သဘော်သီးဟာ…လူ့ကျန်းမာရေးအတွက်အကျိုးပြုပေးနိုင်သလို…သဘော်သီးမှာပါတဲ့အင်ဇိုင်းက လူ့ကျန်းမာရေးအတွက် ဆိုးကျိူးတွေကိုလည်းဖြစ်စေနိုင်ပါသေးတယ်။အထူးသဖြင့် သဘော်သီးရဲ့အစေ့/အရွက်နှင့်သဘော်သီးစိမ်းမှာပါဝင်တဲ့ဓာတ်တစ်မျိုးဖြစ်တဲ့ papain enzymeတို့က လူ့ခန္ဓာကိုယ်မှာဆိုးကျိုးတွေသက်ရောက်စေနိုင်တာမျိုးရှိပါတယ်။ဒါ့ကြောင့် သဘော်သီးမှ ရရှိနိုင်တဲ့ကောင်းကျိူးနဲ့ဆိုးကျိုးတွေကိုဖော်ပြပေးလိုက်ပါတယ်။
သဘော်သီးစေ့နှင့်ရာသီစက်ဝန်း
သုတေသနစာတမ်းတစ်စောင်ကဖော်ပြချက်တခုမှာဆိုရင်…
သဘော်သီးစေ့နှင့်သဘော်သီးစိမ်းမှရရှိတဲ့ အင်ဇိုင်းတွေက ပုံမှန်ရာသီစက်ဝန်းပေါ်မှာသက်ရောက်မှု့ ရှိစေနိင်တယ်လို့သုံးသပ်ထားတာတွေ့ရှိရပါတယ်။
သဘော်သီးစိမ်းမှာပါဝင်တဲ့ အင်ဇိုင်းဓာတ်က အမျိုးသမီးတွေကိုယ်ဝန်ဆောင်နိုင်စေဖို့နဲ့ သန္ဓေရစေဖို့အတွက် သားအိမ်ကိုပြင်ဆင်ရာမှာလိုအပ်တဲ့ဟော်မုန်းတမျိုးဖြစ်တဲ့progesterone ဟော်မုန်းတွေကိုပျက်စီးစေနိုင်ပြီး papain အင်ဇိုင်းကသန္ဓေသားကြီးထွားဖွံဖြိုးဖို့အတွက် အရေးပါတဲ့ အလွှာပါးကို ပျက်စီးစေနိင်ပါတယ်။
သို့သော်သဘော်သီးအမှည့်မှာတော့အင်ဇိုင်းပါဝင်မှု့လျော့နည်းသွားတာကြောင့် အမျိုးသမီးတွေရဲ့ရာသီစက်ဝန်းပေါ်မှာဆိုးကျိုးသက်ရောက်မှု့မရှိနိုင်တော့ပါဘူး။
ကိုယ်ဝန်ဆောင် နှင့် သဘော်သီး၏ကောင်းကျိုး၊ဆိုးကျိုးများ
သဘော်သီးမှာပါဝင်တဲ့papain အင်ဇိုင်းကိုအာရှတိုက်ရဲ့နိုင်ငံတွေမှာ သန္ဓေသားပျက်ကျစေဖို့အတွက်အသုံးပြုလေ့ရှိကြပါတယ်။သဘော်သီးမှာပါဝင်တဲ့ အင်ဇိုင်းဟာ သန္ဓေသားကိုထိခိုက်စေနိုင်တာကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ သဘော်သီးစိမ်းကိုသုတ်စားတာ၊သန်ကောင် တုတ်ကောင်ကင်းအောင် သဘော်သီးစေ့ကိုစားသုံးတာမျိုးနဲ့papain အင်ဇိုင်းပါဝင်တဲ့ဆေးဝါးတွေကို ရှောင်ကြဉ်နိုင်တာအကောင်းဆုံးဖြစ်ပါတယ်။
