို ဆံပင်ပေါင်း ၁၀၀ ကျွတ်နိုင်ပါတယ်။ စိတ်ဖိစီးမှုတွေဖြစ်လာပြီဆိုရင် တစ်နေ့ကို ဆံပင်ပေါင်း ၃၀၀ ခန့် ကျွတ်နိုင်ပြီး ၆ လအထိ ကြာကြာကျွတ်နိုင်ပါတယ်။ ဆံပင်ကျွတ်ခြင်းကလည်း တကယ်ကို စိတ်ထိခိုက်စေတဲ့အရာပါပဲ။
အဲ့ဒီအစား ကျန်းမာရေးနဲ့ ညီညွတ်တဲ့ lifestyle တစ်ခုကို ပြုလုပ်ရမှာ ဖြစ်ပါတယ်။ စိတ်ဖိစီးမှုကို ထိန်းချုပ်နိုင်တဲ့ နည်းလမ်းများကို ရှာဖွေပြီး အစားအစာကို အာဟာရရှိရှိစားပေးသင့်ပါတယ်။
စိတ်ဖိစီးမှုကြောင့် ဆံပင်ကျွတ်တယ်ဆိုတာက အချိန်တစ်ခုရောက်ရင်ပြန်ပေါက်နိုင်ပါတယ်။ ထိပ်ကွက်သွားတာမျိုးအထိတော့ မဖြစ်နိုင်တာ သေချာပါတယ်။
စိတ်ဖိစီးမှုကို လျော့ချပြီး ကျန်းမာနဲ့ ညီညွတ်တဲ့ အစားအစာများကို စားသုံးပြီး ကိုဗစ်ကာလအတွင်းမှာလည်း ဂရုစိုက်ကြပါနော်။