သို့သော်…သဘော်သီးမှည့်မှာတော့papain အင်ဇိုင်းပါဝင်မှု့နည်းပါးပြီးဗီတာမင်နဲ့အခြားကျန်းမားရေးအတွက်အကျိုးပြုနိုင်တဲ့ဓာတ်တွေကြွယ်ဝတာကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့စားသုံးဖို့သင့်တော်ပါတယ်။
နို့တိုက်မိခင်အတွက်သဘော်သီး
နို့တိုက်မိခင်တွေအနေနဲ့ကတော့သဘော်သီးစိမ်း/မှည့်ကိုနို့တိုက်နေစဉ်အတွင်းစားသုံးပေးသင့်ကြောင့်အကြံပြုချက်တွေရှိပါတယ်။အာရှနိုင်ငံတစ်ဝှမ်းမှာဆိုရင်သဘော်သီးစိမ်းကိုသုတ်စားတာ..ဟင်းချိုချက်သောက်တာတွေဟာ..နို့ထွက်အားကောင်းစေတယ်လို့ဆိုပါတယ်။သို့သော်သဘော်သီးမှာပါဝင်တဲ့အင်ဇိုင်းဓာတ်က ကလေးငယ်အတွက်ထိခိုက်မှု့ရှိစေတတ်လို့ဆရာဝန်နဲ့တော့အရင်တိုင်ပင်ကြည့်သင့်ပါတယ်။သို့သော်…အာရှတလွှားနိင်ငံတွေမှာနို့တိုက်မိခင်မဟုတ်ပေမယ့်..အမျိုးသမီးတွေမှာသဘော်သီးစိမ်းကိုပုံမှန်စားသုံးပေးမယ်ဆိုရင်အင်ဇိုင်းဓာတ်ကရင်သားအရွယ်အစားကိုဖွံထွားစေတယ်လို့လက်ခံထားကြပါတယ်။
အမျိုးသားနှင့်သဘော်သီးစေ့၏အကျိုးပြုပုံ
သဘော်သီးစေ့ဟာအမျိုးသားတွေရဲ့မျိုးအောင်နိုင်စွမ်းကိုလည်းထိခိုက်စေနိုင်ပါတယ်။အာရှဒေသတော်တော်များများမှာအမျိုးသားတွေအတွက် သန္ဓေတားဆေးအနေနဲ့လည်းအသုံးပြုကြပါတယ်။သားသမီးယူဖို့ဆုံးဖြတ်ထားတဲ့အိမ်ထောင်သည်အမျိုးသားတွေအနေနဲ့ကတော့သဘော်သီးစေ့ကိုစားသုံးဖို့ရှောင်ကြဉ်သင့်ပါတယ်။
ကလေးများနှင့်သဘော်သီးကိုစားသင့်မစားသင့်အခြေနေ
မိခင်တွေအနေနဲ့ကလေးငယ်တွေကိုမွေးစကနေ(၁)နှစ်အရွယ်အထိသဘော်သီးကိုမကျွေးသင့်ပါဘူး။ကလေးငယ်တွေမှာလိုအပိတဲ့အမျှင်ဓာတ်ကြွယ်ဝနေတဲ့အချိန်ဖြစ်တာကြောင့်အမျှင်ဓာတ်လွန်ကဲမှု့ကြောင့်ဆိုးကျိုးတွေဖြစ်စေနိုင်တဲ့အတွက် မကျွေးသင့်တာဖြစ်ပါတယ်။သို့သော်…သဘော်သီးမှည့်ဟာ..ဝမ်းပျော့စေနိုင်ပြီးခန္ဓာကိုယ်အတွင်းရေဓာတ်လုံလောက်မှု့မရှိပါကလည်း ဝမ်းချုပ်စေတတ်တာမို့ ဆရာဝန်နဲ့အရင်တိုင်ပင်ပြီးမှကျွေးသင့်ပါကြောင့်အကြံပေးလိုပါတယ်။
Papainအင်ဇိုင်းနှင့်သွေးကြဲဆေး
Papainအင်ဇိုင်းဟာ သွေးကြဲဆေးရဲ့အာနိသင်ကိုတိုးစေနိုင်ပါတယ်။ထို့ကြောင့်သွေးကြဲဆေးသောက်သူံးသူတွေအနေနဲ့papainဖြည့်စွက်ဆေးဝါးများ၊သဘော်သီးစိမ်းနှင့်အစေ့များကိုစားသုံးခြင်းမှရှောင်ကြဉ်သင့်ပါတယ်။အဓိကအားဖြင့်ခွဲစိတ်ကုသမှု့ခံယူမည့်သူများ၊သွေးခဲပိတ်ဆို့ခြင်းသွေးမတိတ်ခြင်းအစရှိတဲ့ရောဂါလက္ခဏာရှိသူများအထူးဂရုပြုရှောင်ကြဉ်သင့်ပါတယ်။ထို့အပြင်သွေးတွင်းသကြားဓာတ်ကိုကျဆင်းစေနိင်ခြင်းကြောင့်ဆီးချိုသွေးချိုရောဂါဝေဒနာရှင်များအနေဖြင့်သွေးတွင်းသကြားဓာတ်ကိုတိုင်းတာပြီးမှချင့်ချိန်စားသုံးပါတယ်။သွေးတွင့်အချိုဓာတ်အားနည်းတဲ့သူတွေအနေနဲ့လည်းစားသူံးဖို့မသင့်လျော်ပါဘူး။
နှလုံးရောဂါနှင့်သဘော်သီး
နှလုံးနဲ့ပတ်သက်တဲ့ဝေဒနာခံစားနေရသူများအနေနဲ့သဘော်သီးမှာပါဝင်တဲ့အင်ဇိုင်းဓာတ်ဟာ..နှလုံးခုန်နှုန်းကိအြားနည်းစေပြီးနှလုံးသွေးကြောဆိုင်ရာရောဂါတွေကိုခံစားရစေနိုင်ပါတယ်။
သဘော်သီးနှင့်ဆီးလမ်းကြောင်းဆိုင်ရာရောဂါ
သဘော်သီးမှာဗီတာမင်စီကြွယ်ဝစွာပါဝင်တာကြောင့်ကိုယ်ခံအားစနစ်ကိုတိုးမြှင့်ပေးပြီးကင်ဆာရောဂါဖြစ်ပွားမှု့ကိုလည်းကာကွယ်ပေးနိုင်ပါတယ်။အရွယ်မတိုင်ခင်အိုမင်းရင့်ရော်မှု့ကိုတားဆီးပေးပါတယ်။သို့သော် ခန္ဓာကိုယ်အတွင်းဗီတာမင်စီဓာတ်အရမ်းများလာတဲ့အခါမှာတော့ဆီးကျောက်တည်ခြင်းကဲ့သို့သောဆီးလမ်းကြောင်းဆိုင်ရာရောဂါလက္ခာဏာများဖြစ်ပွားစေနိုင်ပါတယ်။
အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါများ
သဘော်သီးမှာပါတဲ့papain အင်ဇိုင်းဓာတ်ဟာအသက်ရှုကြပ်ခြင်း၊သလိပ်ကပ်၍အသက်ရှုရခက်ခဲ ခြင်း၊နှာခေါင်းပိတ်ခြင်း၊ပန်းနာရင်ကြပ်ဖြစ်ခြင်းစသည့်အသက်ရှု့လမ်းကြောင်းဆိုင်ရာရောဂါများကိုလည်းခံစားရစေနိုင်ပါတယ်။
အဆိပ်အတောက်ဖြစ်စေနိင်သောသဘော်သီးနှင့်သဘော်ရွက်၏ဆေးဖက်ဝင်ပုံ
သဘော်သီးဟာကျန်းမာရေးအတွက်အကျိုးပြုပြီးအသည်းနှင့်ကျောက်ကပ်အတွက်ကောင်းမွန်သော်လည်းအကန့်အသတ်ဖြင့်သာ စားသုံးသင့်ပါတယ်။သဘော်စေ့မှာပါတဲ့ benzyl isothiocyanate ဒြပ်ပေါင်းတမျိုးကများများစားရင်အဆိပ်တောက်ဖြစ်စေနိုင်ပါတယ်။